Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 15, 2017

ကျွေးကျေးဇူးဆပ်တဲ့ခွေးလေး


ကျွေးကျေးဇူးဆပ်တဲ့ခွေးလေး
-----------------------------------

ခွေးများဟာကျေးဇူးသိတတ်တဲ့ တိရိစ္ဆာန်ထဲမှာပါတယ်ဆိုရင် ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ဒါကြောင့် ကျွေးကျေးဇူးဆပ်တတ်တဲ့ခွေးလေးတစ်ကောင်အကြောင်းကို ပြောပြချင်ပါတယ်။
.
လွန်ခဲ့တဲ့တစ်နှစ်က တရုတ်နိုင်ငံမှာ အေးစက်လှတဲ့ ဆောင်းရာသီအချိန်တစ်ရက်မှာ ဗိုက်အလွန်ဆာနေတဲ့ လေလွင့်ခွေးပိန်လေးတစ်ကောင်ကို ပင်လယ်စာရောင်းတဲ့ ဆိုင်ပိုင်ရှင် ကတွေ့ခဲ့ပါတယ်။

အစကတော့ ဆိုင်ရှင်အမကြီးက မွေးထားဖို့အထိ စိတ်မကူးထားခဲ့ပါဘူး။ ခွေးလေးကို သနားလို့ အစားအသောက်ပဲ ကျွေးခဲ့ပါတယ်။

သို့သော်ခွေးလေးက ဆိုင်ရှင် အနားကမခွာတော့ပဲ နှင်ထုတ်လည်း မထွက်သွား တော့ပါဘူး။

ဒီလိုနဲ့ ခွေးလေးက ဆိုင်နားမှာ နေတာ ၂ရက်ရှိတော့ ဈေးဝယ်သူတွေက သူ့ကိုမွေးထားလိုက်ပါ။ ခွေးကကံကောင်းခြင်းတွေကိုယူဆောင်ပေးနိုင်တယ်လို့ ပြောကြလို့ ဆိုင်ရှင်အမကြီးက သူ့ဆီမှာမွေးထားခဲ့ပါတယ်။

သူ့ကိုလည်း စွန့်ဖူ (ကံကောင်း) လေးလို့ နာမည်ပေးခဲ့ပါတယ်။
.
ဒီလိုနဲ့ ၆လအကြာမှာ စွန့်ဖူလေးလည်း အရင်ကနဲ့မတူတော့ပဲ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာ ကောင်းလာပါတယ်။

ဆိုင်ကလည်း အရင်ထက်ရောင်းအားတွေတက်လာပြီး ဈေးဝယ်သူ ကလည်း စွန့်ဖူလေးကို ချစ်ကြပါတယ်။ နေ့တိုင်း ဆိုင်ခင်း၊ ဆိုင်သိမ်းတဲ့အချိန်မှာ ဆိုင်ကိုကူကြည့်ပေးပါတယ်။ နေ့လည်ပိုင်းဆိုင်ရှင် ခဏအနားယူတဲ့အချိန်မှာဆိုရင် သူက ဆိုင်ကူစောင့်ပေးတဲ့အပြင် ဈေးဝယ်တွေ လာတဲ့အချိန်မှာ ဆိုင်ရှင်ကိုနှိုးပေးပါတယ်။

စွန့်ဖူလေးက အရမ်းလိမ္မာသိတတ်တဲ့အပြင် ဉာဏ်လည်းကောင်းလှတာကြောင့် ဈေးဝယ်တွေ အားလုံးက သူ့ကိုချစ်ကြပါတယ်။
.
စွန့်ဖူလေးရဲ့အကူအညီကြောင့် ဆိုင်ရှင်လည်း အရင်ထက်အများကြီးသက်သာတဲ့အပြင် စီးပွားရေးလည်းအရမ်းကိုကောင်းလာပါတယ်တဲ့။

စွန့်ဖူလေးကလည်း ကျေးဇူးဆပ်တတ်တဲ့ ခွေးလေးဖြစ်လို့ အလွန်ချစ်ကြောင်း ဆိုင်ရှင်ကလည်းပြောပါတယ်။
.
“တစ်လုတ်စားဖူးသူ့ကျေးဇူး”ကိုသိတတ်တဲ့ စွန့်ဖူလေး သူ့နာမည်လေးအတိုင်း ကံကောင်းပါစေနော်။

Credit mi media
https://m.facebook.com/story.php?story_fbid=283045628824927&id=152006198595538
Photo Credit Original





No comments:

Post a Comment