အမှိုက်မရှိတဲ့ ရွာကိုတွေ့ပြီကွာ။
အိပ်မက်များလားလို့တောင် ထင်မိတယ်။
တကယ်ကြီးပါဗျာ။
ကျောက်တန်းကနေ ၉. မိုင်ခွဲဝင်ရသေးတယ်။
ရွာနာမည်က. ဝဲကြီးရွာ တဲ့။
ကဗျာမဆန်ပေမဲ့ ပနံရတဲ့ရွာပေါ့ ။
အိမ်တိုင်းမှာအမှိုက်အိတ်လေးတွေ ရှိသလို လမ်းဘေးမှာလဲ
အမှိုက်ခြင်းတွေရှိတယ်။
ထွက်လာတဲ့အမှိုက်ကို စွန့်ပစ်ဘို့ စနစ်သတ်မှတ်ထားတာကိုက
ရွာရဲ့အဆင့်အတန်းပဲ။
အမှိုက်ကင်းစင်ဘို့
ငွေကုန်စရာမလိုပါဘူး။
စည်းကမ်းရိရင် ရပြီ။
ညီညွတ်ကြရင် ရပြီ။
မြန်မာပြည်က ရွာတိုင်း၊ရပ်ကွက်တိုင်း ဒီလိုအမှိုက်ကင်းစင်ဘို့
ဘာတွေများ လိုအပ်နေပါလိမ့်။
နိုင်ဝင်း(မင်းဥက္ကာ)
ထံမှ ကူးယူတင်ပြပါသည်။
No comments:
Post a Comment