Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 7, 2017

ရဲတပ်သား က သေနတ်နှင့် လိုက်လံ ပစ်ခတ်မှုကြောင့် ရဲအုပ် (၁) ဦး သေဆုံး


ရဲတပ်သား က သေနတ်နှင့် လိုက်လံ ပစ်ခတ်မှုကြောင့် ရဲအုပ် (၁) ဦး သေဆုံး

ရှမ်းပြည်နယ် ၊ လားရှိုးမြို့နယ်၊ နမ့်ပေါင် ရဲကင်းစခန်း တာဝန်ကျ ရဲတပ်သား (၁) ဦးဟာ ဇူလိုင် (၅) ရက် နေ့လယ်ပိုင်းက သူ့ကို ထုတ်ပေးထားတဲ့ မောင်းပြန် ရိုင်ဖယ် သေနတ် နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ရဲအုပ် (၁) ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူ ရဲအုပ်ရဲ့နေအိမ်မှာ စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အခြား ရဲအုပ် နေအိမ်ဘက်ကို ထွက်ပြေးရာ နောက်ကနေ သေနတ်နဲ့ (၇) ချက် လိုက်လံ ပစ်ခတ်မှုကြောင့် သေဆုံးရတာပါ။
ရဲအုပ်မှာ ၀ဲဘက် လက်မောင်းမှာ သေနတ်ဒဏ်ရာ (၁) ချက်၊ ယာဘက် နောက်ကျော (၃) ချက်၊ ယာပေါင် နောက်ဘက် (၁) ချက်၊ ယာခြေသလုံးမှာ (၁) ချက်၊ ယာဘက် ရင်အုံမှာ (၁) ချက် တို့ရရှိပြီး ထွက်ပြေးတဲ့ ရဲအုပ် နေအိမ်ရှေ့ လမ်းပေါ်မှာ လဲကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမှုနဲ့ ပတ်သက်ပြီး သေဆုံးအောင် သေနတ်နဲ့ လိုက်လံ ပစ်ခတ်သူ ရဲတပ်သား သီဟကို လားရှိုးမြို့မ ရဲစခန်းက (ပ) ၂၁၉ / ၁၇၊ ရာဇသတ်ကြီး ပုဒ်မ (၃၀၂) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို Central News Bureau က ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau





No comments:

Post a Comment