Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 15, 2017

အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

ရွှေပြည်သာမြို့နယ်တွင် လူသတ်မှုကျူးလွန်သူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၅

အောက်တိုဘာ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်နေ ဒေါ်------သည် နေအိမ်ဘုရားစင်ရှေ့တွင် ခင်ပွန်းဖြစ်သူဦးကျော်နိုင်၊ သမီးဖြစ်သူ မ-----တို့နှင့်အတူ အိပ်ရာဝင်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် ခင်ပွန်းဖြစ်သူနှင့် ခင်မင်ရင်းနှီးသူများဖြစ်သည့် ဗဟန်းမြို့နယ်နေ တင်လှပါ လူတစ်စုမှနေအိမ်တံခါးအား တွန်းဖွင့်ဝင်ရောက်လာပြီး ဓားရှည်များဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ကြရာ ဦးကျော်နိုင်တွင် ဓားဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသဖြင့် ဓားဖြင့်ခုတ်ခဲ့သူ တင်လှပါ လူတစ်စုအပေါ် အရေးယူပေးရန်ဒေါ်-------မှ တိုင်တန်းသဖြင့် ရွှေပြည်သာမြို့မ ရဲစခန်း(ပ) ၂၀၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များသည် တရားခံ ဖမ်းဆီးရမိရေးအတွက် သတင်းရယူစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တင်လှအား ဗဟန်းမြို့နယ်၊ အရှေ့မြို့ပတ်လမ်းပေါ်၌ လည်းကောင်း၊ တင်ထွန်း(ခ)ကရင်အား ဗဟန်းမြို့နယ်၊ ဆရာစံမြောက်ရပ်ကွက် ၎င်းနေအိမ်၌ လည်းကောင်း၊ ဆွေမင်းဦးအား ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံ၌ လည်းကောင်း ၊ တင်မိုးဝင်းအား မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ ၎င်းနေအိမ်၌ လည်းကောင်း၊ ၀င်းမောင်အား အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ၎င်း၏ ညီဖြစ်သူနေအိမ်၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့အဖွဲ့မှ ကျော်နိုင်၏နေအိမ်သို့ သွားရောက်၍ ကျော်နိုင်အား ဓား၊ လှံ တို့ဖြင့် ၀ိုင်းဝန်းထိုးခုတ်ခဲ့ကြကြောင်းနှင့် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဓား၊လှံတို့အား ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူများ
အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/

No comments:

Post a Comment