Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 5, 2017

မင်းလှတွင် ISUZU ယာဉ် ချောက်ထဲသို့ထိုးကျ ( ၈) ဦးဒဏ်ရာရ


မင်းလှ၊ ဇွန် ၅။

ဇွန်လ ၄ ရက် ညနေ (၄) နာရီခန့်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နှင့် ၁၄ မိုင်ခန့်အကွာရှိ ဧရာဝတီတံတား(မလွန်)တံတားထိပ်မှ ကပစ(၁၃)ပိတောက်ကန်သို့ သွားသည့် မြေနီလမ်း မိုင်တိုင်(၁/၃)နှင့် (၁/၄) အကြားတွင် ISUZU အမျိုးအ စား အဖြူရောင်(၆)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့၍ယာဉ်ပေါ်လိုက်ပါလာသူ (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းလှမြို့မ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။

“ ယာဉ်မောင်း အပါအ၀င် ကျား (၂) ဦး၊ မ (၆) ဦး ဒဏ်ရာရပါတယ်။ ( ၇) ဦးက ခရီးသည် တစ်ဦးကယာဉ်မောင်းပါ။ ၆ ဦးကို မကွေးဆေးရုံ၊ ၂ ဦးကို မင်းလှဆေးရုံပို့လိုက်ပါတယ်။ မစိုးရိမ်ရပါဘူး၊ ကားကရှေ့မှန်ကွဲပြီး ကားခေါင်းယာဘက်အခြမ်းပိန်သွားပါတယ်။ ယာဉ်မောင်းကိုယာဉ်(ပ)၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ နဲ့ အမှုဖွင့် ဆောင်ရွက် လျှက်ရှိပါတယ် “ ဟု ၄င်းကပြောသည်။

ကြိမ်လုံး( မင်းလှ)

PHOTO - KL
The Asia Heart News