Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 27, 2017

အသက္ႀကီးလို႔ ေယာက်္ား၊မိန္းမ ဝျဖိဳးလာျပီး ဗိုက္ႀကီးပူလာျခင္းကို သက္ရင္းၾကီးျမစ္နဲ႔ ရွင္းစို႔


အသက္ႀကီးလာလွ်င္ ေယာက်္ား မိန္းမ ဝျဖိဳးလာျပီး ဗိုက္ႀကီးပူလာျခင္းမွာ သဘာဝဟုဆိုႏိုင္ပါသည္။ အဆီမ်ား၍ ပူလာေသာဗိုက္ကို သရင္းႀကီးျမစ္ႏွင့္ စမ္းသပ္လိုက္ပါ။

သက္ရင္းႀကီးျမစ္ကို ေလးလက္မ ငါးလက္မခန္႔ျဖတ္၍ ေရစင္စင္ေဆးပါ။ ဘက္တီးရီးယား ပိုးမ်ားေသေစရန္ႏွင့္ မႈိမ်ား မက်ေရာက္ေစရန္ အျမစ္မ်ားကို ထမင္းေပါင္းအိုးထဲထည့္ျပီး ေပါင္းပါ။

သံုးနာရီေပါင္းျပီးမွ ေျခာက္ေသြ႔ေစရန္ ေနလွန္းပါ။ေဆးေသြးေက်ာက္ပ်ဥ္ေပၚမွာ ေသြးျပီး ေသာက္ပါ။ ၁၀-ရက္ေလာက္ ေသာက္ျပီးေနာက္

ပူေနေသာဗိုက္ႀကီး တေန႔တျခား ပိန္သြားပါလိမ့္မည္။ အဆီရွိေသာေနရာ ပိန္သြားျခင္းျဖစ္ပါသည္။ လူပိန္သြားျခင္း မဟုတ္ပါ။



ေဆးေသာက္နည္း

ေန႔စဥ္ နံနက္ေစာေစာ (၆)နာရီမွာျဖစ္ေစ၊ (၇)နာရီမွာျဖစ္ေစ နံနက္စာ (Break Fast) မစားမီေဆးကိုေသြးျပီး ေသာက္ပါ။ တစ္ႀကိမ္ပဲ ေသာက္ပါ။ (Zebra) စတီးဇြန္းျဖင့္ ေဆးရည္ကို

ဆားအနည္းငယ္ ထည့္ေသာက္ပါ။ ဝမ္းလြယ္ပါက ေလွ်ာ့ေသာက္ျပီး ဝမ္းခ်ဳပ္တတ္ပါက နည္းနည္းပိုေသာက္ပါ။ (Zebra) စတီးဇြန္းသည္ စံခ်ိန္တစ္ခု ယူထားျခင္း ျဖစ္ပါသည္။

ေဆးေသာက္ျပီး တနာရီအၾကာမွာ ဝမ္းသြားပါမည္။ ပထမတစ္ႀကိမ္ ဝမ္းသြားျပီးလွ်င္ နံနက္ေစာေစာအစာကို စားေသာက္ႏိုင္ပါသည္။

ေနာက္ထပ္ တစ္နာရီ သို႔-နာရီဝက္ခန႔္ၾကာတိုင္း ဝမ္းသြားပါဦးမည္။ ပထမတစ္ႀကိမ္ ဝမ္းသြားျပီးကတည္းက ဝမ္းထဲမွာရွိေသာ အစာေဟာင္းမ်ား ကုန္သြားပါမည္။

ေနာက္ထပ္သြားေသာ ဝမ္း၏အနံ႔သည္ အမဲသား ဝမ္းတြင္းသား အနံ႔ကဲ့သို႔ နံလာပါမည္။ မစင္ကိုေရျဖင့္သန္႔စင္သည့္အခါ စအိုဝတြင္ ဆီမ်ားရႊဲေနသည့္ အထိအေတြ႔မ်ိဳးကို သိရွိရပါလိမ့္မည္။

ဝမ္းသြား၍ အားအင္ကုန္ခန္းျခင္း မရွိပါ။ ေဆးမ်ားမ်ား ေသာက္မိပါက ေအာ့ခ်င္ အန္ခ်င္သလို ျဖစ္တတ္ပါသည္။ စိုးရိမ္စရာ မရွိပါ။

သရင္းႀကီးျမစ္ ေသာက္ျပီးေနာက္ ရရွိလာမည့္ အက်ိဳးမ်ား

၁။ ခႏၶာကိုယ္တြင္းရွိ ပိုေနေသာ အဆီမ်ား (Cholesterol)ကို က်ေစသည္မွာ သိသာပါသည္။
၂။ ခႏၶာကိုယ္ ပူေႏြးျပီး ေနထိုင္ေကာင္းျပီး ေပါ့ပါးလာပါမည္။
၃။ မ်က္စိမ်ား ၾကည္လင္လာပါမည္။
၄။ ထံုက်ဥ္ ကိုက္ခဲေနေသာ ေရာဂါမ်ား သက္သာသြားပါမည္။
၅။ ေလထိုးေလေအာင့္ ေရာဂါမ်ားရွိလွ်င္ သက္သာလာမည္။
၆။ ဝမ္းမွန္ ဆီးမွန္ျပီး ေသြးသားကို စင္ၾကယ္ေစပါသည္။
၇။ ဆီးခ်ိဳေရာဂါကိုလည္း သက္သာေစပါသည္။

ေငြကုန္ေၾကးက် မမ်ားဘဲ ေဆးျမစ္တစ္ခုတည္းႏွင့္ အသံုးျပဳပံုကို လက္ေတြ႔စမ္းသပ္ျပီး
တင္ျပလိုက္ရပါသည္။

Myat Moe
Credit: ဦးလွစိန္-ကေလး(ၾကံခင္း)

#Unicode Version#
အသက်ကြီးလာလျှင် ယောကျ်ား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟုဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။

သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများသေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။

သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက်

ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်းဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

ဆေးသောက်နည်း

နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို

ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်းပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

ဆေးသောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။

နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။

နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကိုရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။

ဝမ်းသွား၍ အားအင်ကုန်ခန်းခြင်း မရှိပါ။ ဆေးများများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။

သရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ
၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီများ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။
၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။
၃။ မျက်စိများ ကြည်လင်လာပါမည်။
၄။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါများ သက်သာသွားပါမည်။
၅။ လေထိုးလေအောင့် ရောဂါများရှိလျှင် သက်သာလာမည်။
၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသားကို စင်ကြယ်စေပါသည်။
၇။ ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။

ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီး

တင်ပြလိုက်ရပါသည်။
Myat Moe
Credit: ဦးလှစိန်-ကလေး(ကြံခင်း)

No comments:

Post a Comment