Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 14, 2017

၆၅ မိုင်လောက်ကို မဟာတံတိုင်းကြီးခတ် ဖို့ အတွက်


ရခိုင်အရေးတွေ ရေးကြလွန်းလို့ စိတ်ဝင်စားတာနဲ့ မြန်မာ့ ပထဝီမြေပုံကိုပြန်ပြီး Google ခေါက်ကြည့်မိတယ်။
ယိုးဒယားနဲ့ထိစပ်နေတဲ့ နယ်နိမိတ်က၊ ၁၃၁၀ မိုင်၊
လာအို နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်က ၁၄၈ မိုင်၊
တရုတ်ပြည် နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်က၊ ၁၃၇၀ မိုင်၊
အန္ဒိယ နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်က၊ ၇၀၀မိုင်၊ လောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်ကတော့ မိုင် ၁၄၀ လောက်ရှိပါတယ်။
အဲဒိ ၁၄၀ မိုင်ထဲမှာ၊ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အပိုင်းက ၇၅ မိုင်ခန့်ရှိပြီး၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အပိုင်းကတော့ ၆၅ မိုင်ခန့်လောက်ပဲရှိပါတယ်။
ဒါဆိုရင် ဒီ ၆၅ မိုင်လောက်ကို ကောင်းမွန် ခိုင်ခန့်တဲ့ security တံတိုင်းကြီး ခတ်လို့မရနိုင်ဘူးလား။ ဘယ်လောက်ကုန်ကျမှာလဲ။
တစ်လက်စထဲ အတွေးထဲမှာ တရုတ်ပြည်ရဲ့ မဟာတံတိုင်း ကြီးပေါ်လာလို့ Google ထပ်ခေါက်ကြည့်မိပြန်ပါတယ်။
အားပါးပါး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဆောက်ခဲ့တဲ့ တံတိုင်းကြီးဟာ မိုင် ၅၀၀၀ ထောင်လောက်ရှည်ပြီး ပျမ်းမျှအမြင့် ၆ မီတာ(၁၈ ပေ) ခန့် မြင့်တယ်လို့ ဆိုပါတယ်။
ဒါဆိုရင် Technology အလွန်မြင့်နေတဲ့ ဒီခောတ် ကြီးမှာ ၆၅ မိုင်လောက်ကို မဟာတံတိုင်းကြီးခတ် ဖို့ အတွက် စာဖွဲ့စရာ လိုမည်မထင်။
တစ်မိုင်ကို Security Force တပ်သား ၁၀၀ ချထားမည်ဆိုလျင် တပ်သား ၆၅၀၀ သာလိုအပ်ပေသည်။
Credit to Ko Aung Zaw Myint

No comments:

Post a Comment