Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 10, 2017

မကေခိုင်ရဲမြင့်သည် ကျွန်တော်၏ တရားဝင်ဇနီးဖြစ်ကြောင်း အများသိစေရန် ကြေညာခြင်း


(မကေခိုင်ရဲမြင့်သည် ကျွန်တော်၏ တရားဝင်ဇနီးဖြစ်ကြောင်း အများသိစေရန် ကြေညာခြင်း)

မန္တလေး အောင်မြေသာစံမြို့နယ် ၂၃လမ်းနှင့်၂၄လမ်းကြား ၈၉လမ်းနှင့်လမ်း၉၀ကြား အကွက်အမှတ်(၁၉၅) သင်္ဘောတန်း အောင်မင်္ဂလာလမ်းသွယ် (ချယ်ရီမေ ထမင်းဆိုင်)ရှေ့တစ်အိမ်ကျော် နေ့

(ကျောက်ပွဲစားကြီး)ဦးရဲမြင့်+ဒေါ်အေးအေးခိုင်တို့၏ သမီး မကေခိုင်ရဲမြင့်(၉/မဟမ(နိုင်)၀၃၈၁၅၃)နှင့်
ကျွန်တော် ကိုစိုင်း /(ခ)ကိုအောင်မင်း(၁၃/ကတန(နိုင်)၀၈၈၈၁၅)တို့သည်။

၂၀၁၅ခုနှစ် အောက်တိုဘာ(၂၉)ရက်တွင် မိမိတို့၏ လွတ်လပ်သော သဘောဆန္ဒအရ နှစ်ဦးသဘောတူ လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ကြပါသည်။

ထို့သို့ပေါင်းသင်းနေစဉ် (၆)ရက်မြောက်နေ့တွင် မကေခိုင်ရဲမြင့်၏ မိဘများက မင်္ဂလာဆောင် အခမ်းအနားပြုလုပ်လိုကြောင်း အယုံသွင်းပြောဆို၍ မကေခိုင်ရဲမြင့် အားပြန်လည်ခေါ်ယူထားပါသည်။
ကျွန်တော်တို့လက်ထပ်ခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ လက်ထပ်ထားခြင်း သဖြင့် ကျွန်တော်တို့သည် တရားဝင်အကြင်လင်မယား အရာမြောက်ထားပြီးဖြစ်ပါသည်။

မကေခိုင်ရဲမြင့်၏ မိဘများသည် မင်္ဂလာဆောင်အခမ်းအနား ကိစ္စကိုလည်း မဆွေးနွေး မကေခိုင်ရဲမြင့် ကိုလည်းပေးမတွေ့တော့ပါ။ သို့ဖြစ်၍ မကေခိုင်ရဲမြင့် အားဖြားယောင်းသွေးဆောင် လက်ခံထားသူများ အနေဖြင့် ကျွန်တော်၏ လက်သို့ မကေခိုင်ရဲမြင့်အား ပြန်လည်အပ်နှံပေးပါရန် ကြေငြာအပ်ပါသည်။

အဆိုပါ ယနေ့မှစ၍ (၁-၇-၂၀၁၇)
ဓာတ်ပုံတွင် ဖော်ပြထားသော
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သင်္ဘောတန်း အောင်မင်္ဂလာလမ်းသွယ်နေ ဇနီးမကေခိုင်ရဲမြင့်(၉/မဟမ(နိုင်)၀၃၈၁၅၃)နှင့် ကျွန်တော် ခင်ပွန်းကိုအောင်မင်း (၁၃/တကန(နိုင်)၀၈၈၈၁၅)ကိုင်ဆောင်ထားသူတို့သည်။

တရားဝင်လက်ထပ်ထားပြီး ယနေ့မှစ၍ ခင်ပွန်းဖြစ်သူ ဘက်မှတရားဝင်ကွာရှင်းထားခြင်း မရှိပါကြောင်းနှင့်
အဆိုပါ ဇနီးဖြစ်သူ မကေခိုင်ရဲမြင့် အာ့း
(၁)ဘယ်ချိန်ဖြစ်နေပါစေ တရားဝင်ကွာရှင်းထားခြင်းမရှိပဲ တရားမဝင်လက်ထပ်ထိမ်းမြှားပေးရန် ကြံစည်ခြင်းနှင့် စေ့စပ်ပေးရန်အားပေးခြင်း။

(၂) တရားဝင်ကွာရှင်းထားခြင်းမရှိပဲ ခိုးယူပေါင်းသင်းဖို့ကြံစည်ခြင်း။

(၃) ထွက်ပြေးတိမ်းရှောင်ရန် အားပေးကြံစည်ခြင်း။

(၄) သွေးမတော်သားမစပ်တွဲသွားတွဲ လာလုပ်ခြင်း။

(၅) အကြောင်းတစုံတစ်ရာပြုလုပ်ခြင်းစသော ပြုလုပ်ပါက တရားဝင်ခင်ပွန်းဖြစ်သူ ကိုအောင်မင်း ဘက်မှ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနှင့်အညီ
(ပုဒ်မ/၁၃)တစ်လင်တစ်မယားစနစ်ဖြစ်စေ။

ရာဇသတ်ကြီး(ပုဒ်မ/၄၉၇)မယားခိုးမူ့ဖြစ်စေ ဥပဒေနှင့်အညီ တရားစွဲအရေးယူမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေငြာအပ်ပါသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အကွက်(၂၂၀)
မရမ်းခြံရပ်နေ
ခင်ပွန်း(ခ)ကိုအောင်မင်း
ဖုန်း၀၉/၂၆၀၃၀၁၀၈၀
လေးစားစွာဖြင့်။
=====================================
(သူငယ်ချင်းများစွာ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ)
ချစ်တဲ့သူတိုင်း ညားနိုင်ကြပါစေ။
နှစ်ပေါင်းများစွာပေါင်းသင်းနိုင်ကြပါစေ။
ညားတဲ့သူတိုင်းလည်း ချစ်နိုင်ကြပါစေ။
ထာဝရ အတူလက်တွဲ ပေါင်းသင်းနိုင်ကြပါစေ။
ခွဲခံရတဲ့ အချစ်မျိုးကို့ နာကျင်ခံစားရတဲ့ ဝေဒနာကို
ကင်းဝေးနိုင်ကြပါစေသား။
MDY ko aung min

(လေးစားစွာဖြင့်)
https://www.facebook.com/groups/267799916967547/permalink/300160603731478/














No comments:

Post a Comment