Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 3, 2017

ထိုင်းနိုင်ငံတွင် အင်္ဂလန်နိုင်ငံသားတဦး မိန်းမလျာ နှင့် အတူပျော်ပါးနေစဉ် လသာဆောင်မှလိမ့်ကျ


၃-၆-၂၀၁၇

ထိုင်းနိင်ငံ ချွန်ဘူရီက နာမည်ကျော် ပတ်တယားPattayaအပန်းဖြေကမ်းခြေကို လာရောက်လည်ပါတ်နေသူ အင်္ဂလန်နိုင်ငံသားတဦးဟာ ဇွန်လ ၃ ရက်နေ့ မနက် (၅)နာရီက သုံးထပ်အမြင့်တည်းခိုခန်းရဲ့  လသာဆောင်ကနေ ကိုယ်တုံးနဲ့  ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။


နာမည်ဖေါ်ပြမထားတဲ့ အသက်(၄၀)အရွယ်အမျိုးသားဟာ ဂျွန်လ (၂)ရက်နေ့ ညက အသက်၃၅နှစ် အရွယ် စစ်တီဖုန်း Sittipong ဆိုသူ ထိုင်းမိန်းမလျာတဦးကို ညအိပ်ခေါ်လာခဲ့ရာက ခုလို လသာဆောင်ကပြုတ်ကျခဲ့တာပါ။


အခန်းတွင်းမှာ ရှိနေသူ မိန်းမလျာကို ရဲတွေက စစ်ဆေးတဲ့အခါမှာသူတိုနှစ်ဦးဟာ ရန်ဖြစ်တာမဟုတ်ငြောာင်း၊သူနဲ့ အတူ ပျော်ပါးနေစဉ် အရှိန်လွန်ပြီး လိမ့်ကျသွားတာလို့  ၀န်ခံပြောပြောကြားခဲ့တာကို ပတ်တယား သတင်းမီဒီယာတွေမှာရေးသားနေကြပါတယ်။

အမျိုးသားဟာ ဦးခေါင်းမှာ ဒဏ်ရာရသွားလို့ Banglamung ဆေးရုံကြီးမှာ ကုသပေးခဲ့ရပြီး စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်းသိရပါတယ်။

Social Action for Children and Women - SAW

No comments:

Post a Comment