Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 1, 2017

ဂန့်ဂေါတွင် မိုးကြိုးထိမှန်၍ သေဆုံးနေသည့် အမျိုးသမီးပုတ်ပွ အလောင်းတွေ့ရှိ



ဂန့်ဂေါ သြဂုတ် ၁

ဂန့်ဂေါမြို့နယ်၊မြစ်သာမြစ်အနီးတွင် မိုးကြိုးထိမှန်၍သေဆုံးခဲ့သည့် အမျိုးသမီးပုတ်ပွ အလောင်းတစ်လောင်းအား ဇူလှိုင်(၃၁)ရက်နေ့ ညနေပိုင်းကတွေ့ရှိခဲ့ကြောင်း ဂန့်ဂေါမြို့မရဲစခန်းမှသိရသည်။ဖြစ်စဉ်မှာ ဇူလှိုင်(၃၁)ရက်နေ့ ညနေ(၅) နာရီခွဲအချိန်က မြစ်သာမြစ်အနီးရှိ လူသွားလမ်းတွင် လူတစ်ဦးပုတ်ပွသေဆုံးနေကြောင်းသတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးစိုး သွားရောက်စစ်ဆေးခဲ့သည်။

 သေဆုံးသူမှာ ဒေါ်စန်းမူ(ခ)ဒေါ်ပဲ၊၆၄နှစ်၊ မြောက်ကုန်း ရပ်ကွက်၊ဂန့်ဂေါမြို့နေသူ အား ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ခန္ဓာကိုယ်တွင် မိုးကြိုးထိမှန်၍ ညိုမဲပုပ်ပွပြီး မှောက်လျှက်အနေအထားဖြင့် သေဆုံးနေ သည်ကိုစစ်ဆေးတွေ့ရှိခဲ့၍ စုံစမ်းမေးမြန်းခဲ့ရာ သေဆုံးသူ ဒေါ်စန်းမူ(ခ)ဒေါ်ပဲ၏ သားမက်ဖြစ်သူ အောင်ကိုလတ် မှ ဇူလိုင်(၂၈)ရက်နေ့ နေလည်(၁၂)နာရီခွဲအချိန်ခန့်က ဒေါ်စန်းမူ(ခ)ဒေါ်ပဲသည် စိုင်ဒူးကျေးရွာရှိ ၎င်း၏ညီမဖြစ်သူ ဒေါ်အေးကြည်၏နေအိမ်သို့သွားရာမှ ဇူလှိုင်(၃၁)ရက်နေ့အထိ ပြန်ရောက်လာခြင်းမရှိသဖြင့် ဖုန်းဆက်မေးမြန်းကြည့်ရာ ၎င်းတို့ထံရောက်ရှိခြင်းမရှိကြောင်းသိရှိခဲ့၍ လိုက်လံရှာဖွေရာ ဇူလှိုင်(၃၁)ရက်နေ့ ညနေ(၄)နာရီခွဲအချိန် ဂန့်ဂေါမြို့နှင့် စိုင်းဒူးရွာကြာ မြစ်သာမြစ်အနီးရှိ နှမ်းခင်းအစပ်တွင် သေဆုံနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းပြောပြသိရှိခဲ့ခြင်းဖြစ်သည်။

 ယင်းအမျိုးသမီးသေဆုံးမှုနှင့်ပက်သက်၍ ဒုရဲမှူး စိုးစိုး မှ တရားလိုပြုတိုင်ကြားခဲ့၍ ဂန့်ဂေါမြို့နယ်၊မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၇ ဖြင့်အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment