Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 8, 2017

ကျမတို့ဟာ ဒေါသကို ဒေါသနဲ့ တုန့်ပြန်တဲ့လမ်းကို မလိုက်ဘူး(ဒေါ်အောင်ဆန်းစုကြည်)


"ကျမတို့ဟာ ဒေါသကို ဒေါသနဲ့ တုန့်ပြန်တဲ့လမ်းကို မလိုက်ဘူး...
မီးကိုမီးနဲ့ ငြိမ်းလို့မရဘူးဆိုတော့ မီးကို ရေနဲ့ပဲ ငြိမ်းလို့ရမယ်
အဲဒီတော့ ကျမတို့နိုင်ငံရဲ့ အခြေအနေကို အသိဆုံးဟာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေပဲ...
ကျမတို့နိုင်ငံကို အတည်ငြိမ်ချင်ဆုံး၊ ဖွံ့ဖြိုးစေချင်ဆုံး၊ အချမ်းသာစေချင်ဆုံးဆိုတာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေပဲ...
ကျန်တဲ့သူတွေက ဘယ်သူတွေကမှ ကျမတို့လောက် ကျမတို့နိုင်ငံကို မတည်ငြိမ်စေချင်ဘူး... ကျမတို့လောက် ကျမတို့နိုင်ငံကို မချမ်းသာစေချင်ဘူး....
အဲဒီတော့ ဒီလိုအရေးကြီးတဲ့ အချိန်မှာဆိုရင် ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများဟာ အားလုံးဝိုင်းဝန်း ကူညီပံ့ပိုးလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်...."
ဒေါ်အောင်ဆန်းစုကြည်
(ဘရူနိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံပွဲမှ ကောက်နှုတ်ချက်)

No comments:

Post a Comment