Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 30, 2017

ယောင်္ကျား၏ ဓါးချက်ဖြင့်မိန်းမဖြစ်သူသေဆုံး

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လင်မယားနှစ်ဦးစကားများ ရန်ဖြစ်ရာမှ ယောင်္ကျား၏ ဓါးချက်ဖြင့်မိန်းမဖြစ်သူသေဆုံး
နေပြည်တော် စက်တင်ဘာ ၃၀

နေပြည်တော် တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်တွင်စက်တင်ဘာ(၂၈)ရက် ည(၇)နာရီကျော်ခန့်က လင်မယားနှစ်ဦးစကားများ ရန်ဖြစ်ရာမှ ယောင်္ကျား၏ ဓါးချက်ဖြင့် မိန်းမဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ဆရာစံရပ်ကွက်၊ နယ်မြေ(၁၁)နေဆိုက်ကားနင်းသူ ဇော်ကြီး(ခ)မောင်ဇော်(၄၅)နှစ်နှင့် မစံပယ်(၂၃)နှစ်တို့နေအိမ်မှ ည(ရ)နာရီကျော်ခန့်တွင် စကားများရန်ဖြစ်သံများကြားရပြီး၊ (မပိတောက်ရေ ကယ်ပါအုန်း၊ ကယ်ပါအုန်း၊ ကျွန်မကို ကိုဇော်ကြီး ဓါးနဲ့ထိုးနေလို့)ဟု မစံပယ်၏အော်ဟစ်သံကြောင့် အိမ်နားနီးခြင်းများဝင်ရောက် ကြည့် ရှုကြရာ နေအိမ်ခြေရင်းလှေခါးအနီးတွင် မစံပယ်မှာ ဒူးထောက်လျှက် ခန္တာကိုယ်မှာ ဦးခေါင်း စိုက်ပြီ်း၊ ဓါးဒဏ်ရာများဖြင့် သေဆုံး နေသည်ဟုသိရသည်။

တရားခံဇော်ကြီးမှာ ဓါးဖြင့်ထိုးပြီး၊ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေးအတွက် တပ်ကုန်းမြို့မရဲစခန်းမှ လိုက်လံစုံစမ်းလျှက်ရှိသည်။

တင်ထွန်းတာ(တပ်ကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment