Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 21, 2017
မြန်မာ ရိုဟင်ဂျာ ပုန်ကန်မှု ရဲ့နောက်ကွယ်ကအဖြစ်မှန်၊ ဘာတေးလစ်တနာ၊
မြန်မာ ရိုဟင်ဂျာ ပုန်ကန်မှု ရဲ့နောက်ကွယ်ကအဖြစ်မှန်၊
ဘာတေးလစ်တနာ၊
ရန်ကုန်၊ စက်တင်ဘာ ၂၀
အေးရှားတိုင်းမ် ဆောင်းပါး၊
( အစ - အဆုံး)
ASIA TIMES
The truth behind Myanmar’s Rohingya insurgency.
By : Bertil Lintner.
Yangon . September 20.
အာရကန်ရိုဟင်ဂျာဆယ်လ်ဗေးရှင်းအာမီ ဟာ မျိုးနွယ်စု အရေးအတွက်တိုက်ပွဲဝင်နေတယ်လို့ ကြွေးကြော်နေတဲ့တစ်ချိန်တည်းမှာ သူ့ရဲ့ခေါင်းဆောင်များနဲ့ အစွန်းရောက်အုပ်စုများရဲ့
ဆက်နွယ်မှုက ပိုမိုကျယ်ပြန့်တဲ့ဒေသတွင်း လုပ်ငန်းစဉ်တစ်ခုကိုညွှန်ပြနေပါတယ်။
မြန်မာပြည်မှာထွက်ပေါ်လာတဲ့ အာရကန်ရိုဟင်ဂျာဆယ်လ်ဗေးရှင်းအာမီ (အာဆာ )ဟာ တိုင်းပြည်တဝှန်းကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တိုက်ပွဲဝင်နေတဲ့ အခြားလူမျိုးစုလက်နက်ကိုင်တပ်များ
နဲ့ အတူတူပဲ အကြမ်းဖက်အုပ်စု လို့မသတ်မှတ်သင့်ဘူးလို့
အသံကောင်းဟစ်နေပေမယ့် မြေပြင်ပကတိလက်တွေ့အခြေအနေ ကတော့ မတူခြားနားတဲ့ ဇာတ်လမ်းတစ်ခုကိုပြောနေပါတယ်။
အာဆာ ဟာ လုံးဝသစ်ဆန်းတဲ့ပုန်ကန်မှု တစ်ခုကို ဖေါ်ပြနေပါတယ်။မြန်မာစစ်တပ်ရဲ့ ဖော်ပြချက်အရဆိုလျင်၊ တိုက်ပွဲဝင်ဖို့လုံးဝကိုလက်နက်ချို့တဲ့စွာတပ်ဆင်ထားတာဖြစ်ပါတယ်။
မြန်မာပြည်က ကချင်၊ရှမ်း၊ ကရင်၊မွန် အစရှိတဲ့ လူမျိုးစု လက်နက်ကိုင်များကတော့ တပ်ဝတ်စုံများ ဝတ်၊ မိမိတို့အဖွဲ့နဲ့ဆိုင်တဲ့တံဆိပ်များကိုထင်ထင်ရှားရှားတပ်၊ ရာထူးအဆင့်အလိုက်
အပွင့်လည်းတပ်ကြပါတယ်။
အာဆာ မွတ်စလင် တိုက်ခိုက်ရေးသမားများကတော့ ပြောင်းပြန်အရပ်သားဝတ်စုံများဝတ်ပြီး၊ ရွာသားများကြားရောနှောနေကြပါတယ်။ လုံခြုံရေးပစ်မှတ်များကို အဆင့်နိမ့် တိုက်ခိုက်မှုများ
လုပ်ပြီးချိန်မှာ အာဆာ များဟာ သူတို့နဲ့ စကားတူ၊ ဘာသာတူလူများရှိရာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံထဲဆုပ်ခွာပြေးဝင်ကြတယ်ဆိုပါတယ်။ ဒီဖြစ်ရပ်အရကြည့်ရင်တော့ မြန်မာ က အခြား
လူမျိုးစုလက်နက်ကိုင်များနဲ့မတူပဲ အာဆာဟာ ထိုင်းတောင်ပိုင်းစွန်းက မွတ်စလင် သူပုန်များနဲ့
ပိုတူနေပါတယ်။
နီပေါ နဲ့ အိန္ဒိယက မော်ဝါဒီပျောက်ကြားများလိုပဲ ၊အာဆာရဲ့တိုက်ခိုက်ပုံနည်းစံနစ်များဟာ (အယူဝါဒကလွဲလို့) သူတို့ကိုအတုယူထားပုံရပါတယ်။ နီပေါမော်ဝါဒီများ ပုန်ကန်ခဲ့စဉ်ကလို
လက်ငင်းကာလ အိန္ဒိယ က နက်ဆယ်လိုက် များလုပ်သလိုအာဆာဟာလည်း မြန်မာ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်မတိုက်ခြုံခိုမတိုက်ပဲ ညနက်သန်းခေါင်မှ လက်နက်မဲ့ရွာသား ရာပေါင်း
များစွာ ကို လှုံ့ဆော်ပြီး တပ်စခန်းများကိုဝင်တိုက်စေတာပါ။
ပုံမှန်အားဖြင့် သေးငယ်ပြီး အထီးတည်းရှိနေတတ်တဲ့ပစ်မှတ်ထားခံရတဲ့ တပ်စခန်းများကိုကာကွယ်သူများဟာသူတို့ကို အင်အားအဆမတန်ကြီးမားတဲ့ ရန်သူများ ဝိုင်းနေပြီ
လို့ အထင်ရောက်စေပါတယ်။ ဒီအချိန်ကျမှ နှိုင်းယှဉ်ချက်အရအင်အားငယ်တဲ့တိုက်ခိုက်ရေးသမားတွေက ဝင်ရောက်တိုက်ခိုက် ကြောက်လန့်နေကြတဲ့တပ်သားများ ဒါမှမဟုတ် ရဲသားများ
ကိုသတ်ဖြတ်ပြီး သူတို့လက်နက်များ ကိုယူပြေးကြတာပါ။
တောင်အာရှ မှာ တွေ့နေကြတိုက်ခိုက်မှုမျိုးနဲ့အလားတူဖြစ်ပေမယ့်မြန်မာ အတွက်တော့ အခုအချိန်မှာ စိမ်းနေပါသေးတယ်။
မြန်မာပြည်အနောက်ပိုင်းရခိုင်ပြည်နယ်မှာ ဩဂုတ်၂၅ရက်တိုက်ခိုက်မှု နောက်ပိုင်း မြန်မာ့တပ်မတော်က သူပုန်၄၀၀ကို သုတ်သင်ပြီးကြောင်းကြေငြာပါတယ်။ဒါပေမယ့် ဖြစ်နိုင်တာက
သေဆုံးသူအားလုံးနီးပါးဟာမတိုက်မနေရ အတင်းအကြပ်စေခိုင်းခံ
ရလို့ တိုက်ကြရတဲ့ ရွာသားများဖြစ်နိုင်ပါတယ်။ အာဆာ တိုက်ခိုက်ရေး
သမားများသာ ဒီအရေအတွက်လောက်အသတ်ခံရလို့ကတော့ ဒီအဖွဲ့အစည်း
တစ်ခုလုံး ခြေမှုန်းပြီးသား ဖြစ်သွားပြီလို့အာဆာ အုပ်စုကို စောင့်ကြည့်နေတဲ့
လုံခြုံရေး လေ့လာဆန်းစစ်သူများကဆိုပါတယ်။
ဒီလေ့လာသူများကပဲ အာဆာ ရဲ့ အင်အားဟာ သူပုန်များရော မြန်မာ့တပ်မတော် က ပါပြောကြားနေတဲ့ အရေအတွက်ထက် အများကြီးနည်းတယ်ဆိုပါတယ်။ အတွင်းလူများရဲ့ ပြော
စကားအရအာဆာရဲ့ အင်အား ဟာထောင်ဂဏန်းမဟုတ်ပဲ ရာဂဏန်းသာ
ရှိတယ်ဆိုပါတယ်။လေ့ကျင့်ပေးထားတဲ့လှုပ်ရှားတိုက်ခိုက်နိုင်သူဟာ ၅၀၀ ထက်ပိုပုံမရဘူးဆိုပါတယ်။
အာဆာရဲ့ စစ်ရေးစွမ်းရည်ဟာ အကန့်အသတ်ရှိပေမယ့်၊ သူ့ရဲ့ ဝါဒဖြန့်
ယန္တယားကတော့ အလှမ်းကျယ် လှပါတယ်။တွစ်တာနဲ့ အခြားလူမှုမီဒီယာများ
မှာဖေါ်ပြတဲ့ ထုတ်ပြန်ချက်များဟာ အံဩစရာကောင်းလောက်အောင်
ကောင်းမွန်တဲ့အင်္ဂလိပ်စာအရေးအသားနဲ့ ရေးထားကြတာဖြစ်ပြီး၊ အာဆာအုပ်စုကို အလယ်အလတ်သဘောထားရှိတဲ့တရားမျှတတဲ့ အဖွဲ့အဖြစ်ပုံဖေါ်ထားပါတယ်။
စက်တင်ဘာ၉ရက်မှာ ထုတ်ပြန်တဲ့ သူ့ရဲ့ ပထမဆုံးကြေငြာချက်ထဲမှာ အာဆာ
အဖွဲ့ကအကူအညီပေးရေးအဖွဲ့များ ရိုဟင်ဂျာ ဒုက္ခသည်များ ထံသွားရောက်
နိုင်အောင်၊နေထိုင်နေကြတဲ့ လူထုတရပ်လုံးအကြပ်အတည်းတွေ့
ခြင်းမှ ရှောင်လွှဲနိုင်အောင်၊ တစ်လကြာတဖက်သပ်အပစ်ရပ်စဲထားမယ်လို့ကြေငြာတာပါ။
အကူအညီပေးရေး အဖွဲ့များကခန့်မှန်းတာကတော့ အာဆာရဲ့ ဩဂုတ်၂၅ရက်
တိုက်ခိုက်မှု နဲ့ မြန်မာ့တပ်မတော်ရဲ့ရက်စက်တဲ့ တုန့်ပြန်တိုက်ခိုက်မှု
နောက်ပိုင်း မှာ ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခသည် ၄သိန်းကျော်
ထွက်ပြေးကြတယ်ဆိုပါတယ်။
ဒီကြေငြာချက်ဟာ သင့်လျော်စွာဖွဲ့စည်းထားတဲ့ စစ်တပ်မဟုတ်တဲ့၊လက်နက်ငယ်လေးများသာ ကိုင်ဆောင်ထားတဲ့ အုပ်စုလေးအတွက် ရဲဝံတဲ့ ကြေငြာချက်ဖြစ်ဏာလိမ့်မယ်။
ဒီအဖွဲ့ ရဲ့ တိုက်ခိုက်မှုများစွာမှာဓားရှည်များနဲ့ပဲတိုက်ခိုက်ခဲ့ကြတာပါ။
တချိန်တည်းမှာပဲ အာဆာ အဖွဲ့ဟာသူတို့ရဲ့ ညံ့ဖျင်းတဲ့လက်နက်ကိုင်ဆောင်
ထားတဲ့၊ အရေအတွက်အနည်းငယ်မျှသောအမာခံများက အင်အားကြီးမားတဲ့
မြန်မာ့ တပ်မတော်ကိုတိုက်ခိုက်နေတာဟာရိုဟင်ဂျာများကို ကာကွယ်
တဲ့ တာဝန်ထမ်းဆောင်နေတာပါ လို့ဘယ်လိုရှင်းပြကြပါမလဲ။
ထိုဒေသကနေ အေးရှားတိုင်းမ်း ကရတဲ့အစီရင်ခံချက်များသာ တိကျခိုင်လုံမယ်
ဆိုလျင်၊ ဒေသခံများဟာ အာဆာ ကိုဒေါသ ထွက်နေကြတယ်ဆိုပါတယ်။
ရိုဟင်ဂျာ နဲ့ အခြားလူမျိုးစုများ နေထိုင်ကြရာဒေသ ကို မြန်မာ့တပ်မတော်က
"လူမျိုးရေးသန့်စင်မှု " လုပ်နိုင်ဖို့ အကြောင်းပြချက်ကောင်းပေးလိုက်သလို ဖြစ်သွားလို့ပါ။
စက်တင်ဘာ ၁၄ရက်မှာ အာဆာ ကသူတို့အဖွဲ့ဟာ အယ်ကေဒါ နဲ့
ရော အီရတ် နဲ့ ဆီရီးယား မှာရှိတဲ့ အစ္စလမ်မစ်စတိတ်တွေနဲ့ရော၊ လက်ရှ်
ကာအီးတိုင်ဘာ အဖွဲ့နဲ့ရော နိုင်ငံတကာဆက်နွယ်အကြမ်းဖက်အဖွဲ့စည်းများနဲ့
ရော အဆက်အသွယ်မရှိကြောင်း ရှင်းရှင်းလင်းလင်း သိစေချင်တယ်လို့ပြောပါ
တယ်။အာဆာအဖွဲ့ဟာ လုံခြုံရေးအေဂျင်စီများ နဲ့ ပူးပေါင်းပြီး၊ ရခိုင်ဒေသ ထဲကို
အကြမ်းဖက်သမားများဝင်မလာစေဖို့ကြားဖြတ်ဟန့်တားခြင်းများလုပ်ခြင်း
အားဖြင့် ဆိုးရွားနေတဲ့ အခြေအနေ ကိုအဆိုးဆုံးဖြစ်မသွားစေဖို့ ကာကွယ်ရန်
အသင့်ရှိနေတယ်ဆိုတာ နိုင်ငံအားလုံး သိစေချင်တယ်လို့လည်းပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီအုပ်စုရဲ့ ပါကစ္စတန်အပါအဝင် နိုင်ငံခြားအကြမ်းဖက်အုပ်စုများ
နဲ့ချိတ်ဆက်မှု ဟာ ထင်ရှားလွန်းတာကြောင့် လုံခြုံရေးလေ့လာဆန်းစစ်သူ
တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျကိရေးကျွမ်းကျင်သူများ ကို ယုံကြည်လက်ခံ
လာအောင်မလုပ်နိုင်ပါဘူး။ ဟာဖစ်တိုဟာ လို့လည်းခေါ်ကြတဲ့အာဆာ
ခေါင်းဆောင် အထော်လာအဘူအမ်မာဂျန်ဂျူ နီဟာ ကရာချိ မှာမွေးဖွားပြီး၊ဆော်
ဒီ အာရေဗျ မှာရှိတဲ့ မဒရပ်ဆာ( ဘာသာရေးကျောင်း ) မှာ ပညာသင်ခဲ့သူပါ။
ကရာချိ နားမှာရှိတဲ့ အိုရန်ဂျီ၊ ကိုရင်ဂျီ၊လန်ဟီ နဲ့ အခြားဆင်းရဲမွဲတေတဲ့ ဆင်ခြေဖုန်းအရပ်တွေမှာ နေခဲ့ကြတဲ့ရိုဟင်ဂျာတွေရဲ့ ပထမ၊ ဒုတိယ၊တတိယ မျိုးဆက် ရာပေါင်းထောင်ပေါင်းများစွာ
ရှိပါတယ်။ သူတို့အားလုံးနီးပါးဟာ ပါကစ္စတန် မှာ နှစ်ပေါင်းများစွာကြာ
အောင် နေခဲ့၊ အများစုဟာ ဒီမှာပဲမွေးခဲ့ကြတာဖြစ်ပေမယ့် ၊နိုင်ငံမဲ့များ ဖြစ်နေ
ကြပါတယ်။သူတို့နေတဲ့ ရပ်ကွက်များဟာ အစွန်းရောက် လှုပ်ရှားမှုများပေါက်
ဖွားရာ ရေခံမြေခံ ဖြစ်ခဲ့တာကြာညောင်းခဲ့ပါပြီ။အာဖဂန် စစ်ပွဲ ကာလ က တိုက်ခိုက်ဖို့ အချို့ဆို သိမ်းသွင်းခံကြရပါတယ်။
အာဆာအဖွဲ့ကို အစပိုင်းမှာ ဟာရက်ခအယ်လ်ရာကင်( ယုံကြည်ချက်လှုပ်ရှား
မှု ) လို့ သိကြပါတယ်။ဒိအမည်မှာ ဘာသာရေးအရလှုံ့ ဆော်ချက် ထင်ထင်
ရှားရှားပါပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးနဲ့ အာရကန်( ရခိုင် ) ဆိုတဲ့
စကားလုံး မပါတာ သတိပြုပါ။၂၀၁၆ ခုနှစ် ရောက်မှ လူမျိုးစု အမည်ပါတဲ့
အာဆာ လို့ စတင်သုံးစွဲ ခဲ့ပါတယ်။
လှုပ်ရှားမှု စတင်ပေါက်ဖွားရာ ဒေသက အစွန်းရောက်ဝန်းကျင်များ နဲ့ အာဆာ ကို ခပ်ဝေးဝေး ထားဖို့ ကြိုးပမ်းမှု တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ထောက်လှမ်းရေး လေ့လာဆန်းစစ်သူများရဲ့ အဆိုအရ အာဆာ ရဲ့ ပဲ့ကိုင်လမ်း
ညွှန်သူဟာ အပ်ဗဒူကာဒူးဘာမီ ဖြစ်ပါတယ်။ ရိုဟင်ဂျာ နွယ် ပါကစ္စတန်နိုင်ငံ
သားတစ်ယောက်ပါပဲ။ သူလည်း ကရာချိ မှာပဲအခြေစိုက်ပါတယ်။လူမှု
မီဒီယာ များမှာပြန့်နှံ့နေတဲ့ဗွီဒီယိုတွေမှာမြန်မာပြည်မှာ ဂျီဟဒ်လုပ်ဖို့ ဆော်ဩ
နေသူဟာ သူပါပဲ။
အပ်ဗဒူကာဒူး ဟာ လက်ရှ်ကာအီးတိုင်ဘာ ( ဝါ ) အမှန်တရားတပ်တော် နဲ့
အဆက်အသွယ်ရှိတာ မှတ်တမ်း အခိုင်အမာရှိပါတယ်။ပါကစ္စတန်မှာ အဓိက လှုပ်ရှားပြီး တောင်အာရှ ရဲ့ အကြီးမားဆုံး အစ္စလမ်းမစ် အစွန်းရောက်အဖွဲ့
အစည်းဖြစ်ပါတယ်။လက်ရှကာအီးတိုင်ဘာ ကို ၁၉၈၇ ခုနှစ်မှာ အာဖဂန် မှာ
သွားလေသူ အယ်လ်ကေဒါခေါင်းဆောင် ဘင်လာဒင်ရဲ့ ငွေကြေးထောက်
ပံမှုနဲ့ စတင်တည်ထောင်ခဲ့ပါတယ်။
အပ်ဗဒူကာဒူး ကို ယခုလက်ရှိ လက်ရှကာအီးတိုင်ဘာ အဖွဲ့ ရဲ့ ဒိပ်ဒိပ်
ကြဲခေါင်းဆောင်ဟာဖစ်မိုဟာမက်ဆာအစ်နဲ့တွေ့ဆုံဆွေးနွေးနေတဲ့ပုံတွေ
မှတ်တမ်းအခိုင်အမာ ရှိပါတယ်။
အာဆာ ရဲ့ ဒုတိယခေါင်းဆောင်က'ရှာရစ်ဖ်' လို့ ပဲ သိထားရတဲ့ လှို့ဝှက်
သိပ်သည်း တဲသူ့တစ်ယောက်ပါ။
အာဆာ ရဲ့ ဝါဒဖြန့် ဗီဒီယို များမှာ ပါလေ့မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် အနောက်
တောင်ပိုင်း စစ်တကောင်းဒေသ ကလာတဲ့သူဖြစ်ပြီး ၊ စကားပြောလျင် ပါကစ္စတန် ရဲ့ ရုံးသုံးဘာသာ အူရဒူသံဝဲတဲ့လေသံ နဲ့ ပြောလေ့ရှိတယ်ဆိုပါတယ်။
အာဆာ အဖွဲ့ဟာ ရခိုင်ပြည်နယ် နဲ့ဘဂွလားဒေ့ရှ် ကဒုက္ခသည်စခန်းတွေ
မှာရှိတဲ့ ဒေါသထွက်နေတဲ့၊ ကြံရာမရဖြစ်နေတဲ့ လူငယ်များကို တပ်သားသစ်
အဖြစ် စုဆောင်းနိုင်ကောင်း စုဆောင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လုံခြုံရေး ဆန်းစစ်သူများရဲ့ အဆိုအရ အာဆာအဖွဲ့ ထဲမှာ ထူးထူးခြားခြား နိုင်ငံခြားသား၁၅၀ လည်းပါဝင်နေတယ်ဆိုပါတယ်။
သူတို့ထဲက အများစုက ဘင်္ဂလားဒေ့ရှ်ကပါ။ ၈ယောက် ကနေ ဆယ်ယောက်
အထိက ပါကစ္စတန်ကလာပါတယ်။အင်ဒို ၊ မလေး နဲ့ ထိုင်းတောင်ပိုင်း က
အုပ်စုငယ်လေးတွေလည်းပါပါတယ်။နှစ်ယောက်ကတော့ ဥဇဘက်ကစ္စတန်
ကလို့ဆိုပါတယ်။ မြန်မာ ဘင်္ဂလားဒေ့နယ်စပ်က စစ်ရေးလေ့ကျင့်ပေးရာ နေရာတွေ မှာအာဖဂန် စစ်ပြန်ကြီးများက တစ်စိပ်တစ်ပိုင်း လာလေ့ကျင့်ပေးတယ်လို့ လေ့လာသူများကဆိုပါတယ်။
ယခု အချိန်မှာ သိသာထင်ရှားလာတာကတော့ ဩဂုတ်၂၅ရက် တပြိုင်တည်း
တိုက်ခိုက်မှုများဟာ အသေးစိပ် သေချာတိကျစွာ စီစဉ်ထားဖို့လိုတယ်ဆိုတာပါ
ပဲ။ တိုခိုက်မှု မစတင်မီ လများစွာကအစိုးရသတင်းပေးများအဖြစ်သံသယ ရှိခံရတဲ့မွတ်စလင်များ ရောဗုဒ္ဓဘာသာများပါ အပါအဝင်လူ၅၀ခန့်ဟာလည်လှီးခံရခြင်း သို့မဟုတ် ခုတ်ဖြတ်
ုသတ်ခြင်းများခံရပါတယ်။မြန်မာစစ်တပ်ကို ဒေသတွင်းသတင်းများထောက်လှမ်း
မရအောင် ရည်ရွယ်ချက်နဲ့ သတ်တာပါ။
တိုက်ခိုက်တဲ့အချိန်ကလည်းမတော်တဆ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ကုလ အတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်နဲ့ မြန်မာအစိုးရခန့်အပ်ထားတဲ့ ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်
ဟာ ဩဂုတ် ၂၄ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ဒေသတွင်း ပဋိပက္ခများ ကိုငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နည်းလမ်းများကိုအကြံပြုထားတာပါ။
လက်ရှိ ရှုပ်ထွေး အကြမ်းဖက်မှုပြင်းထန်နေတဲ့ အချိန်မှာ ကော်မရှင်ရဲ့
အကြံပြုချက်ကို ပြန်လည်သက်ဝင်စေဖို့ခက်ခဲသွားပါပြီ။ပိုမိုမတည်ငြိမ်စေမယ့် စစ်သွေးကြွ လုပ်ဆောင်မှုများအတွက်လမ်းပွင့်ကျန်ရစ်ခဲ့ပါတယ်။
အင်ဒိုနီးရှားက မွတ်စလင် အုပ်စုများကထုတ်လွှင့်တဲ့ ဗီဒီယိုမှာ စူမတ္ထရား ကျွန်း
မြောက်ပိုင်း အာချေး မှာလူငယ်အုပ်စုများ စစ်ရေးလေ့ကျင့်နေကြတာကို ပြသ
ထားပါတယ်။ ရခိုင်ဒေသ မှာ ဂျီဟတ် လုပ်ဖို့ပြင်ဆင်နေကြတာပါတဲ့။ ရိုဟင်ဂျာ
တွေကို ထောက်ခံတဲ့ ဆန္ဒပြပွဲကြီးများကိုလည်း ဘင်္ဂလားဒေ့ နိုင်ငံတလျားမှာ
ကျင်းပကြပါတယ်။ ဒုက္ခသည်များ စုပြုံဝင်ရောက်လာခြင်းဟာ ပြည်တွင်း
နိုင်ငံရေး ပြဿသ နာ တစ်ခုအဖြစ် အလျင်အမြန်ကြီးထွားလာပြီး၊ အာဏာရ အဝါမီလိဂ်ပါတီ ကို ဘာသာ
ရေးအခြေခံဝါဒီများ ကျောထောက်နောက်ခံပြုထားတဲ့ အတိုက်အခံများနဲ့ ထိပ်တိုက်တွေ့စေပါတယ်။
ပြီးခဲ့တဲ့ နှစ်အောက်တိုဘာ ကိုးရက်ကလုံခြုံရေးတပ်များ နဲ့ အာဆာရဲ့ ပထမဆုံး တိုက်ခိုက်မှုများအပေါ် မြန်မာတပ်မတော် ရဲ့ ပြင်းပြင်းထန်ထန်တုန့်ပြန်မှု၊ နောက်ဆက်တွဲနယ်မြေရှင်းလင်း
မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့များပြားလှတဲ့ဒုက္ခသည် ၇သောင်းကို
ထွက်ပြေးစေခဲ့တာကို ထောက်ရှုလျင်၊ဩဂုတ် ၂၅ရက်ပိုမိုကျယ်ပြန့်တဲ့တိုက်
ခိုက်မှုများက ပိုမိုပြင်းထန်တဲ့ လက်တုန့်ပြန်မှုမျိုး ဖြစ်စေမှာကို အာဆာ က ကြိုတင်တွက်ဆ မထားဘူးဆိုတာကိုယုံကြည်နိုင်စရာမရှိဘူး လို့ လေ့လာသူများက စဉ်းစားမိပါတယ်။
အာဆာ ရဲ့ ရည်ရွယ်ချက်က သူကြေငြာထားတဲ့အတိုင်း'ရို များကိုကာကွယ်ဖို့' ဆိုလျင်၊ သူတို့ရဲ့တိုက်ခိုက်မှု ဟာ ပြင်းပြင်းထန်ထန် ကိုတုန့်ပြန်ခံရတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်သွေးကြွများ
ဟာ ကြိုတင်တွက်ချက်ပြီးသားဖြစ်ပါတယ်။ စစ်တပ် ရဲ့ တုန့်ပြန်တိုက်ခိုက်
မှုကြောင့် ရရှိလာမယ့် ပိုမိုကြီးမားတဲ့အကျိုးအမြတ်တွေကိုဖြစ်ပါတယ်။
ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခ ကို ဝိုင်းကူပေးမယ့် နိုင်ငံတကာအပေါ် ထင်ရှား
ကျော်ကြားမှု ဟာ ယခင်ကနဲ့မတူပါဘူး။
အသစ်များ က စောင့်ကြိုနေပါတယ်။
ဒေါသထွက်နေကြတဲ့ လူငယ်များစွာကိုလည်း ပိုမိုသိမ်းသွင်း နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီဘယ်သူသေသေ ငတေမာ စေမယ့် ကစားနည်း ကြောင့်
သားကောင်ဖြစ်ရမယ့်သူများကတော့၊မိမိတို့ရဲ့ဖျက်ဆီးခံရတဲ့အိမ်များကို စွန့်
ခွာထွက်ပြေးလာရပြီး၊ ဘင်္ဂလားဒေ့ရှ်က ပေရေစုပ်ပြတ်နေတဲ့ စခန်းများမှာ
အတိဒုက္ခရောက်စွာ နေနေကြရတဲ့ဒါမှမဟုတ် နှစ်နိုင်ငံ နယ်စပ်က ငရဲပြည်
နဲ့ပိုပိုတူလာတဲ့ ဘယ်သူမှနေလို့မရတဲ့ဖုန်းဆိုးမြေများပေါ်မှာအခြေချနေကြရ
ရှာတဲ့ ရာပေါင်းထောင်ပေါင်းများစွာသော
ရိုဟင်ဂျာ နဲ့ အခြားသူများပဲဖြစ်ပါတယ်။
ဘာတေးလ်လစ်တနာ။
Thein Myint
https://www.facebook.com/thein.myint.77312/posts/1927112090876661
No comments:
Post a Comment