Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 14, 2017

ရိုဟင်ဂျာ ဥက္ကဌ ဆိုသူ DAB ဌာနချုပ်ရှိရာ မာနယ်ပလောသို့ ရောက်ရှိလာခြင်း

ရိုဟင်ဂျာ ဥက္ကဌ ဆိုသူ DAB ဌာနချုပ်ရှိရာ မာနယ်ပလောသို့ ရောက်ရှိလာခြင်း
———————————————————————————
သန်းဝင်း
အခုလို အချိန်ကာလမှာ ကျနော် ထိတွေ့ဖြတ်သန်းခဲ့ ရတဲ့ သမိုင်းအတွေ့အကြုံ တစ်ခုကို အခုအချိန်မှာ ပြောရင် သင့်တော်မယ် ဟု ထင်ပါသောကြောင့် အားလုံး သိနိုင်ရန် တင်ပြလိုက်ပါရစေ...
အချိန်က ၁၉၈၈ ကုန် ၁၉၈၉ ခုနှစ်ပါ အဲဒီအချိန်မှာ အများရဲ့ရွေးချယ်ပေးမှုကြောင့် ကျနော်ဟာ ABSDF ရဲ့အထွေထွေ အတွင်းရေးမှူး နှင့်အတူ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် ( DAB) မှာ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) အဖြစ် တာဝန်ထမ်းဆောင်တဲ့ ကာလပါ။ ပိုပြီး ထင်ရှားအောင်ပြောရရင် DAB တပ်ပေါင်းစုမှာ ဥက္ကဌ ဗိုလ်ချုပ်မြ (KNU ဥက္ကဌ ) ၊ ဒုဥက္ကဌ (၁) ဦးဘရန်ဆိုင်း ( KIO ဥက္ကဌ)၊ ဒုဥက္ကဌ (၂) ဦးနိုင်ရွှေကျင်( MNSO ဥက္ကဌ) ဒုဥက္ကဌ (၃) ဦးသွင်(PPP ဥက္ကဌ) ၊ အထွေထွေ အတွေင်းရေးမှူး ဦးတင်မောင်ဝင်း ( CRDB ဥက္ကဌ) တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နိုင်ဟံသာ (MNSO)၊တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဒေါက်တာ တူးဂျာ ( KIO) ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) သန်းဝင်း (ABSDF) ပါ။
ဒီတပ်ပေါင်းစုမှာ အဖွဲ့အစည်း ၂၀ ကျော်ပါတယ် ..ထိပ်ပိုင်းတာဝန်တွေကိုပဲ ဖေါ်ပြတာပါ..တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေအများကြီးပါ..ဒီလို လုပ်ဆောင်နေကြရင်း..
တနေ့မှာ ရိုဟင်ဂျာ ဥက္ကဌ ဆိုသူက DAB ဌာနချုပ် တည်ရှိရာ မက်နပလောသို့ ရောက်လာခဲ့တယ်။ ဘာကြောင့် ဘယ်သူ တွေကြောင့် ရောက်လာတယ် ဆိုတာတော့ မပြောတော့ပါ။ သမိုင်းမှာ အထင်ကာရ ရှိပါတယ်...
သူလာတဲ့ အကြောင်းက DAB မှာ ရိုဟင်ဂျာ အဖွဲ့ကို အဖွဲ့ဝင် ဖြစ်ရန် လာကြိုးစားတာ ဖြစ်တယ်။ ဒီလိုဖြစ်တော့ NDF အထွေထွေ အတွင်းရေးမှူး ခိုင်စိုးနိုင်အောင် (ALPရဲ့ ဒုဥက္ကဌ)၊ ခိုင်စောထွန်း (NUFA ဗဟိုကော်မတီဝင်) တို့က အပြင်းအထန် ကန့်ကွက်တယ်။
ထူးခြားတာက ဒီအေဘီ အဖွဲ့ဝင်ထဲမှာ မူဆလင် နှစ်ဖွဲ့ပါတယ်။ တစ်ဖွဲ့ကို ဦးတင်မောင်သက်က ဦးဆောင်တယ်။ နောက်တစ်ဖွဲ့က ရခိုင်ပြည်ဖွား မူဆလင် ဦးကျော်လှက ဦးဆောင်တယ်။ ဦးတင်မောင်သက်က ကန့်ကွက်မှု မပြင်းထန်ပေမဲ့ ဦးကျော်လှ ကတော့ ရခိုင်ပြည်မှာ ရိုဟင်ဂျာ ဆိုတာ မရှိကြောင်း ကျနော်လိုပဲ ရခိုင်မူဆလင် သာရှိကြောင်း ရှင်းပြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်... ဒီအချိန်မှာ ကျနော့် သဘောထားကို ပေးရန် လိုလာပြီ ဖြစ်သောကြောင့် ကျနော့် တစ်ဦးတည်း သဘောထားကို မပေးလိုသောကြောင့် ABSDF အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူပြီး သဘောထား ရယူခဲ့ပါတယ်..
ဗဟိုကော်မတီဝင် အားလုံးက ကန့်ကွက်သူ မရှိ။ ရိုဟင်ဂျာ အဖွဲ့ကို DAB အဖွဲ့ဝင် အဖြစ် လက်မခံကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်ကို ကျနော် DAB မှာ တရားဝင် တင်ပြ ခဲ့ပါတယ်။ နောက် ဒီအေဘီ ဗဟိုအစည်းအဝေးမှ အများသဘောထားဖြင့် ရိုဟင်ဂျာ အဖွဲ့ အဖွဲ့ဝင် လျှောက်ထားခြင်းကို ပယ်ချလိုက်ပါတယ်..
ဒီအေဘီ အစည်းအဝေးပြီးလို့ ကိစ္စဖြင့် ကျနော် မဲဆောက်ကိုသွားတဲ့အခါ ရိုဟင်ဂျာ ဥက္ကဌ က အတူလိုက်လာပြီး မဲဆောက်မှာ ကျနော်နဲ့ ဆွေးနွေးချင် ပါတယ်လို့ ပြောလာတယ်။ ကျနော်က လက်ခံလိုက်တယ်..
ဆွေးနွေးပွဲကို Maesot Hill ဟိုတယ်မှာ လုပ်ပါတယ်။ သူကအသေအချာ စီစဉ်ထားပါတယ်။ ဆွေးနွေးမဲ့ အခန်းကို ကျနော် ရောက်တော့ စားပွဲပေါ်မှာ အိတ်တစ်လုံး တင်ထားပြီး သူထိုင်နေပါတယ်။ ကျနော်လည်း ထိုင်ပြီး၊ အိတ်ထဲက ထိုင်းဘတ်ငွေ အများအပြားကို စားပွဲပေါ်မှာ ဖြန့်ခင်းလိုက်ပါတယ် . ပြီးတော့ ကျနော့်ကို စကားပြောပါတယ်.. သူပြောတာက ရိုဟင်ဂျာ အဖွဲ့ကို ဒီအေဘီ မှာ အဖွဲ့ဝင် ပြန်လည်ရရှိဖို့ ကျနော်က အေဘီ အနေဖြင့် ဒီအေဘီကို သဘောထား တင်ပေးဖို့ ဆွေးနွေးလာပါတယ်..
သဘောတူခဲ့ရင် အခုစားပွဲပေါ်မှာရှိတဲ့ ဘတ်ငွေ ၈၇၀၀၀၀ ဘတ်ကို စရံအဖြစ် ယူသွားပြီး အဖွဲ့ဝင် ဖြစ်သွားရင် နောက် ဘတ်နှစ်သန်း ထပ်ပေးပါ့မယ် လို့ပြောပါတယ် .. သူဒီလို ကျနော့်ကို ဆွေးနွေးတာက အဲဒီအချိန်မှာ အေဘီ ဟာ ဒီအေဘီ အတွက် အရေးပါတဲ့ အနေအထားမှာ ရှိနေတာကို သူသိလို့ လုပ်တာလို့ ထင်ပါတယ်...
ဒါကို ကျနော်က သဘောလည်းမတူဘူး ငွေကိုလည်း မယူဘူး.. ဒီငွေကိုယူပြီး သဘောတူခဲ့ရင် ကျနော်ဟာ မိမိမွေးဖွားခဲ့တဲ့ ရခိုင်ပြည်နှင့် မိမိနိုင်ငံ လူမျိုးကိုပါ ရောင်းစားသလို ဖြစ်သွားမယ်။ ဘယ်တော့မှ ဒီအလုပ်ကို မလုပ်ဖူးဟု ကျနော် ပြောပြီး ထထွက် လာခဲ့ပါတယ်..
ဒါဟာ သမိုင်းတကွေ့မှာ ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက် တခုကို တင်ပြ လိုက်တာဖြစ်ပါတယ်....
အားလုံးကို လေးစားစွာဖြင့်..
သန်းဝင်း
၅ စက်တင်ဘာ ၂၀၁၇
(U) Than Win's Facebook မှကူးယူဖော်ပြပါသည်။












No comments:

Post a Comment