Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 9, 2017

နှုတ်ခမ်းနား တစ်ဝိုက်မှာ မှည့် ပါခဲ့ရင်


နှုတ်ခမ်းနား တစ်ဝိုက်မှာ မှည့် ပါခဲ့ရင်

သူ့ရဲ့အားနည်းချက်ကတော့ လူတိုင်းအပေါ်မှာ အနစ်နာခံပီး ပေါင်းတတ်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ စကားလုံးအရာမှာ ဧကရာဇ်တပါးလို ပြောတတ်ဆိုတတ်တာပါပဲ။

နေရာတကာ သူမပါရင်မပီးသလို ပွဲမစည်တာကြောင့် အများအတွက်နဲ့ ကိုယ်က ဓားစာခံဖြစ်ရတတ်ပါတယ်။ အများကို စကားတွေနဲ့ ငိုအောင်ပြောနိုင် ရယ်အောင်ပြောနိုင်ပီး အပြောလေး ချိုချိုနဲ့ ဖမ်းစားညှို့ယူတတ်သူဖြစ်ပါတယ်။

ခပ်စွာစွာနဲ့ အချေကြီးပဲ တစ်လိုင်းနေတတ်ပါတယ်။ ခံစားချက်တွေ ပြင်းထန်လာတဲ့ အခါ ဘယ်သူ့ကိုမှ ရင်ဖွင့် မပြတတ်ပဲ တစ်ယောက်ထဲ ကြိတ်မှိတ်ပီး ခံစားလေ့ရှိပါတယ်။

သူငယ်ချင်းတွေထဲမှာတော့ သူဟာ အထူးခြားဆုံးဖြစ်ပီး သူတို့ စ,နောက်သမျှ ဒူပေဒါပေခံရပါတယ်။ သူတို့အတွက်ဆိုရင် အလုပ်ကိုတောင်ဖျက်ပြီး လိုက်လျောတတ်ကြတယ် ။

သူဟာ အချစ်နဲ့တွေ့ချိန်မှာတော့ စိတ်ဆိုးချင်တိုင်းဆိုး ပူစာချင်တာတွေ ပူစာခွင့်ရမဲ့သူတယောက်ကို ပိုင်ဆိုင် ရတတ်ပါတယ်။ကိုယ်လုံးကိုဖန် လှပတင့်တယ်ပီး မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာပြောဆိုတတ် သူနှင့် ဖူးစာဆုံရတတ်ပါတယ်။

အစွဲအလမ်းကြီးတတ်တယ်။ ဇွတ်တရွတ်လုပ်တတ်တယ်။ ထက်မြက်လှတဲ့ လူတစ်ယောက်ဖြစ်တာကြောင့်တော်ရုံလူတချို့က သူ့ကိုမြင်လိုက်တာနဲ့ အနားမကပ်ရဲပဲရှိန်းဖိန်းပီး တွန့်ဆုတ်သွားတတ်ပါတယ်။

မီးဖိုချောင်ကိစ္စမှာ အလွန်အပျင်းထူသူဖြစ်ပီး စီးပွားရေး မှာတော့ စေ့စပ်သေချာတဲ့ လုပ်ငန်းရှင်တဦးလို တိကျပြတ်သားလှပါတယ်။ မိသားစုကို ဦးဆောင်နိုင်သူဖြစ်ပီး ပတ်ဝန်းကျင်ကိုတော့ ဂရုမစိုက်ပဲ ဂျစ်ကန်ကန်နေတတ်သူဖြစ်ပါတယ်။

သူလိုလူကို မတူမတန်သလို သွားမချေမိစေနဲ့ တစ်သက်လုံးမှတ်မိနေပီး ဘယ်တော့မှ လှည့်မကြည့် ချင်လောက်အောင် နာကျည်းမုန်းတီးတတ်ပါတယ်။

အချက်တွေအားလုံး မှန်တယ်ဆိုရင် Share နိုင်ပါတယ်။

Credit – Moe Ma Kha Media

No comments:

Post a Comment