Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 3, 2017

ကျောက်မဲမြို့လယ်ရှိ စတိုးဆိုင်တစ်ဆိုင်သို့ လက်ပစ်ဗုံးထည့်ထားသည့် ပါဆယ်ဘူးလာရောက်ပို့ဆောင်


ကျောက်မဲ၊ ဇွန် ၃ ။

ယနေ့ ဇွန်လ ၃ ရက် ည ၇း၃၀ ခန့်က ကျောက်မဲမြို့လယ်ခေါင်ရှိ “အောင် “ စတိုးဆိုင်သို့ လက်ပစ်ဗုံးတစ်လုံးထည့်ထားသည့်ပါဆယ်ထုပ်ကို အမည်မသိသူတစ်ဦးကလာရောက်ပို့ဆောင်ခဲ့ကြောင်းကျောက်မဲမြို့မ ရဲစခန်းမှစခန်းမှူး ဒုရဲမှူးဟန်ဝင်းလှိုင် ကပြောသည်။


“ဆိုင်ရှင်အမည်ရေးထားတဲ့ ပါဆယ်ဘူးကို လူငယ်တစ်ဦးက လာပို့တယ်။ဖောက်လိုက်တော့အထဲမှာ ဖန်ခွက်သုံးလုံးနဲ့ ဗုံးတစ်လုံးတွေ့လို့ ကျွန်တော်တို့ကိုအကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရယ် ၊တပ်ကလူတွေရယ်၊ မြို့နယ်ကတာဝန်ရှိသူတွေရယ်သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဗုံးကိုတော့ တာဝန်ရှိသူတွေက ယူဆောင်သွားပါတယ်။
ပါဆယ်ထုပ်ထဲ ဗုံးထည့်ပြီးလာပို့တဲ့ လူငယ်ကို ဆက်လက်စုံစမ်းနေပါတယ်။”ဟု၎င်းကပြောသည်။

“ကျောက်မဲမြို့ အခြေအနေကတော့အေးအေးဆေးဆေးပါ၊ ပုံမှန်သွားလာနေကြပါတယ်။ ပါဆယ်ပို့ခံရတဲ့ အောင် စတိုး နဲ့ အဲဒီဆိုင်ရဲ့ဘေးကဆိုင်တချို့ ကတော့ ဒီနေ့စောစောပိတ်သွားတာတွေ့ရတယ် “ ဟုကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။

မင်္ဂလာထွန်း(ကျောက်မဲ)
PHOTO – AHN
The Asia Heart News

No comments:

Post a Comment