Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, August 1, 2017

အေမရိကန္ေလေၾကာင္းလုိင္းမွာ ျမန္မာအမ်ိဳးသမီး ေလယာဥ္မွဴး တစ္ဦး တာ၀န္ထမ္းျပီ

(ဒီေဆာင္းပါးေလးေတြ႕ေတာ့ ဝမ္းသာအားရနဲ႔ မွ်ေဝဖုိ႔အတြက္ ထုံးစံအတုိင္း
အမွန္တကယ္ ဟုတ္ မဟုတ္ကုိ googling လုပ္ၾကည့္ေတာ့ ဘယ္မွာမွ
ဒီအေၾကာင္းအရာကုိ ရွာလုိ႔မေတြ႕သလုိ ပုံေတြကလည္း အင္တာနက္ကပုံေတြ
ျဖစ္ေနပါတယ္၊ ဒီပုိ႔စ္ကုိေရးတဲ့ အမ်ဳိးသမီးရဲ႕ ေရးသားထားတာကုိ ဖတ္ၾကည့္ေတာ့
သူက M’c Donald ဆုိင္မွာ အခ်ိန္ပုိင္းလုပ္ၿပီး Chiba University တက္ေနတာလုိ႔
သိရပါတယ္။ သူ႔အေျပာအရ ၿပီးခဲ့တဲ့ ဇူလုိင္ ၂၉ ရက္ေန႔မွာ ဖေလာ္ရီဒါကေန
ကယ္လီဖုိးနီးယားထိ ေမာင္းႏွင္လာမယ့္ေလယာဥ္မွဴးက Genbette Susan လုိ႔
အမည္ရတဲ့ ျမန္မာႏြယ္ဖြား အမ်ဳိးသမီးတစ္ဦးျဖစ္တယ္လုိ႔ ခန္႔မွန္းၾကည့္ႏုိင္တာက
လြဲရင္ ေခါင္းစဥ္မွာေပးထားသလုိ ဘယ္ျမန္မာ အမ်ဳိးသမီး ေလယာဥ္မွဴးတစ္ဦး
အေၾကာင္းကုိမွ ေဖာ္ျပထားတာမေတြ႕ရလုိ႔ အံံ့ၾသရပါတယ္။ ပုံေတြမွာ ေဖာ္ျပထား
တာေတြကုိ ရွာၾကည့္ေတာ့လည္း Genbette Susan နဲ႔ United Express က
ရွာလုိ႔မရေတာ့ က်ေနာ္တုိ႔ ဘယ္မွာရွိၿပီး ဘယ္သူဘယ္ဝါမွန္း မသိရတဲ့ သူတစ္ဦးကုိ
ရမ္းၿပီး ဂုဏ္ယူေနၾကသလုိျဖစ္ေနတာကုိ ေတြ႕ရပါတယ္။ ေလယာဥ္မွဴးကုိ ဂုဏ္ယူ
ေနတာလား.. ဒါမွမဟုတ္ Ph.D တက္တဲ့ ေဆာင္းပါးရွင္ကုိ ဂုဏ္ယူေနၾကတာ
လားဆုိတာေတာ့ မသဲကြဲပါဘူး။ Ph.D ကလည္း ၁၉၈၉ ခုႏွစ္ကလုိ႔ ဆုိထားပါတယ္။
ပုိ႔စ္မွာေတာ့ ေလယာဥ္မွဴးအေၾကာင္း နဲ႔ စာေရးသူအေၾကာင္းက ဟုတ္တိပတ္တိ 
ပါတာမေတြ႕ရေတာ့ စဥ္းစားစရာေပါ႔ေလ...
မတိက်တဲ့ သတင္းရင္းျမစ္တစ္ခုကေတာ့ အင္တာနက္မွာ share သူေပါင္းမ်ားစြာနဲ႔
အေတာ့္ကုိ ပ်ံ႕ႏွံ႔ေနပါတယ္။ ေအာက္မွာ မူရင္းပုိ႔စ္ကုိ ေဖာ္ျပေပးထားပါတယ္။)
Moe Nat Minn


 အေမရိကန္ေလေၾကာင္းလုိင္းမွာ ျမန္မာအမ်ိဳးသမီး ေလယာဥ္မွဴး တစ္ဦး တာ၀န္ထမ္းျပီ

US ရဲ႕​ေကာင္​းကင္​ယံမွ ျမန္​မာမိန္​းက​ေလး​ ေလယာဥ္​မႉးတစ္​​ေယာက္​ ​ေမာင္​ႏွင္​ခြင္​့ရ​ေတာ့မယ္​.
29.7.2017 Genbette Susan!ေဘးရန္ကင္းစြာနဲ႕ Florida မွCalifonia ထိပ်ံသန္းလာႏိုင္ဘို႕ဂုဏ္ယူစြာေစာင့္ေနပါတယ္..နာရီ ၂၀ ၾကာမွာမို႕စိတ္ေတာ့ပူမိပါတယ္..US ရဲ႕ေကာင္းကင္ျပင္မွာျမန္မာမိန္းခေလးေလယဥ္မႈးတေယာက္ေမာင္းႏွင္ခြင့္ရခဲ့ၿပီမို႕အထူးဝမ္းသာတယ္..တတ္ႏိုင္လို႕အခြင့္အေရးရခဲ့ရင္ လကမာၻထိ သြားႏိုင္ၿပီး ျမန္မာ့အလံကိုလည္းလႊင့္ထူခြင့္ရခ်င္ပါတယ္…

၁၉၈၉ ၉လပိုင္းတုန္းကအျဖစ္ကိုသတိယမိပါတယ္…ဂ်ပန္တကၠသိုလ္တခုမွာ၂ႏွစ္သင္တန္းကို ၁ႏွစ္ထဲစာေပါင္းက်က္ဘဲြ႕ရဘို႕ေပါ့…အဲအခ်ိန္နဲ႔ကိုက္ၿပီးChiba University မွာ Ph.D သင္တန္း (၁၄)ရက္တက္ၿပီး ဝငခြင့္ေျဖဘို႕စာက်က္ရ…ေမေမက်န္းမာေရးကလည္းမေကာင္းတဲ့ ျပန္ေစာင့္ေရွာက္ရမလားမသိေတာ့ ပိုက္ဆံေလးရေအာင္ညေန ၅-၉:၀၀
M’c Donald ဆိုက္မွာpart time ကမဖ်က္ဘဲဆင္း …

မနက္ ၇:၀၀ ရထားစစီး စာေမးပဲြေျဖ ၁၁:၃၀ ဆိုChiba University သြား ၁၂:၀၀-၄:၃၀ စာသင္ၿပီးအလုပ္သြားရေတာ့ ထမင္းစားခ်ိန္ေတာင္မရွိ…အိမ္ကို၁၁:၀၀ေရာက္ရင္ေရခ်ိဳးဘုရားရွစ္ခိုးၿပီးစာမ်က္မ်က္ႏွာ ၁၃မ်က္ႏွာပါစာတမ္းကိုဆက္ေရးလိုက္တာ…အမလတ္က နင့္မ်က္ႏွာမွန္ၾကည့္မိရဲ႕လားတဲ့


(တကယ္ေတာ့မွန္မၾကည့္ခဲ့မိပါ)
ေမ်ာက္ေခါင္း႐ုပ္ျဖစ္ေနၿပီတဲ့ေလ…ဒါေပမဲ့ဘဝရဲ႕လိုအပ္တဲ့အရာေတြကို ေလ်ာ့လို႕မရဘူးေလ… အားလုံးကိုေအာင္ျမင္စြာေဆာင္ရြက္ၿပီး ေမေမ့ကိုခဏေတြ႕ဘို႕ျပန္လာတယ္…
အဲဒီအခ်ိန္မွာ ကားလက္ေဆာင္တစီးေပးႏိုင္ခဲ့တယ္..က်မ တကၠသိုလ္မွာ တေက်ာင္းလံုး ပထမ နဲ႕ေအာင္ခဲ့တယ္…Ph.D(Biochemistry ) ကိုScholar အျပည့္နဲ႔တက္ခြင့္ရခဲ့
တယ္… လူ႕ဘဝမွာ ထိပ္ဆုံးေရာက္ဘို႕ႀကိဳးစားရမွာပါ..


ကိုယ့္လူမ်ိဳးအခ်င္းခ်င္းနဲ႕ဘယ္သူကို မွမၿပိဳင္ပါဘူး…က်မၿပိဳင္မဲ့လူက ကမာၻအလယ္မွာျမန္မာကိုေနရာမေပးခ်င္တဲ့သူေတြအတြက္…ျမန္မာဆိုတာ
ဘယ္လိုစိတ္ထားရွိတယ္..ေတာ္တယ္ဆိုတာသိေစခ်င္တာပါဘဲ…..
Credit-Nyo Nyo Thein



Unicode
အမေရိကန်လေကြောင်းလိုင်းမှာ မြန်မာအမျိုးသမီး လေယာဉ်မှူး တစ်ဦး တာဝန်ထမ်းပြီ

US ရဲ့ကောင်းကင်ယံမှ မြန်မာမိန်းကလေး လေယာဉ်မှူးတစ်ယောက် မောင်နှင်ခွင့်ရတော့မယ်.
29.7.2017 Genbette Susan!ဘေးရန်ကင်းစွာနဲ့ Florida မှCalifonia ထိပျံသန်းလာနိုင်ဘို့ဂုဏ်ယူစွာစောင့်နေပါတယ်..နာရီ ၂၀ ကြာမှာမို့စိတ်တော့ပူမိပါတယ်..US ရဲ့ကောင်းကင်ပြင်မှာမြန်မာမိန်းခလေးလေယဉ်မှုးတယောက်မောင်းနှင်ခွင့်ရခဲ့ပြီမို့အထူးဝမ်းသာတယ်..တတ်နိုင်လို့အခွင့်အရေးရခဲ့ရင် လကမ္ဘာထိ သွားနိုင်ပြီး မြန်မာ့အလံကိုလည်းလွှင့်ထူခွင့်ရချင်ပါတယ်…

၁၉၈၉ ၉လပိုင်းတုန်းကအဖြစ်ကိုသတိယမိပါတယ်…ဂျပန်တက္ကသိုလ်တခုမှာ၂နှစ်သင်တန်းကို ၁နှစ်ထဲစာပေါင်းကျက်ဘွဲ့ရဘို့ပေါ့…အဲအချိန်နဲ့ကိုက်ပြီးChiba University မှာ Ph.D သင်တန်း (၁၄)ရက်တက်ပြီး ဝငခွင့်ဖြေဘို့စာကျက်ရ…မေမေကျန်းမာရေးကလည်းမကောင်းတဲ့ ပြန်စောင့်ရှောက်ရမလားမသိတော့ ပိုက်ဆံလေးရအောင်ညနေ ၅-၉:၀၀
M’c Donald ဆိုက်မှာpart time ကမဖျက်ဘဲဆင်း …

မနက် ၇:၀၀ ရထားစစီး စာမေးပွဲဖြေ ၁၁:၃၀ ဆိုChiba University သွား ၁၂:၀၀-၄:၃၀ စာသင်ပြီးအလုပ်သွားရတော့ ထမင်းစားချိန်တောင်မရှိ…အိမ်ကို၁၁:ဝဝရောက်ရင်ရေချိုးဘုရားရှစ်ခိုးပြီးစာမျက်မျက်နှာ ၁၃မျက်နှာပါစာတမ်းကိုဆက်ရေးလိုက်တာ…အမလတ်က နင့်မျက်နှာမှန်ကြည့်မိရဲ့လားတဲ့

(တကယ်တော့မှန်မကြည့်ခဲ့မိပါ)
မျောက်ခေါင်းရုပ်ဖြစ်နေပြီတဲ့လေ…ဒါပေမဲ့ဘဝရဲ့လိုအပ်တဲ့အရာတွေကို လျော့လို့မရဘူးလေ… အားလုံးကိုအောင်မြင်စွာဆောင်ရွက်ပြီး မေမေ့ကိုခဏတွေ့ဘို့ပြန်လာတယ်…
အဲဒီအချိန်မှာ ကားလက်ဆောင်တစီးပေးနိုင်ခဲ့တယ်..ကျမ တက္ကသိုလ်မှာ တကျောင်းလုံး ပထမ နဲ့အောင်ခဲ့တယ်…Ph.D(Biochemistry ) ကိုScholar အပြည့်နဲ့တက်ခွင့်ရခဲ့
တယ်… လူ့ဘဝမှာ ထိပ်ဆုံးရောက်ဘို့ကြိုးစားရမှာပါ..


ကိုယ့်လူမျိုးအချင်းချင်းနဲ့ဘယ်သူကို မှမပြိုင်ပါဘူး…ကျမပြိုင်မဲ့လူက ကမ္ဘာအလယ်မှာမြန်မာကိုနေရာမပေးချင်တဲ့သူတွေအတွက်…မြန်မာဆိုတာ
ဘယ်လိုစိတ်ထားရှိတယ်..တော်တယ်ဆိုတာသိစေချင်တာပါဘဲ…..
Credit-Nyo Nyo Thein

No comments:

Post a Comment