Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 19, 2017

ဖေ့စ်ဘွတ်ခ်အက်ပလီကေးရှင်း ဗားရှင်းအသစ်တွင် ဇော်ဂျီနှင့်ယူနီကုတ်ဖောင့် နှစ်မျိုးလုံး ဖတ်ရှုနိုင်


Byမြင့်ကျော်လှိုင်
On  Wed, 2017-08-16 13:01
Locationရန်ကုန်၊ သြဂုတ်-၁၃
Issue No.အတွဲ (၁၆)၊ အမှတ် (၂၃)
နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည့်ကြေညာချက်တစ်ခုကို မိုဘိုင်းဖုန်းဖြင့်ကြည့်ရှူနေစဉ် (ဓာတ်ပုံ-စိုင်းဇော်)

သြဂုတ်တွင် ဖေ့စ်ဘွတ်ခ်က အသစ်ပေးအပ်ခဲ့သည့် Update Version သည် ယူနီကုတ်နှင့် ဇော်ဂျီဖောင့်နှစ်မျိုးစလုံးကို ဖတ်ရှုရန် ထောက်ပံ့ခဲ့သည်။

Android မိဘိုင်းဖုန်းများကို Update ပြုလုပ်ခြင်းဖြင့် ဖောင့် နှစ်မျိုးစလုံးကို ဖတ်ရှုနိုင်ခြင်းဖြစ် သည်။ ဖေ့စ်ဘွတ်ခ်ကို Update ပြုလုပ်သော်လည်း အချို့သော အသုံးပြုသူများသည် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရဆဲဖြစ် သည်။

‘‘Update လုပ်တယ် အဆင် မပြေသေးဘူး’’ဟု ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ကိုကိုဦးကပြောသည်။ အများအားဖြင့် ဖေ့စ်ဘွတ်ခ် Up- date Version အသစ်သည် ဖောင့် နှစ်မျိုးစလုံးကို ဖတ်ရှုရန် အဆင် ပြေသော်လည်း အသုံးပြုသူ အချို့ သည် အဆင်မပြေခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်သည် ဖောင့်နှစ် မျိုးစလုံးကို မြင်တွေ့နိုင်ရန် ဖောင့် အသစ်တစ်မျိုးဖြင့် ဖန်တီးခြင်း မဟုတ်ကြောင်း၊ Converter တစ် မျိုးကို Version  အသစ်တွင် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း Developer ကိုကိုရဲက ပြောသည်။

လက်ရှိတွင်  Android အတွက် ဖောင့်နှစ်မျိုးစလုံးကို မြင် တွေ့နိုင်သည့် Version အသစ်ကို ဖေ့စ်ဘွတ်ခ်က မိတ်ဆက်ခဲ့သော် လည်း Web (ကွန်ပျူတာနှင့်သုံး) အတွက် ဖောင့်နှစ်မျိုးစလုံးကို မြင် တွေ့နိုင်ရန်  မိတ်ဆက်ခဲ့ခြင်းမရှိ ပေ။

မည်သည့်  ဖောင့်ကိုမဆို အသုံးပြုသည့်အခါ ယူနီကုတ် ဖောင့်များနှင့် ဇော်ဂျီဖောင့်အကြား နှစ်မျိုးစလုံး မြင်တွေ့နိုင်ရန် ပြည် တွင်းဝက်ဘ်ဆိုက်အများစုက Convert ပြုလုပ်ပေးသည့် နည်း ပညာကို ၂၀၁၆ တွင် စတင်အသုံး ပြုခဲ့သည်။
http://www.7daydaily.com/story/104787

No comments:

Post a Comment