Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 6, 2017

၈၈၈၈

*၈၈၈၈*
မျက်စိရှက်စရာ ပန်းချီကောက်ကြောင်းတခု မဟုတ်ပါဘူး မိတ်ဆွေ ။
တကယ်လို့ ခင်ဗျားဟာ
ခန္ဓာကိုယ်နဲ့ ခြေထောက်တွေကို
အချက်ပေါင်း ရာချီပြီး
နံပါတ်ဒုတ်နဲ့ ရိုက်နှက်ခံထားရမယ်။
ဘယ်လက်တဖက်ဟာ အပေါ်ကိုမြှောက်လို့မရအောင်
နောက်ကျောလက်ပြင်ကို ပြုတ်ထွက်မတတ် အချက်ပေါင်းများစွာ ထိုးခံထားရမယ်။
ဘေးစောင်းအိပ်မရအောင် နံရိုးနှစ်ဖက်လုံးကို
ဘွတ်ဖိနပ်နဲ့ စိတ်ရှိတိုင်း အကန်ခံထားရမယ်။
တစ်လက်မလောက်ကွဲပြီး
ဦးခေါင်းဟာ
လက်တ၀ါးအုပ်စာလောက် ဖုနေမယ်။
ခြေထောက်တွေဟာ
၄၅ံ ဒီဂရီ လောက်တောင် ကွေးမရတော့အောင်
နာကျင်ကိုက်ခဲနေမယ်။
အဲသလိုဆိုရင်
ခင်ဗျားလည်း သူ့လိုပဲ
နေ့ဘက်တွေဆို ရှက်လို့
ညဘက်ရောက်မှ
သံတိုင်ကို
ကောင်းနေသေးတဲ့ လက်တဖက်နဲ့အားပြုကိုင်
ခန္ဓာကိုယ်တခုလုံး ပြုတ်ကျမသွားအောင်ထိန်းပြီး
အိမ်သာတက်ရလိမ့်မယ်။
တိုင်းပြည်ပြောင်းလဲဖို့
အီးတောင် ဖြောင့်ဖြောင့်ပါရတာမဟုတ်ဘူး ဆိုတာကို နားလည်မယ်ဆိုရင်
ခုအခြေအနေကို မဖျက်ဆီးမိပါစေနဲ့ ။ ။
credit

No comments:

Post a Comment