Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 20, 2017

Bitcoin အကြောင်း


သြဂုတ်လ ၂၀၁၇ မြန်မာ့ဂဇက်မှာ ပုံနှိပ်ဖေါ်ပြပြီးတဲ့.. တိမ်မည်းရေးတဲ့ Bitcoin အကြောင်းဆောင်းပါးပါ..။
ဒီနေ့ပေါက်ဈေးက.. 1 Bitcoin equals 5142.02 US Dollar တဲ့..။
မနှစ်က ဒီအချိန်မှာ ပေါက်ဈေး.. $635.02 မို့.. ၀ယ်ထားသူတွေ ဘယ်လောက်မြတ်သလဲ..သိကြစေချင်..။ သိပ်မကြာတော့တဲ့နှစ်တွေမှာ.. ကမ္ဘာသုံးပိုက်ဆံဖြစ်လာနိုင်ချေလည်း ရှိသမို့.. နောက် ၁၀ဆမကတော့ တက်မယ်လို့စ်..။
အဲ..
နောက်တနည်းပြောရရင်.. အမေရိကားက သူ့ဒေါ်လာကို ကျားကန်ဖို့.. ဘစ်ကွိုင်ကို ကွိုင်ရှာ ရှင်းလိုက်ဖို့လည်း ဖြစ်နိုင်ချေရှိကြောင်း..။ :v

https://www.coindesk.com/price/

===================

အင်တာနက်ပေါ်ကပိုက်ဆံ - Bitcoin
Bitcoin ဆိုတာဘာကြီးလဲ။
အရိုးရှင်းဆုံးဖြေရရင်တော့ အင်တာနက်ကပိုက်ဆံပါ။ ဟုတ်ပါတယ်။ သူက မည့်သည့်နိုင်ငံနဲ့ မှ မသက်ဆိုင်ပဲ ထိန်းချုပ်မူလွတ်နေတဲ့ အင်တာနက်ပိုက်ဆံပါ။ သူနဲ့ သာဝင်ရင် ဘာအခွန်မှ မဆောင်ရဖို့ သေချာပါတယ်။
ကနဦးအစ
Bitcoin ကို လွန်ခဲ့သော ရှစ်နှစ်ခန့် က စတင်ပီး မိတ်ဆက်ခဲ့ပါတယ်။ စခဲ့တဲ့သူက အဖွဲ့ လား လူ တဦးတယောက်လား ဆိုတာ အတိအကျ မသိရပေမဲ့ နာမည်ကတော့ စတိုရှီ နာကာမိုတို ဆိုသူပါ။ သူက Bitcoin အတွက် software ကိုရေးထားခဲ့ပီး ၂၀၀၉ မှာ သူ့ ကုတ်ကို လူထုကို ဖွင့်ချခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် စစ်တမ်းအချို့ အရ ကုန်သည်နဲ့ ဝယ်ရောင်းအဖွဲ့  ၁သိန်းကျော်ဟာ သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။ ၂၀၁၇ မှာ ဆိုရင် သုံးစွဲသူ ဦးရေဟာ ၃ သန်း ကနေ ၆ သန်း ကြား အထိ ရှိလာတာ တွေ့ ရတယ်လို့  ကမ်းဘရခ်ျတက္ကသိုလ်ရဲ့ သုတေသန အဆိုအရ သိရပါတယ်။
ထုတ်လုပ်မှူ
ဒါဆို ဘယ်သူတွေက ဒီ Bitcoin တွေကို ဘယ်သူတွေ ထုတ်နေလဲ။ ထုတ်နေတဲ့သူတွေက တကယ်တော့ ဘယ်သူမှ မဟုတ်ပါဖူး။ သူက ငွေသားပိုက်ဆံတွေလို့  မဟုတ်တော့ တဦးတယောက်နေ နိုင်ငံတခုကနေ ထုတ်နေတာမဟုတ်ပါဖူး။ Mining process မြန်မာလို့  ကျောက်တူးတယ်ပေါ့။ အဲ့ဒီလိုကနေထုတ်ပါတယ်။ ဒါဆို ကွန်ပျူတာမှာ ကျောက်ဘယ်လိုတူးလဲဆိုတော့ သချာင်္ပြသာနာတွေ ဖြေရှင်းရတာပါ။ အဲ့အတွက် Mining Software ရှိပါတယ်။ အဲ့ဒါတွေ သုံးပီး ဖြေရှင်းရတာပါ။ အဲ့ဒီတော့ တကမ္ဘာလုံးအနေနဲ့  Bitcoin အသစ်တွေဟာ ဆယ်မိနစ်တိုင်းမှာ 12.5 Bitcoins ထွက်ရှိနေပါတယ်။ ဒါပေမယ့် သူမှာ ကန့် သက်ချက်ရှိပါတယ်။ အဲ့ဒါကတော့ bitcoins စုစုပေါင်းဟာ ၂၁ သန်းထက်မကျော်ပါဖူး။ အခု မိုင်းတူးနှုန်းနဲ့  ၂၁၄၀ မှာ Bitcoin အားလုံး တူးမိဖွယ်ရှိပါတယ်။
ဒါဆို Bitcoin က ဘာကောင်းလဲ ကြည့်ရအောင်။
၁. ဗဟိုမရှိတာပါ။ Bitcoins ဆိုတာက တကယ်တော့ တဦးတယောက်က ချုပ်ကိုင်ထားတာမဟုတ်ပါဖူး။ ဘဏ်တခုတည်းကလည်း မဟုတ်တဲ့အတွက် ဒေဝါလီခံတာတွေ ကြောက်စရာမလိုပါဖူး။ ငွေကြေးအသေမဟုတ်တဲ့အတွက် နိုင်ငံ တခုအပေါ်လည်း မူမတည်ပါဖူး။ စာရင်းတွေက ကမ္ဘာအနှံ့ ပျံ့နေတဲ့အတွက်ကြောင့် တဖက်ဖက်က ရပ်သွားရင်တောင် တခြား တဖတ်မှာလည်ပတ်နေမှာပါ။
၂. စသုံးဖို့ လွယ်ကူပါတယ်။ ပုံမှန်ဆို သုံးစွဲသူက ဘဏ်တခုခုနဲ့  ချိတ်ဆက်ပီး ပေးချေမူ လုပ်မယ်ဆိုရင် အဆင့်ပေါင်းများစွာဖြတ်ကျော်ရပါတယ်။ ဒါပေမယ့် bitcoin ကတော့ အချိန် အနဲငယ်အတွင်း အဲ့အဆင့်တွေကို ပြီးဆုံးစေပါတယ်။
၃. လူမသိတာပါ။ ဟုတ်ပါတယ်။ Bitcoins က သုံးစွဲသူရဲ့ မည်သည့်အချက်အလက်ကိုမှ ဆက်စပ်သိမ်းဆည်းထားချင်းမရှိပါဖူး။ ဥပမာ ဘဏ်စာအုပ်တခုမှာဆိုရင် သုံးစွဲသူရဲ့ အချက်အလက်တွေပါပါမယ်။ ဒါပေမယ့် Bitcoins မှာတော့ အဲ့လို မရှိပါဖူး။
၎. မြင်သာတာပါ။ Bitcoins မှာ လိပ်စာရှိပါတယ်။ အဲ့လိပ်စာက သင်မှန်းမသိပေမယ့် လူတိုင်း မြင်ပီး တကမ္ဘာလုံးပြန့် နေတဲ့ စာရင်းစာအုပ် ( Blockchain ) မှာပါပါတယ်။ အဲ့ ထဲက Bitcoin address ကို ကြည့်မယ်ဆိုရင် အဲ့မှာ ဘယ်လောက်ရှိလဲဆိုတာ မြင်နေရမှာပါ။
၅. လွဲခပါ။ သင်ဟာ တနိုင်ငံကနေ တနိုင်ငံကို ပိုက်ဆံလွဲမယ်ဆိုရင် ဘဏ်မှာ လွဲခ သောင်းချီ ပေးကောင်းပေးရနိုင်ပါတယ်။ ဒါပေမယ့် Bitcoins မှာ မပေးရပါဖူး။
၆. မြန်ဆန်တာပါ။ သင် ဘယ်ကိုပဲ ပို့ ပို့  Bitcoins နဲ့ သက်ဆိုင်တဲ့ network အလုပ်လုပ်ပီး မိနစ် အနည်းငယ်အတွင်း ရောက်နိုင်ပါတယ်။
ဒါဆို Bitcoins ရဲ့ ကောင်းကြောင်းလေးတွေ သိလောက်ပါပီ။ သူကို ဘယ်လို သုံးကျလဲ ဆိုတော့ Wallet ဆိုတာရှိပါတယ်။ ကိုယ်ရဲ့ ကိုယ်ပိုင် ဘဏ်လေးပေါ့။ အဲ့ဘဏ်လေးက အွန်လိုင်း ဆာဗာ တခုခုမှာလည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့ ကိုယ်ပိုင် လက်တော့ ထဲမှာလည်း ဖြစ်နိုင်ပါတယ်။ အဲ့အထဲမှာ bitcoins လေးတွေ ရှိမှာပါ။ Wallet ကိုသုံးပီး bitcoins တွေ အပေးအယူ လုပ်လို့ ရပါတယ်။ တနေရာကို ပို့ တော့မယ်ဆိုရင် Private key လိုမှာပါ။ Private key က wallet တခုမှာ တခုထက်မက ရှိနိုင်ပါတယ်။ ကိုယ်ပိုင် password လိုပဲပေါ့။ အဲ့ဒါပါမှ သုံးလို့ ရမှာပါ။
အခုဆို Bitcoins ဟာ 1 BTC မှာ ဒေါ်လာ နှစ်ထောင့် ရှစ်ရာ နီးနီး ရှိနေပါပီ။ ဒါဆို ပစ္စည်းသေးတွေ ဘယ်လို ပေးချေမလဲဆိုတာ မေးခွန်းရှိလာပါတယ်။ အဖြေကတော့ Bitcoins က စိတ်လို့ ရပါတယ်။ ဥပမာ ကျပ်နဲ့ ပြားလို့ ပေါ့။ ၁ ကျပ်မှာ ပြား ၁၀၀ ရှိသလို Bitcoins မှာလည်း 1 bitcoin ကို သုည ရှစ်လုံး ( 0.00000000 ) အထိ စိတ်လို့ ရပါတယ်။ အဲ့လို နဲ့ သုံးကြပါတယ်။ Digital currency လေးက အသုံးဝင်သလောက် မပျောက်နိုင်ဖူးလို့ ထင်စရာရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ လူတယောက် Bitcoins ပေါင်း ခုနှစ်ထောင်ကျော်ခန့် ကို အသုံးပြုနိုင်တဲ့ private key လေးပါတဲ့ harddisk ကို မတော်တဆ ဖျက်မိသလို ဖြစ်သွားပါတယ်။ အဲ့အချိန်က တန်ဖိုးနဲ့  ဒေါ်လာ ၇ သန်းကျော်ဖိုးပါ။
Bitcoins အနာဂတ်
အနာဂတ်မှာ ဘာဖြစ်နိုင်မလဲဆိုတာတော့ ကျိန်းသေပြောဖို့ ခက်ပါတယ်။ အစိုးရတွေကတော့ အဲ့အပေါ်မှာ အခွန်ကောက်မရတာ ထိန်းချုပ်မရတာရယ်ကိုတော့ အရေးစိုက်ဖွယ်ရှိပါတယ်။ ဒါပေမယ့် Bitcoins ဟာ ရပ်တန့် ဖို့ ခဲယဉ်းပီး လွတ်လပ်တဲ့ ငွေကြေးတခုအနေနဲ့  ဆက်လက်ရပ်တည်နေကြောင်း ရေးသားလျက်…
(တိမ်မည်း)

No comments:

Post a Comment