Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 15, 2017

ဆေးရုံကို ဘာကောင်မှန်းမသိ အကောင်တကောင်ကိုက်လိုက်လို့ ရောက်လာတဲ့အခါ


"ဆေးရုံကို ဘာကောင်မှန်းမသိ အကောင်တကောင်ကိုက်လိုက်လို့ ရောက်လာတဲ့အခါ"
*****
"ဆရာ ဘာကောင်ကိုက်လိုက်လဲမသိဘူး
မြွေလား ဘာလား မပြောတတ်ဘူး" ဆိုတဲ့အခါ
ဆရာဝန်တွေ ဒီလိုစဉ်းစားရပါတယ်။
၁။ snake bite or other bite
မြွေကိုက်တာလား အခြား သတ္တဝါလား
၂။ မြွေဆိုရင်
poisonous or non-poisonous
အဆိပ်ရှိမြွေလား အဆိပ်မရှိမြွေလား
အဆိပ်ရှိမြွေ အဆိပ်မရှိမြွေခွဲခြားဖို့ ကိုယ်ခန္ဓာ ဝမ်းပိုက်နဲ့
ဦးခေါင်း ကို ကြည့်ရတယ်။ အမြီးကို ကြည့်ရတယ်။
နှာပေါက်ကနေ အနောက်ကို ရေကြည့်လို့
၅ ခု ၆ခု မြောက် အကြေးခွံရဲ့ ပုံသဏ္ဍန်က
အရေးပါတယ်။
မြွေမပါလာတာ ခေါင်းကိုကြေအောင်ထုလာတာဆိုရင်
အခက်အခဲဖြစ်ပါတယ်
၃။ အဆိပ်ရှိမြွေဆိုရင်
Viper or Cobra or Others
မြွေပွေးလား မြွေဟောက်လား အခြားမြွေလား
မြွေပွေး မြွေဟောက် အခြားမြွေခွဲနိုင်မှ
ဆိုင်ရာ မြွေဆိပ်ဖြေဆေး ထိုးရတာပါ။
မြွေဆိပ်ဖြေဆေးဆိုတာ တမျိုးထဲရှိပြီး ဘာမြွေကိုက်လာလာ ဒါပဲထိုး မဟုတ်ပါဘူး
၎။ ဘယ်အချိန်ကိုက်တာလဲ
တနေ့လုံး တွင်းအောင်းပြီး ညဘက် အစာရှာထွက်ချိန်
မြွေဆိပ်အပြည့်နဲ့အချိန်လား
တညလုံးကိုက်စရာတွေကိုက်ပြီး
မနက် အိပ်တော့မယ် အဆိပ်နည်းချိန် ဖြစ်တာလား
ဆာလောင် ဒေါသထွက် Hunger bite Agressive Bite ဆိုရင် အဆိပ်ဝင်တာများမယ်။
၅။ အစွယ်ရာ ဘယ်နှခုလဲ
တခုလား တစုံလား ၂ စုံလား
၂စုံ ၄ ချက်ဆို aggressive bite ဖြစ်ပြီ။
full load of venom အဆိပ်အပြည့်နဲ့ ဖြစ်တာတောင်
ရှပ်ကိုက်မိသလား အဆိပ်နည်းနည်းဝင်သလား
ပယ်ပယ်နယ်နယ်ကိုက်မိပြီး အဆိပ်အကုန်ဝင်သွားသလား
အဆိပ်အပြည့်မှာ အရင်ဆုံးကိုက်ခံရသူက
အဆိပ်ဝင်တာများမယ်။
ဆက်တိုက်ကိုက်လာတာ ၅ယောက်မြောက်ကတော့
နည်းနည်းပဲ ဝင်မယ်
၆။ အစွန်အဖျား ခြေမမှာလား ဖြေဖမိုးမှာလား
ပေါင်ရင်းမှာလား
အစွန်အဖျားဆို သွေးက ပြန့်တာနှေးပြီး
အပေါ်ပိုင်းရောက်လေ ပြန့်နှုန်းမြန်လေပါပဲ။
၇။ ကိုက်မိတာ အရိုးပေါ်လား အသားပေါ်လား
သွေးပြန်ကြောပေါ် တည့်တည့်လား
အရိုးပေါ်ဆိုရင် ပြန့်တာနှေးမယ်
သွေးပြန်ကြောပေါ်ဆို အမြန်ပြန့်မယ်။
၈။ ကိုက်မိမိခြင်းရှေးဦးသူနာပြုစုတာလုပ်သလား
အဆိပ်မပြန့်အောင် ထိန်းခဲ့လား
၉။ ကိုက်တဲ့အချိန်ကစပြီး ဆေးရုံကို အမြန်ပို့လား
စောစောရောက်လေ မလှုပ်မရှားဘဲပို့လေ ပိုကောင်းလေပါပဲ။
၁၀။ နဂိုက လူနာမှာ ကျောက်ကပ်ရောဂါရှိလား
ကျောက်ကပ်ပျက်စီးတတ်တဲ့ မြွေပွေးကိုက်တာဆိုရင်
နဂိုအားနည်းတဲ့အတွက် ဖိတ်စင်တတ်တယ်။
*****
ဒါတွေအားလုံးကို ချိန်ဆပြီးမှ
ဘာမြွေကိုက်သလဲ
ဘာဆေးထိုးမလဲ
ဘယ်လောက်ထိုးမလဲ ချိန်ဆတယ်။
မြွေဆိပ်ဖြေဆေးကိုယ်တိုင်က
မြင်းသွေးရည်ကြည်က ထုတ်တာမို့
မတည့်တဲ့အခါ
တုန့်ပြန်ပြီး ထိုးလိုက်တဲ့ မြွေဆိပ်ဖြေဆေးကြောင့်
ချက်ခြင်းသေတတ်တယ်။
တည့် မတည့် သတိထားရသေးတယ်။
အရေးပေါ်ဆေးများ အဆင်သင့် ပြင်ထားရတယ်။
ဆေးရဲ့အန္တရာယ်ကိုရှင်းပြရသေးတယ်။
ခုပြောနေတာ မပြည့်စုံသေးပါဘူး
သတိထား လုပ်ရတာ အများကြီး ကျန်ပါသေးတယ်။
ဒါကြောင့်
ငါတို့က မြွေပွေးပါဆို
ဆေးရုံက မယုံဘူး ပြောတတ်ကြတယ်
တခါတလေ ကိုက်တာတကောင်
ဖမ်းလာတာတကောင် တခြားစီ
ဆေးရုံက သူတို့ပြောတာကို
ရောဂါလက္ခဏာနဲ့ ချိန်ပြီးမှ ဆေးရွေးမှာ။
သူတို့ပြောတာကို လက်ခံပြီးလိုက်ထိုးမှာမဟုတ်ပါဘူး
ဆေးရုံအချိန်မီရောက်အောင်ပို့တယ်။
ချက်ခြင်းဆေးထိုးမပေးဘူး
ဟုတ်ပါတယ်
အဆိပ်ဘယ်လောက်ဝင်သလဲ
ဝင်ရောဝင်ရဲ့လား သေချာမှ ထိုးမှာပါ။
****
ဒီလိုအချက်တွေကို
အဆင့်လိုက်
စံနစ်တကျ
အလျှင်အမြန် စဉ်းစားပြီး
ကုထုံးပေးရတဲ့အချိန်မှာ
first comment မှာ ရေးထားတဲ့
story အဖြစ်အပျက်လို
လုပ်နေကြရင်
လူနာရော ဆရာဝန်ပါ ထိခိုက်ပါတယ်။
first comment link ကို
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။
ဆရာဝန်က ဆေးထိုးဖို့ မြွေဆိပ်ဖြေဆေးရဲ့ အန္တရာယ်ကို
ရှင်းပြတာကို
ဟိုလူ့ကိုပြောပြပါဦး
ဒီလူ့ကို ပြောပြပါဦး
တယောက်ပြီး တယောက်ရှင်းပြရလို့
အချိန်လင့်နေတဲ့ ဇာတ်လမ်းပါ
*****
မ​နေ့ညက ​မြွေကိုက်​လူနာလာတယ်
လွန်​ခဲ့တဲ့ ၁နာရီကတဲ့
မြွေ ပါမလာဘူး
ကြိုးအထပ်​ထပ်​ တင်း​နေ​အောင်​ စည်းလာတယ်
အကိုက်​ခံရတဲ့ ​အမျိုးသမီးက ​ပြောတယ်
မြွေအမြီး​တော့ မြင်​လိုက်​ရသတဲ့
အကိုက်​ခံရတဲ့ ​နေရာတစ်​ဝိုက်​ကို လိုက်​ရှာကြ​တော့ လင်း​မြွေကို ​တွေ့ခဲ့တယ်​ ​ပြောတယ်
အဲဒါဆို အဲဒီလင်း​မြွေကို ယူခဲ့ဆို​တော့ မီးရှို့လိုက်​ပြီတဲ့
ကျွန်​မက ပွစိပွစိ​ပြော​တော့ သူတို့ဖုန်းဆက်​ပြီး လာပို့တဲ့​မြွေက အ​ရေခွံ ဆုတ်​ထားတဲ့ ​မြွေထုပ်​ကြီး
ချက်​စားကြမလို့တဲ့
မြွေအမျိုးအစား ဘယ်​လိုလုပ်​ကြည့်​လို့ ရ​တော့မလဲ
ကဲ လာခဲ့ဆိုပြီး ထိုင်​ရှင်းတယ်
အခုက ခင်​ဗျားတို့ ယူလာတာက လင်း​မြွေ
ဒါ​ပေမယ့်​ ​သွေး​ဖောက်​ ဆီးစစ်​ပြီး ​စောင့်​ကြည့်​ရဦးမယ်
မြွေဆိပ်​ အန္တရာယ်​လက္ခဏာ​တွေကို ရှင်းပြပြီး HDUထဲထား ​စောင့်​ကြည့်​တယ်
Drip line​လေး ထည့်​ထား
ATT​လေး ထိုးထား
Antibiotic ​ပေးထား​ပေါ့
ပထမ ၁နာရီအတွင်း CT 5minute
ဆီးထွက်​တာ​တော့ နည်းတယ်
20cc​လောက်​ပဲ ရတယ်
Urine Albumin- nil
နောက်​၁နာရီ အကြာမှာ ​သွေးထပ်​​ဖောက်​တယ်
CT- non clot
သွေး လုံးဝ မခဲ​တော့ပါ
မြွေ​ပွေးဟ Viper bite
အကိုက်​ခံရတဲ့​နေရာကလည်း ​သွေးစို့​နေ မတိတ်
ဆီးလည်း ထပ်​မသွားပါ
ASV( anti viper) ထိုး​တော့မယ်
ဆရာ​တွေ communication failureကို တွင်​တွင်​​ပြောသံ ကြားလို့ လူနာရှင်​ကို ​ခေါ်ရှင်းပါတယ်
လူနာနဲ့ အရင်းနှီးဆုံး လာခဲ့ဆို​တော့
သူ့အ​ဖေ လာပါတယ်
အ​ခြေအ​နေကို ရှင်းပြ၊ ​​မြွေ​ပွေးပါမလာ​သော်​လည်း ​မြွေ​ပွေးကိုက်​တာနဲ့ တူလို့ မြွေဆိပ်​​ဖြေ​ဆေး ထိုး​တော့မယ်​၊ ​မြွေဆိပ်​​ဖြေ​ဆေးဆိုတာကလည်း shockရှိတတ်​​ကြောင်း၊ ​မြွေဆိပ်​​ဖြေ​ဆေးထိုးပြီး ရင်​လည်း ​ကျောက်​ကပ်​ထိတတ်​​သေး​ကြောင်း ရှင်းပြ၊​ဆေးထိုးဖို့ သ​ဘောတူလား​မေး​တော့ သူ့​ယောက်ျားကို ရှင်းပြလိုက်​ပါဦးတဲ့
ဟုတ်ပြီ
သူ့​ယောက်ျားလာခဲ့
အထက်​ပါအတိုင်း ထပ်​ရှင်းပြ
မြွေဆိပ်​​ဖြေ​ဆေးထိုးဖို့ သ​ဘောတူလား​မေး
သူ့ဦး​လေးကို ရှင်းပြလိုက်​ပါဦးတဲ့
ကျွန်​မ စိတ်​တိုလာတာ ဝန်​ခံပါသည်
ခင်​ဗျားတို့ကို ဘာမှ အသိမ​ပေး မရှင်းပြဘဲ ကိုယ့်​ဖာသာထိုးပစ်​လည်း ရတယ်​လို့
မြန်​မာစကားကို မြန်​မာလိုရှင်းပြ​နေတာကို ဘာနားမလည်​စရာ ရှိလဲလို့
အချိန်​က အ​ရေးကြီးတယ်​လို့
အမှန်​က သူတို့က ​ခေါင်းမခံချင်​တာ
သူ့ဦး​လေးဆိုသူက "ဆရာမတို့ ​တွေ့ရှိယူဆချက်​အရ ​မြွေ​ပွေးလို ထင်​ရင်​လည်း ထိုး​ချင်​ ထိုးပေါ့"တဲ့
အော်​သာ ငိုလိုက်​ချင်​​တော့တယ်
ASV ၈လုံးထိုးပြီး ​နောက်​၁နာရီအကြာမှာ ​CTကလည်း non clot
ဆီးကလည်း လုံးဝမထွက်​တာမို့ Lasix​တွေ ဘာ​တွေနဲ့လည်း pushလုပ်​မ​နေ​တော့ဘဲ မုံရွာ​ဆေးရုံသို့သာ referလုပ်​လိုက်​ပါ​တော့သည်
ဒါ​တောင်​ သူတို့က လူနာက အလတ်​ကြီးကို ဆရာမက လွှဲလို့သွားရတာလို့ ရွာကို လှမ်းဖုန်းဆက်​​နေသံကို ခွဲခန်းဝင်​ခါနီး ကြားလိုက်​ရပါ​သေးသည်
*****
(ညသန်းကောင်မှာ လွှတ်တော်အမတ်တစ်ယောက်
သိချင်လို့ ဆက်သွယ်ဆွေးနွေးတာနဲ့
အခုဖြစ်ပျက်တာကို ပေါင်းပြီး ပြောပြတာပါ)
Photo credit to La Yaung



No comments:

Post a Comment