Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 26, 2017

ARSA အစွန်းရောက် အကြမ်းဖက်သမားများ ရက်စက်စွာ သတ်ဖြတ်မြုပ်နှံခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများအားတွေ့ရှိ


အကြမ်းဖက်သမားတွေက ဟိန္ဒူဘာသာဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ရုံမက အမျိုးသမီးတွေကိုပါ မုဒိန်းကျင့်တယ်။ ကလေးတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်။ (အာရှီးကူးမား)
မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီး၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ရက်စက်စွာ သတ်ဖြတ်မြုပ်နှံခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများအား ဟိန္ဒူဘာသာဝင်များ၏ သတင်းပေးချက် အရ တာဝန်ရှိသူများက ပြန်လည်တူးဖော်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင် ရုပ်အလောင်း ၂၈ လောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ရုပ်အလောင်း ၁၇ လောင်း တို့ အား တူးဖော်တွေ့ရှိခဲ့သည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများ ရက်စက်စွာ သတ်ဖြတ်မြုပ်နှံခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများအား ပြန်လည်တူးဖော်ရာနေရာသို့ ရောက်ရှိနေသည့် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် တွေ့ဆုံကာ သေဆုံးခဲ့ရမှုနှင့်စပ်လျဉ်းပြီး တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြ လိုက်ရပါသည်။
ရွန်နီ (မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံအုပ်စု၊ အိုးထိန်းကျေးရွာ)
ပထမတူးဖော်လို့ရတဲ့ အလောင်း(၂၈)လောင်းထဲမှာ ကျွန်တော် အစ်ကိုရဲ့ အလောင်းပါတယ်။ အစ်ကို နာမည်က ဟန်နူး ပါ။ အစ်ကိုက သစ်တုံးနားခွဆုံကျေးရွာမှာ မိသားစုနဲ့ နေတာပါ။ သေတဲ့အလောင်းတွေကို စစ်ကြည်တော့ အစ်ကိုဝတ်နေကျ အင်္ကျီကိုတွေ့ပြီး ကျွန်တော် အစ်ကို ဆိုတာသိရတာပါ။ ခမောင်းဆိပ်မှာရှိတဲ့ သူရဲ့သမီး ဆီကို ညအိပ်အလည်သွားတယ်။ ပြဿနာဖြစ် တဲ့နေ့မှာ ခမောင်းဆိပ်မှာရှိတဲ့ ကျွန်တော်တို့ ဟိန္ဒူဘာသာဝင်တွေကို အကြမ်းဖက်တွေ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့အထဲ အစ်ကိုပါသွားပြီး လမ်းမှာ သတ်ပစ် လိုက်တာပါ။ ဟိန္ဒူဘာသာဝင် မိန်းကလေး ရှစ်ယောက်နဲ့ ကလေးတွေကို ဘင်္ဂလားဒေ့ရှ်ဘက် ဖမ်းခေါ်သွားပြီး မိန်းမတွေကို မုဒိန်းကျင့်ပါတယ်။ အဲ့ဒီ မိန်းမတွေနဲ့ ကျွန်တော်တို့ အဆက်အသွယ်ရခဲ့တယ်။ အစ်ကိုရဲ့ မိန်းမနဲ့ ကလေးတွေလည်း သေလား ရှင်လားမသိရသေးဘူး။ တော်တော်များများကို အကြမ်းဖက်တွေက သတ်ပစ် လိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ဟိန္ဒူဘာသာဝင်တွေနေတဲ့ ခမောင်းဆိပ်ကျေးရွာ ပတ်ပတ်လည်မှာက ဘင်္ဂါလီရွာတွေပါ။
အာရှီးကူးမား (မောင်တော ၄ ရပ်ကွက်)
ကျွန်တော်က မောင်တောမြို့မှာ မိသားစုနဲ့ နေတာပါ။ အသတ်ခံရတဲ့အထဲမှာ ကျွန်တော် မိန်းမရဲ့ မိဘတွေပါသွားတယ်။ သူတို့က ခမောင်းဆိပ်တောင်ရွာမှာ နေတာပါ။ ကျွန်တော် သမီးလေးက မိန်းမရဲ့ မိဘတွေဆီမှာ နေပါတယ်။ အသတ်ခံရတဲ့အထဲမှာ ကျွန်တော် သမီးရယ် မိန်းမရဲ့ အဖေ၊ အမေနဲ့ ယောက်ဖ ပါသွားတယ်။ အခုတူးဖော်လို့ရတဲ့ အလောင်းတွေထဲမှာ မိန်းမအမေအလောင်းရယ် ယောက်ဖ အလောင်းရယ် ပါတယ်။ ကျွန်တော်သမီးနဲ့ မိန်းမအဖေက ရှာလို့ မတွေ့သေးဘူး။ သမီးလေးက ၆ နှစ်ဘဲ ရှိသေးတယ်။ မိန်းမက သူ့သမီးနဲ့ သူ့မိဘတွေ အသတ်ခံရလို့ စိတ်ကစင့်ကလျားဖြစ်နေပါတယ်။ အသတ်ခံရတဲ့ သူတွေအကုန်လုံးက လည်ပင်း လှီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာပါ။ တစ်ချို့ ခြေတွေလက်တွေ ခုတ်ဖြတ်ထားတာ တွေ့ရတယ်။ သမီးလေးကို မြန်မြန်ရှာတွေချင်ပါတယ်။ အသတ်ခံရလို့ သမီးလေးအလောင်း အရိုးကျ နေရင်တောင် ကျွန်တော်သမီးကို မှတ်မိပါတယ်။ သမီးလေး နောင်ဘ၀ ဒီလိုအဖြစ်ဆိုး မျိုးနဲ့ မကြုံရပါစေနဲ့လို့ ဆုတောင်းပါတယ်။ အကြမ်းဖက်သမားတွက ဟိန္ဒူဘာသာဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ရုံမက အမျိုးသမီးတွေကိုပါ မုဒိန်းကျင့်တယ်။ ကလေးတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ထားပါတယ်။
ဆလ်မွန်ဘာလာ (ကြိမ်ချောင်းကျေးရွာ)
တူးဖော်လို့ရတဲ့ အလောင်းတွေထဲမှာ ကျွန်မယောက်ျားရဲ့ ညီနှစ်ယောက်ပါတယ်။ ဘစ်စနီးယားနဲ့ ဟန်မွန်တီပါ။ နှစ်ဦးစလုံးက ကျွန်မနဲ့ မတ်တော် ပါတယ်။ သူတို့ရဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း အသတ်ခံလိုက်ရပါတယ်။ မိသားစု တစ်စုက သားသမီးနှစ်ဦး၊ ကျန်တစ်စုက ကလေး သုံးဦးရှိပါတယ်။ အဲဒီ ကလေးတွေနဲ့ သူတို့မိန်းမတွေလည်း ရှာလို့မတွေ့သေးပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကလေးတစ်ယောက် ပါသွားတယ်လို့ သိရတယ်။ အဲဒီသတင်းတွေ က သူများဆီက တစ်ဆင့်ကြားရတာပါ။ ကျွန်မက အခု ကြိမ်ချောင်းရွာမှာ နေပါတယ်။ ကျွန်မယောက်ျားရဲ့ ညီနှစ်ယောက်က ခမောင်းဆိပ်မှာ ပန်းဘဲဖို လုပ်တာပါ။
မာဒူးရီ (ခမောင်းဆိပ်တောင်ရွာ)
အသတ်ခံရတဲ့ထဲမှာ ကျွန်မညီမရယ် သူ့ယောက်ျားနဲ့ သားနှစ်ယောက် ပါသွားတယ်။ ဒီဖြစ်စဉ်မဖြစ်ခင်မှာ ကျွန်မက သမန်းသားရွာ ရောက်နေလို့ အသက်ရှင်ခဲ့ပါတယ်။ အခု တူးဖော် လို့ရတဲ့ အလောင်းတွေထဲမှာ ညီမအလောင်း ပါတယ်။ ကျွန်မ ညီမလက်မှာ လက်ကောက်ဝတ် ထားတယ်။ သူဝတ်နေကျ လက်ကောက်ကို ကြည့်ပြီး ညီမအလောင်းပါလို့ ပြောလို့ရတာပါ။ ကျွန်မညီမ ယောက်ျားနဲ့ သူ့သားနှစ်ယောက် အလောင်းကတော့ အခုအချိန်အထိ ရှာလို့ မတွေ့သေးဘူး။
အော်နိုဗာလာ (ခမောင်းဆိပ်ကျေးရွာ)
တူးဖော်လို့ရတဲ့ အလောင်းတွေထဲမှာ ကျွန်မယောက်ျားနဲ့ သားနှစ်ယောက်ပါတယ်။ အဲဒီနေ့က ကျွန်မယောက်ျားဝတ်သွားတဲ့ အ၀တ်အစားတွေ၊ သားတွေ ၀တ်ထားတဲ့ အ၀တ်အစား တွေကို မှတ်မိနေတဲ့အတွက် ကျွန်မယောက်ျားနဲ့ ကျွန်မသားတွေဆိုတာ ခွဲခြားနိုင်ခဲ့တယ်။ အလောင်းတွေမှာ လည်ပင်းလှီးပြီး ခြေတွေလက်တွေကို ဓားနဲ့ခုတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရ တယ်။ တစ်ချို့ခြေထောက်တွေဆို ပြတ်လုနီးပါးဖြစ်နေတယ်။ အဲ့ဒီအခင်းဖြစ်တဲ့အချိန်မှာ ကျွန်မ က မောင်တော ရောက်နေလို့ အသက်ရှင်ခဲ့ပါတယ်။ ကျွန်မဆွေမျိုး ၁၅ ယောက်လောက်လည်း ပျောက်တေယ်။ အခုအချိန်အထိ ရှာလို့မတွေ့သေးဘူး။ ကျွန်မတို့ ခမောင်းဆိပ်ရွာက ဟိန္ဒူ ဘာသာဝင်တွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့တာပါ။
မီနု(မောင်တော ၄ ရပ်ကွက်)
ကျွန်မက မောင်တောမှာနေပါတယ်။ ခမောင်းဆိပ်တောင်ရွာမှာ သားနှစ် ယောက်ရယ် သမီးရယ် နေပါတယ်။ သားအကြီးနဲ့ သမီးက အိမ်ထောင်နဲ့ပါ။ သားတစ်ယောက်က လူပျိုပါ။ သား တွေက ခမောင်းဆိပ်မှာ ပန်းထိမ်လုပ်ငန်းလုပ်ပါတယ်။ မနေ့က နောက်ထပ် အလောင်းဖော် တဲ့ထဲမှာ သားနှစ်ယောက် အလောင်းတွေ ပါလာပါတယ်။ သားအကြီးရဲ့ မိန်းမနဲ့ ကလေးရယ်၊ ကျွန်မသမီးနဲ့မြေးကို အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေရှ့်ဘက်ကို ဖမ်းခေါ်သွားတယ်။ ဟိုဘက်မှာရှိတဲ့ ကျွန်မတို့ ဟိန္ဒူဘာသာဝင်တွေနဲ့တွေလို့ ခေါ်ထားတယ်လို့ သိရတယ်။ သမီးနဲ့ ချွေးမတို့နဲ့လည်း ဖုန်းအဆက်အသွယ်ရပါတယ်။ သားတွေ ဖွင့်ထားတဲ့ ပန်းထိမ် လုပ်ငန်းက ရွှေ တွေကို အကြမ်းဖက်သမားတွေ ယူသွားတယ်လို့ သိရပါတယ်။
Information Committee







No comments:

Post a Comment