Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 10, 2017

.မော်လမြိုင်သွားလည်ရင်ဘာတွေစားကြမလဲ





🚗.မော်လမြိုင်သွားလည်ရင်ဘာတွေစားကြမလဲ.🚗
🚘မနက် ၇နာရီလောက်ရန်ကုန်ကစထွက်ပြီဆိုပါစို့ လမ်းမှာမနက်စာစားစရာဆိုင်တွေထဲက စားဖြစ်တာက ရန်ကုန်အထွက်ထောက်ကြန့်မရောက်ခင်ခိုင်ခိုင်ကျော်နားက (it လက္ဘရည်ဆိုင် ဒါမှမဟုတ်ရင် ၃၉မိုင်က သပြေရိပ်နဲ့ မြောင်းမြဒေါ်ချို တခုခုပေါ့)
🚘မနက်စာစားပြီးအေးဆေးမောင်းသွားရင် လမ်းမှာနာမည်ကြီးထမင်းဆိုင် ခိုင်ခိုင်ကျော်.ဘဲလေး.ရွှေမျက်မှန်.တလမွန် တို့ရှိတယ်လေ..ကျွန်တော်အမြဲစားနေကျကတော့ ဘီးလင်းကရွှေမျက်မှန်ထမင်းပေါင်းဆိုင်ပါ..အဲ့ဆိုင်အရှေ့မှာ ဒူးရွင်းသီးသည်တွေလဲရှိတော့ ထမင်းစားပြီး တခါတည်းအချိုတည်းလို့ရတယ်လေ..

🚘အဓိကရေးချင်တဲ့မော်လမြိုင်ရောက်ပါပြီ🚘
🕖နံနက်စာ...
၁.😊.ကျွန်တော်အမြဲစားနေကျကတော့ မော်လမြိုင်အပေါ်ဈေး ဒေါင်းမင်းရပ်က မစံပယ် မုန့်ဟင်းခါးဆိုင်ပါ...မော်လမြိုင်မုန့်ဟင်းခါး.မော်လမြိုင်အုန်းနို့ခေါက်ဆွဲ.အုန်းထမင်း သင်္ကြန်ထမင်း အစုံရတယ်လေ.(အုန်းနို့ခေါက်ဆွဲထဲ ကြက်အူ.ကြက်အသည်းအမြစ် .ကြက်သွေးအစုံထည့်ပြီးစားလိုက်ရရင်တော့ဘယ်ပြောကောင်းမလဲဆွေမျိုးမေ့ပေါ့)
၂.😊တောင်ပေါ်တန်း ဘုံကျောင်းရှေ့က ကော်ရည်ခေါက်ဆွဲကလဲနှစ် ၃၀ကျော်ထဲကခုထိနာမည်ကြီး

🕛.နေ့လည်စာ
၁.😊.ချစ်တီးထမင်းနဲ့ဟင်းစားချင်ရင်တော့ ကမ်းနားလမ်းက..မေ.ချစ်တီးဆိုင်ရှိတယ်လေ
၂.😊.အတ္ထရံဟော်တည် နားက မချိုထမင်းဆိုင်ကလဲနာမည်ကြီးပါပဲ
၃.😊.မြန်မာထမင်းကောင်းကောင်းစားချင်ရင်ဈေးကြို.က"သမီး"ဆိုင်ရှိတယ်လေ
၎.😊.ကြက်ကုလားချက်..ထူးထူးခြားခြား.ဝက်ကုလားချက်(ကုလားတွေကြက်သားဟင်းချက်သလိုဗမာတွေကဝက်သားထည့်ချက်ထားတာ).ဝက်ခေါင်းကုလားချက်..အရမ်းကောင်းတာက မော်လမြိုင်အထွက် ရွှေနတ်တောင်နားက "စကားဝါ"ထမင်းဆိုင်ပေါ့

🕞.ညနေအဆာပြေစားကြမယ်လေ
၁.😊.မရမ်းကုန်းကဝက်သားလိပ်.ဝက်ခေါင်းသုပ်ဆိုတာငယ်ငယ်ကတည်းကနာမည်ကြီးလေ
၂.😊.ဒိုက်ဝန်ကွင်းဘိန်းမုန့်ဆိုတာကရန်ကုန်ကတောင်တကူးတကမှာစားရတာလေ
၃.😊.ကျိုက်သုတ်ဘုရားနားကဝက်ကင်.ကြက်ကင်လဲနာမည်ကြီးတာပဲ
၎.😊.သံလွင်ဈေးနားကညနေမှဖွင့်တဲ့ မုန့်ဟင်းခါးဆိုင်ကတော့ကြိတ်ကြိတ်တိုးပဲ၆နာရီလောက်ဆိုဘာမှမကျန်တော့ဘူး
၅.😊.ကျားတံတားဘိန်းမုန့်လဲနာမည်ကြီးတယ်လေ
၆.😊.ကျားတံတားလက္ဘက်သုပ်ဆိုတာကလဲ နှစ်၃၀ကျော်နေပြီနာမည်ထိန်းထားတာ
၇.😊.အချိုပွဲစားချင်ရင် ဒိုက်ဝန်ကွင်းက "ရွှေခြံ"ကူဖီးလ် .မလိုင်က ရန်ကုန် ရွှေပုဇွန်ထက်သာသေးတယ်
၈.😊.သိပ္ပံလမ်းထိပ်က ဒိန်ချည်ကလဲစားကောင်းတာပဲ
၉.😊.မော်လမြိုင်အထွက်ဖားအောက် ရွာထဲက ဖားအောက်မုန့်ဟင်းခါးလဲ ရှယ်ရှယ့်ရှယ်ပဲ
၁၀.😊.ရန်ကုန် စိတ်တိုင်းကျမှာရောင်းတဲ့မော်လမြိုင်ပဲလိပ်ဆိုတာ မရမ်းကုန်းပဲလိပ်ကစတာလေ.မူရင်းဆိုင်ကခုထိရှိသေးတယ်.၃နာရီလောက်ဆိုရပြီ
၁၁.😊.အရင်နန်းတော်ရုပ်ရှင်ရုံအောက်ကမတူးအသုပ်ဆိုင်.ခုအဲ့နားမှာပဲဖွင့်ထားတယ်လေ..လက်ရာကတော့ငယ်ငယ်ကအတိုင်းရှယ်ပဲ

🕡ညစာဆိုရင်တော့
၁.😊.ကမ်းနားလမ်းက Light house မှာအကင်နဲ့ဘီယာလေးသောက်ပြီးလေညှင်ခံမယ်လေ
၂.😊.ဖက်ခင်းက Only Thai Food ဆိုင်ကအကင်စုံ.sea foodအစုံ.ဂဏန်းလတ်လတ်ဆတ်ဆတ်တွေရတယ်
၃.😊.ကမ်းနားလမ်းက ဘုန်းကြီး .ဆိုင်ကတော့မူလလက်ဟောင်းပေါ့

🕜ညသန်းကောင်ကြီးဗိုက်ထဆာပြီဆိုပါတော့
😀.ဘာမှမစဉ်းစားနဲ့ ကမ်းနားလမ်းကိုသာသွား.ညသန်းကောင်ကျော်..မနက်လင်းခါနီးထိဖွင့်တဲ့ ကီးမားပလာတာ.ဆိတ်ခါးပတ်.ကြက်ခါးပတ်ဆိုင်တွေမှအများကြီ....
🚘🚘ကဲ ကျိုက်ခမီစက်စဲသွားလည်မယ်လေ.လမ်းမှာဘာစားရမလဲ🚘🚘
၁.😀.မုဒုံကန်ကြီးက အကြော်စုံနဲ့မော်လမြိုင်စတိုင်ပဲမှူန့်များများနဲ့အချည်မစားဖူးရင်အဲ့မှာစားကြည့်ပေတော့
၂.😀.နေ့လည်စာလား..ရွှင်ပျော်ပျော် ၁.၂.၃ မှာတောကောင်သားအစုံရတယ်လေ..ကြက်သံပုံးကင်နဲ့တောကောင်သားအစုံစားပြီးရာဘာခြံထဲအေးအေးဆေးဆေးထိုင်ချင်ရင်တော့.ရွှင်ပျော်ပျော် ၃ ကိုသာသွားပေတော့.ကျေနပ်စေရမယ်.(ဈေးလား လူ ၁၀ယောက်ဟင်း ၉မျိုးလောက်အဝစားတာ ၄သောင်းမကျော်ဘူးရယ်)
၃.😀.ကျိုက်ခမီမရောက်ခင် သံဖြူဇရပ်က ဒေါ်ပု ထမင်းဆိုင်မှာထမင်းဝင်စားသွားနော်.အရမ်းကောင်းတယ်..
၎.😀.အပြန် ကျိုက်မရောဘုရားဝင်ဖူးမယ်ဆိုရင်.ကျိုက်မရောဘုရားမရောက်ခင် အသုပ်ဆိုင်မှာ"အရူးသုပ်"နဲ့ လက်ဖက်သုပ်ကတော့တကယ့်ရှယ်ပဲ....အိမ်ဆိုင်လေး၁၁နာရီလောက်မှဆိုင်စဖွင့်တာ..၁၀နာရီ၅၅ မိနစ်ရောက်သွားလဲမရောင်းပေးဘူး..သူ့အချိန်မှသူရောင်းပေးတာ..
🚘🚘ကဲမော်လမြိုင်ကနေဖားအံဘက်ပတ်ပြီးပြန်မယ်လေဘာစားရမလဲ🚘🚘
၁.😀.ဖားအံမှာကွေ့သယို .အကောင်းဆုံးဆိုင်ကတော့ "ရွှေကြက်ဖ"ပဲ
၂.😀.မြန်မာထမင်းဟင်းအကောင်းဆုံးက၂ဆိုင်ပဲရှိတယ်."ရွှေမန်ကျည်း" နဲ့ "စံမတူ"
🚘ကဲနေ့လည်စာစားပြီးရင်တော့ပြန်တော့လေ အဲ့တာမှရန်ကုန်ကို ညမိုးမချုပ်ခင်ရောက်မှာ🚘

🚗😀😀ရန်ကုန်ရောက်ခါနီးပြီပင်ပန်းတယ်ဆိုရင်တော့ ပဲခူးဘက်ကလာရင် ပဲခူးအကျော်နား.. ရွှေပြည် resort မှာ စနေ.တနင်္ဂနွေ ဆို..တောင်ဆိတ်သားနဲ့ပလာတာ ရတယ်လေ..အမြည်းလဲကောင်းတော့ beer လေးသောက်ပြီးနားလိုက်ဦးပေါ့😀😀🚗

(အခုရေးထားတဲ့ဆိုင်တော်တော်များများက ဆိုင်ကြီးတွေမဟုတ်ပါ..တချို့ဆိုင်မှာလမ်းဘေးဆိုင်.အိမ်ဆိုင်တွေသာဖြစ်ပါတယ်...အရသာကောင်းဖို့ အဓိကမို့ တကယ်ကောင်းတဲ့ဆိုင်တွေစုစည်းတင်ပြခြင်းဖြစ်ပါတယ်)
https://www.facebook.com/myo.thiha.503/posts/832065280278469

 ကျိုက်သုပ် ဝက်သားကင်
 Only Thai food မှာ ပင်လယ်စာလတ်လတ်ဆပ်ဆပ်လဲရတယ်

 မစံပယ် မုန့်ဟင်းခါးဆိုင်
 ရွှေမျက်မှန်ထမင်းပေါင်း

ရွှေခြံမလိုင်


 မရမ်းကုန်းထိပ်ကဝက်ခေါင်းသုပ်.ဝက်သားလိပ်
 မော်လမြိုင်ပဲလိပ်
 ရွှေခြံကူဖီးလ်

 ရွှင်ပျော်ပျော်က ကြက်မွန်ချက်.ဂျီချေးခါး..ဂဏန်းမာဆလာ

ကျားတံတားဘိန်းမုန့်


No comments:

Post a Comment