Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 9, 2017

အသားစုံမြေအိုးကွဲဟင်း


အသားစုံမြေအိုးကွဲဟင်း
*******************
သူများကိုအားကျလို့ ဟင်းချက်နည်းတင်ပေးမယ်ဗျာ။ ကုန်ကျစားရိတ်တော့ နည်းနည်းများမှာဖြစ်တဲ့အတွက် လစာထုတ်ပြီးချိန်လောက်မှာ ချက်ရင်အတော်ပါပဲ။ စားလို့ကောင်းမှာကတော့ အာမခံပါတယ်ဗျာ။
လိုအပ်တာတွေကတော့.....
အမဲသား၊ ဝက်သား၊ ကြက်သား၊ ဆိတ်သား၊ ဘဲသား၊
အသားအစုံ၊ ငါးအစုံ၊ ပုဇွန်​ ၊ပင်လယ်စာ ရနိုင်သလောက်( စုံလေကောင်းလေ )
နွားနို့၊ ကျွဲနို့( ရရာ )
အရက် ( ဝီစကီ၊ ရမ် )
ကြက်သွန်ဖြူ /နီ ၊ ဂျင်း၊ ဆနွင်း၊ သကြား
သံပုရာသီး၊ ရှာလကာရည်၊ ဗနီဂါ ကောင်းကောင်း၊
နှမ်းဆီမွှေး၊ ဆီ ( နှစ်သက်ရာ )
ဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်၊ နံနံပင်၊ ပူဒီနာ၊
မြေအိုး အသစ်တလုံး၊
အသားငါးများကို အနေတော်တုံးတစ်ပြီး ဆား၊ သကြား၊ ငံပြာရည် ၊ ကြာညို့ ၊ ပဲငံပြာရည်​ အကြည်၊ ဒိန်ချဉ်၊ အရက် တို့ဖြင့် သေခြာရောနယ်ပြီး တနာရီခန့် နှပ်ထားပါ။
မြေအိုးအသစ်ကို သေခြာစွာသန့်စင်ပြီး မီးပေါ်တင် အပူပေးပါ။
အိုးပူလာလျှင် ဆီထည့်၍ ကြက်သွန်ဖြူ / နီ ၊ ဂျင်းတို့ကိုထောင်းပြီး ဆီသတ်ပါ။ ကြက်သွန်နံ့မွှေးလာလျှင် နှပ်ထားသော အသားစုံကိုထည့်ပြီး အဖုံးအုပ်၍ ချက်ပါ။ အနံ့ထွက်လာလျှင် အသားမြုပ်အောင်ရေထည့်ပြီး မီးပြင်းပြင်းဖြင့် ချက်ပါ။
အရည်ခမ်းလျှင် နောက်ထပ်ရေမထည့်တော့ပဲ နွားနို့ထည့်၍ ချက်ပါ။ အရည်ပျစ်ပျစ်ဖြစ်လာလျှင် ဟင်းခတ်အမွှေးအကြိုင်များထည့်ရပါမည်။ အမဲသားအတွက် မာဆလာတထုတ်ဖြူးထည့်ပါ။ ဝက်သားအတွက် တရုပ်မာဆလာ တဇွန်းထည့်ပါ။ ဆိတ်သားအတွက် သံပုရာရည်​ ညှစ်ထည့်၍ ကုလားမာဆလာတထုတ်ဖြူးထည့်ပါ။ ကြက်သားအတွက် ဂျင်းကိုထောင်းထည့်ပါ။ ဘဲသားအတွက် ဗနီဂါထည့်ပါ။ ငါးအတွက် ရှမ်းနံနံ လှီးထည့်ပါ။ ပုဇွန်အတွက် ရှာလကာရည်လောင်းထည့်ပါ။ အားလုံးအတွက် ခရုဆီလောင်းပါ။
အရသာအတွက် ဆားတဇွန်း၊ အသားမှုန့်တဇွန်း၊ အချိုမှုန့်တဇွန်း၊ သကြားနှစ်ဇွန်းထည့်ပါ။ အချဉ်ကြိုက်တတ်လျှင် သံပုရာရည်​ ထပ်ညှစ်ထည့်ပါ။
အိုးချခါနီးလျှင် နံနံပင်၊ ပူဒီနာ၊ ဆမြိတ်၊ငရုပ်သီးစိမ်း၊ ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထည့်၍ အုပ်လိုက်ပါ။ကရဝေးရွက်၊သစ်ကြံ့ပိုးခေါက် ထည့်ပါ။ ဟင်းကျက်ပါပြီ။
အရသာ မြည်းကြည့်ပါ။ ဘယ်လိုအနံ့ကြီးမှန်းမသိ၊ ဘာအရသာကြီးမှန်းမသိ ဖြစ်သွားပါလိမ့်မည်။ ဘယ်လိုမှ စားမရတော့ပါ။ အိုးကို အိမ်နောက်ဖေးယူသွားပြီး ပေါက်ခွဲလိုက်ပါ။ အသားစုံမြေအိုးကွဲဟင်း ဖြစ်သွားပါပြီ။
အိမ်သားအားလုံးလဲ ဆာနေကြပါပြီ။ အပြင်ထွက်၍ ဆိုင်ကောင်းကောင်းတွင် ကိုယ်နှစ်သက်ရာ မှာစားလိုက်ကြပါ။
ငွေကုန်ကြေးကျ များသော်လည်း စားလို့ကောင်းမည်မှာတော့ အမှန်ပင်ဖြစ်ပါမည်။
( ဒေါ် Thida Khin Mg. ရဲ့ သတ်သက်လွတ်ဟင်းလောက်များ၊ ပျင်းတောင်ပျင်းသေး )
YU WA 

No comments:

Post a Comment