Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 15, 2017

ဘားအံမြို့နယ်၊ ၀ဲကရင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး မီးလောင်ပြင် အတွင်းမှ မီးလောင်ကျွမ်းထားသည့် လူသေအလောင်းတစ်လောင်းတွေ့ရှိ



ဘားအံ ဇွန် ၁၆

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ၀ဲကရင်ကျေးရွာတွင် (၁၆-၆-၂၀၁၇) ဇွန်လ ၁၆ ရက်နေ့ ယနေ့  နံနက် ၃နာရီခွဲအချိန်ခန့် က မီးလောင်မှု ဖြစ်ပွားပြီး မီးလောင်ပြင် အတွင်းမှ မီးလောင်ကျွမ်းထားသည့် လူသေအလောင်း တစ်လောင်းတွေ့ရှိကြောင်း သိရပါသည်။

 မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သာယာကုန်းရဲကင်းမှ ရဲကင်းမှူး ရဲအုပ် စိုးမင်းအောင်ဦးစီးအဖွဲ့၊သာမညကျေးရွာ အရန်မီးသတ်တပ်ခွဲမှူး ဦးခွန်အုန်းတင်ဦးဆောင်သည့်အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား(၃၀)ဦးခန့်၊ ၀ဲကရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောသူရအောင်ဦးဆောင်သည့်ကျေးရွာသူ/သားများ(၃၀)ဦးခန့်တို့နှင့်အတူ မီးလောင်ပြင်အား ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၀၄း၃၀ အချိန်တွင် မီးညွှန့်ကျိုးသွား၍ ၀၄း၄၅ အချိန်တွင် မီးအားအပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ပါသည်။

မီးလောင် မှုကြောင့် ဦးဝင်းထွေး၊ (၅၂-နှစ်)၊ (ဘ)ဦးစံသိန်း၊ ၀ိဇ္ဇာ(၂)ရပ်ကွက်၊ သာမညကျေးရွာ၊ ဘားအံမြို့နယ် နေသူပိုင် အလျား (၃၀)ပေ၊ အနံ(၂၀)ပေရှိ အုတ်ခင်း၊အုတ်ကာ၊ သွပ်မိုးနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးကာ ဆုံရှုံးမှုတန်ဘိုး(၂၅)သိန်းကျပ် ဖြစ်ကြောင်းသိရပြီး မီးလောင်ပြင်အတွင်းမှ မီးလောင်ကျွမ်းထားသည့် လူသေအလောင်းတစ်လောင်းအား စစ်ဆေးတွေ့ရှိ ခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲအုပ် စိုးမင်းအောင်မှ ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့  ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment