Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 19, 2017

မိန်းမယောင်ဆောင်သော ယောင်္ကျားများအန္တရာယ်


မိန်းမယောင်ဆောင်သော ယောင်္ကျားများအန္တရာယ်
.........
ဒါနဲ့ဆို ဒုတိယအကြိမ်မြောက် ကြုံရခြင်းပါ။
အများသုံးသန့်စင်ခန်းမှာ ကိုယ်တယောက်တည်းရှိနေတုန်း
မိန်းမပုံစံဝတ်ဆင်ထားတဲ့ ယောင်္ကျားတယောက် ဝင်လာတယ်။ စိတ်အနှောက်အယှက်ဖြစ်သွားမိတာ မှန်ပေမယ့် ထွက်သွားပါလို့လဲ မပြောဖြစ်ဘူးး ။ ကိုယ်တွေက လူ့အခွင့်အရေး လုပ်နေသူတွေကိုးး ။ ပြသနာက လက်ဆေးပြီး အပြင်ထွက်မယ်လုပ်တော့ .. သန့်စင်ခန်းက အထွက် အပေါက်မှာ ကျေးဇူးရှင်က ပိတ်ရပ်ထားတာ ..
လူတကိုယ်လုံးကိုလဲ ခြုံငုံကြည့် ပိုက်ဆံအိတ်ကိုလဲ ကြည့်။
အဲ့ဒီအချိန်ကျတော့ .. စောစောက မိန်းမယောင်ဆောင်ထားတဲ့ အမူအရာတွေ လုံးဝကို မရှိတော့တာ .. ကိုယ့်မှာ ဘာလုပ်ရမလဲ အပြေးအလွှား စဉ်းစားရတာ .. သူ့ကို ကြောက်တဲ့အမူအရာ ပြလို့လဲ မဖြစ်ဘူးး။ အမှန်တော့ ကြောက်တာပဲ။ လူမြင်ကွင်းမှာ ယှဉ်ထိုးရလို့ ဘာမှမဖြစ်ဘူးရယ်။ အခုဟာ သူက ကြိုတင်ကြံစည်လာတဲ့သူ .. ချွေးတွေပြန်လာတာ😰😰 တော်သေးတယ် အမျိုးသမီး၂ယောက် ဝင်လာတဲ့အသံလဲ ကြားရော အမယ် ငတိက ချက်ခြင်း ပြန်ခြောက်သွားတာများ ပက်ကြားတွေတောင်အက်လို့ .. ကိုင်ထားတဲ့အိတ်နဲ့ဖျင်းပလိုက်ချင်တာလေ .. ဘာမှ မသိလိုက်တဲ့ အန်တီကြီး ၂ယောက်ရှေ့ ရိုက်ပြန်ရင်လဲ ချော်တကောက်မကို အစစ်မက အနိုင်ကျင့်တယ် ဖြစ်ဦးမယ် .. ခြေထောက်ကို တက်နင်းပြီး ထွက်လာခဲ့လိုက်တယ် ....
......
ပြောချင်တာက အရာရာမှာ ဘေးထွက်ဆိုးကျိုးဆိုတာ အနည်းနဲ့အများ ရှိကြတယ် ။ လူ့အခွင့်အရေးနဲ့ တော်တော်လေးရင်းနှီးလာကြတဲ့ မြန်မာနိုင်ငံမှာ LGBT ဆိုတာကိုလဲ သူ့တို့အခွင့်အရေးပဲလေလို့ လက်ခံလာကြတယ်။ ဒါကို ခုတုံးလုပ် အကြံထုတ်နေတဲ့ မသမာသူတွေလဲ ရှိလာတယ်။
ခုချိန်ထိ အသက်ရှင်လုံခြုံမှု ၊ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးတဲ့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို ထည့်စဉ်းစားပြီး ဒါမျိုးကိစ္စတွေကို လူ့အခွင့်အရေး၊ LGBT အရေး လုပ်ဆောင်နေသူတွေ ပြင်ဆင်ဆောင်ရွက်ကြပါလို့ ပြောချင်မိတယ်။

.....
ဒါမျိုးကြုံဖူးတဲ့သူ.. ကြုံလာခဲ့မယ်လို့ ထင်တဲ့သူတွေ ဝိုင်း Share ပေးကြပါ။ လူ့အခွင့်အရေး ၊ LGBT အရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေသူတွေ သိအောင်လို့။
Lin Latt Sue
August 17 at 11:25pm ·
https://www.facebook.com/linlatt.sue/posts/788124304646093

No comments:

Post a Comment