Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 1, 2017

အမည်းသွားတောင်းစားရာမှ စကားများကာ ပုဆိန်ဖြင့် ခုတ်သတ်မှု ပေါင်မြို့နယ်တွင်ဖြစ်ပွား


ဓါတ်ပုံ - Paung Daily
ပေါင် သြဂုတ် ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာတွင် ဇူလိုင်လ ၃၀ရက်ညက လူ၂ဦးမှ အမည်းသွားတောင်းကာ စကားများရန်ဖြစ်ရာမှ ပုဆိန်ဖြင့် ခုတ်သတ်ကာ လူသတ်ခဲ့မှုဖြစ်ခဲ့သည်ဟု ရင်းငြိမ်ရဲကင်းစခန်းမှ သိရသည်။

ဇူလိုင်လ ၃၁ရက် မနက် ၈ နာရီတွင် ဦးဇော်ဦးမှ လယ်တဲသို့ သွားရောက် ခဲ့ရာတွင် ၎င်းတဲရှေ့၌ သွေးအိုင်ကွက်တွေ့ရှိရသဖြင့် သားဖြစ်သူကို လိုက်လံရှာဖွေခဲ့ရာ လယ်တဲရှေ့ရှိကွင်းပြင်တွင် လူဆွဲထားသည့် အရာများတွေ့ရှိရသဖြင့် ဆယ်အိမ်မှူးထံ အကြောင်းကြားပြီး စုံစမ်းခဲ့ရာ ၎င်းတဲအနီးရှိ ကိုစိုးဝင်း(ခ)သားပု ဆိုသူက ဇူလိုင်လ ၃၀ ရက် ညပိုင်းက ကိုလှထွန်းဆိုသူနှင့် အမွန်(ခ)မွန်တင် တို့နှစ်ဦးအား သေဆုံးသူ တင်ကိုရှိန် ၏တဲအနီးတွေ့ရှိခဲ့၍ ဘယ်မသွားမလဲဟုမေးခဲ့ရာ တင်ကိုရှိန်တဲမှာ အမြည်းသွားတောင်းမည်ဟု ပြောပြသိရှိရကြောင်း၊ ဇူလိုင် ၃၁ ရက် မနက် ၁နာရီခန့်တွင် ၎င်းတဲအနီးနေသူ ခင်မောင်ဌေးဆိုသူက တင်ကိုရှိန် တဲအတွင်းမှ ဆူညံသံများကြားခဲ့ကြောင်း ရဲမှတ်တမ်းများမှ သိရသည်။

''၊သေဆုံးတဲ့ကောင်လေးကလည်း တဲထဲမှာ တစ်ယောက်ထဲအိပ်နေကြ ဘဲ။ မနက်မိုးလင်းသူ့အဖေက ရွာကနေဆင်းပြီး တဲထဲရောက်တော့မှ သူ့သားကိုမတွေ့တာနဲ့ လိုက်ရှာရာမှ တဲရှေ့မှ သွေးကွက်အိုင်တွေ့ လိုက်တယ်။ လမ်းတစ်လျှောက်မှာလည်း ဒရွတ်တိုက်ဆွဲထားတဲ့ အရာတွေ့တော့ ရဲကို အကြောင်းကြားတာနဲ့ အဖွဲ့တွေအားလုံး လိုက်ရှာတော့ အလောင်းကို ဘိုင်လောင်း ချောင်းဝမှာ သွားတွေ့တယ်။ ဒီအမှုရဲ့ ကွင်းဆက်ကို လိုက်တော့ ဖမ်းဆီးရမိခဲ့တာပါ"ဟု ရင်းငြိမ်ရဲကင်းစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်အောင်ဌေး က ပြောပြသည်။

စစ်ဆေးချက်အရက အမည်းသွားတောင်းတာက ၂ဦးဘဲ။ အဲချိန်မှာ သေဆုံးသူနဲ့ စကားတွေအချင်းချင်းများနေတဲ့ချိန်မှာ နောက်တယောက် ရောက်လာတယ်။ ၃ယောက်သားက လက်ထီးနဲ့ထိုး၊ ပုဆိတ်နဲ့ခုတ်ခဲ့တာလို့ သူတို့ ၃ဦးထံမှ စစ်ဆေးသိရှိခဲ့ရတယ်"ဟု မြို့မစခန်းမှ သိရသည်။

အဆိုပါသေဆုံးသူသည် တင်ကိုရှိန်၊ (၂၅)နှစ်၊ (ဘ)ဦးဇော်ဦး၊ မပတ-မမှတ်မိ၊ မွန်/ဗုဒ္ဓ၊ လယ်လုပ်၊ ပန်းကုန်းကျေးရွာ ပေါင်မြို့နယ်တွင် နေထိုင် သူဖြစ်ပြီး သေဆုံးသူ တင်ကိုရှိန်အား အနီးပတ်ဝန်းကျင် လှည့် လည်ရှာဖွေ ခဲ့ရာ၌ ပင်လယ်ထွက်ပေါက်ဖြစ်သော ရင်းငြိမ်ဘိုင်လောင်းချောင်းဝတွင် သေဆုံးသူ၏အလောင်းအား ရေထဲမှတွေ့ရှိရ၍ ဆယ်ယူခဲ့ရာတွင် သေဆုံးသူ တင်ကိုရှိန်မှာ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ လည်ဂုတ် ပြတ်ရှဒဏ်ရာ၊ ညာပုခုံးပြတ်ရှဒဏ်ရာ၊ ယာလက်မောင်း ထိပ်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပါးပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံးနေကြောင်း ရဲမှတ်တမ်းများမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တင်ကိုရှိန်အားသေဆုံးအောင်ပြုလုပ်ခဲ့သူ လှထွန်း(၄၀)နှစ်၊ အမွန်(ခေါ်) မွန်တင် (၃၄)နှစ်၊ စိန်လှ(၃၅)နှစ်တို့ ၃ဦးကို ပေါင်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိတယ်လို့ ရဲမှတ်တမ်းများအရ သိရသည်။

ကိုဟိန်း (ပေါင် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment