Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 13, 2017

ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့ Asia express လိုင်း


ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့ Asia express လိုင်း

ယဉ်မောင်းနှင့် ယဉ်နောက်လိုက် အသက်လေးနှစ်ခွဲရှိသားငယ်အားနေမကောင်း၍ဆေးရုံတက်ပြီး နေကောင်းသောအခါ မိမိ အိမ်ရှိရာသဲကုန်းမြို့သို့ကျွှန်မအပြန် ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ဝန်း Asia express ဂိတ်တွင် ရန်ကုန် မှ ပြည်သို့ 8 -7 – 2017 ည ၇း နာရီထွက်သေားကားအား ဝက်ပုတ်တာစုံသို့လိုက်ရန် ကားလက်မှတ်ဝယ်သောအခါ ခုံနံ ပါတ်(31) နောက်ဘက်တွင်ရသည် ၎င်းနောက်စီးနင်းလိုက်ပါလာရာ ပေါးတည်မြို့သို့ရောက်သောအခါ တွင် ပတီးကုန်း သဲကုန်း ဘက်သွားသော ဝက်ပုတ်တာစုံတွင်ဆင်းမည်ဟု မမှတ်မိ၍ရပ်ပေးရန် ယဉ်နောက်လိုက်အား ထပ်၍ ပြောသော အခါ အေးအေးညီမလေးဆိုပြီးကား၏ ရှေ့ပိုင်းတွင်သွားထိုင်နေဘည်။

အချိန်အတော်ကြာသည့်တိုင် ကားရပ်မပေးသောကြောင့် ယဉ်နောက်လိုက်အား သမီးဆင်းမဲ့နေရာမရောက်သေးဘူး ခုကောဘယ်နေရာရောက်ပြီလဲ မေးသောအခါ ယဉ်နောက်လိုက်မှ အင်းမရောက်ပြီဟုပြန်ပြောသည်။

ဒါဆိုသမီး ဆင်းမဲ့နေရာကျော်သွားပြီ ဘယ်လိုလုပ်မလဲမေးသောအခါ မေ့သွားလို့ ရှေ့နားတွင် လိုက်ထွက်ကားရှိ တယ်ပြ န်ပို့ပေးမယ်ပြောပြီး ဆက်ပြီးမောင်းနေသည်။ ဝါးတောသာရွှာ ကိုကျော်ပြီး ရွှေတောင်ကို ရောက်သောအခါ Asia express ကားတစီးအားတားပြီးယဉ်နောက်လိုက်မှအဝတ်စားထုပ်ယူ၍တဘက်ယဉ်နောက်လိုက်ကို အထုပ်ပေးပြီးမိမိ ကားသိုပြန်တက်သွားသည်။

ထိုအခါချိန်းပေးသောကားပေါ်မှအမျိုးသမီးတဦးကခလေးပါလို့ဆိုပြီး မတင်ဘဲ အထုပ်ကိုပြန်ချပြီး မောင်းထွက်သွားသည် ကျွန်မမှာ ခလေးကလဲနလံထ ည ၂ နာလောက် လူတွေလဲတယောက်မှမရှိ မိုးကလဲရွှာ အဆောင်းကမပါ ဘယ်သွား လို့ ဘယ်လာရမှန်းမသိ အနားရှိအိမ်ကိုနှိုးပြီးအကူညီတောင်းကာသဲကုန်းအရောက်ပြန်ခဲ့ရသည် ။

သဲကုန်းရောက်တော့ နံနက် ၄ နာရီထိုးနေပြီမိုးရေတွေဆိုထားသောကြောင့်နေမကောင်းပြန်ဖြစ်နေပါသည် သို့ဖြစ်ပါ၍ ၎င်းးယဉ်မောင်းနှင့်ယဉ်နောက်လိုက်တို့အား တာဝန်ရှိသူမှ ပြင်းငြ်းထန်ထန် အရေးယူပေးပါရန်နောက်နောင် အခါများမှာ လည်းယ္ခုကဲ့သိုမလုပ်ရဲအောင် များများမျှဝေပေးကြပါ။

မေလေး
Mg Mg MyatThu



No comments:

Post a Comment