Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 22, 2017

ဒလမြို့နယ်အတွင်း ကျူးစာရင်းကောက်ယူမှုတွင် တစ်သောင်းကျော်ခန့်ရှိ ထပ်မံကျူးကျော် နေထိုင်သူများ တိုးပွားလာလျှက်ရှိ



ရန်ကုန် ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်စာရင်း လိုက်လံကောက်ယူမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ခရိုင်လေးခုအတွင်းရှိ မြို့နယ်များအလိုက် ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။

 ထို့အတူ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဒလမြို့နယ် အတွင်း၌ မတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ဧပြီလ ၅ ရက်နေ့အထိ ကမာကဆစ် အနောက်ဘုန်းတော်ကြီးကျောင်းနှင့် မှော်စက်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတို့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့ရှိ ကျူးကျော် နေထိုင်သူများစာရင်းကို ကျူးကျော်စာရင်းကောက်ယူရေးကော်မတီ မှ ကျူးကျော်အသိအမှတ်ပြု စမတ်ကတ်များကို ထုတ်ပေးရာ ကျူးစာရင်းကောက်ယူမှုတွင် တစ်သောင်းကျော်ခန့်ရှိကြောင်းမြို့နယ် အထွထွေအေုပ်ချုပ်ရေးမှူးဦးစီးဌာန ရုံးမှသိရသည်။


 ယခုအချိန်၌ ထပ်မံ ကျူးကျော်နေထိုင်သူများ တိုးပွားလာလျှက်ရှိပြီး ဒလမြို့နယ် သပြေကုန်းကျေးရွာအတွင်းရှိ ကွင်းအမှတ်(၁၈၆) အနီး၌ ရေလွှတ် မြောင်းပေါ်နှင့် လမ်းဘေးစည်ပင်မြေနေရာတို့၌ ကျူးကျော်တဲများခွ၍ အစီအရီဆောက်လုပ်နေမှုတွေရှိကြောင်း ယခုအခါ ကျူးကျော်တဲ (၂ဝဝ) နီးပါးခန့်တိုးလျက်ရှိကြောင်း သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ဦး၏ ပြောကြားချက်အရ သိရသည်။

နိုင်လင်းကျော်(ဒလ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment