Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 22, 2017

၂၀၀၂ ခုနှစ် နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှု

 
၂၀၀၂ ခုနှစ် နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှု
———————–—————————————
(ဒီဖြစ်စဉ်ထဲက တပ်မ (၇၇) တပ်မမှူး ဗိုလ်မှူးချုပ်သန်းဌေး ဆိုတာ အခု ကြံ့ခိုင်ရေးဥက္ကဌကြီးဦးသန်းဌေး ပါ။ ဗိုလ်မှူးချုပ်သန်းဌေး က ဦးနေ၀င်းမြေးတွေ အာဏာသိမ်းဖို့ ကြံစည်တာကို ဖော်ကောင်လုပ်လိုက်လို့  သူတို့ အဘကြီးရဲ့ မြှောက်စားမှုကို ခံခဲ့ရပါတယ်)
-
(၁)

Goldern Crown Co., Ltd နှင့် အဆောက်အဦးများ လုံခြုံရေး အတွက် ရည်ရွယ်ပြီး ၀န်ထမ်းများ ခန့်ထားခဲ့ကြပါသည်။ ၀န်ထမ်း စုစုပေါင်း (၅၄) ဦးရှိပြီး ၀န်ထမ်များ အားလုံးအား ကျော်နေ၀င်း မှ ဦးစီးကွပ်ကဲခဲ့ပါသည်။ အဆိုပါ လုံခြုံရေး ၀န်ထမ်းများအား အငြိမ်းစား ဗိုလ်မှုး ခင်စိုး ဆိုသူမှ တာဝန်ယူပြီး စုစည်းဖွဲ့စည်း ပေးခဲ့ပါသည်။

တပ်မတော်မှ နှုတ်ထွက်သူများ၊ ပြည်သူရဲတပ်ဖွဲ့မှ နှုတ်ထွက်သူများ တပ်မတော်နှင့် ပြည်သူ့ ရဲတပ်ဖွဲ့မှ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပယ် ခံရသူများအား ဦးစားပေး ခန့်ထားခဲ့ပါသည်။

ထိုသို့အလုပ်ဝင်ရန် အင်တာဗျူးခေါ်ရာတွင် "သတ္တိရှိရဲလား၊ ရိုက်ရဲလား၊ ထိုးကြိတ်သတ်ပုတ် ရဲလား" စသည့် လူငယ်များ စိတ်ကြိုက်မက်လုံးများ ပေးပြီး ခန့်ထားခဲ့ပါသည်။ ထိုဝန်ထမ်းများအား လစာကောင်းကောင်း ပေးပြီး ခိုင်းစေရာတွင် ၄င်းတို့၏ ကိုယ်ပိုင်ကျွန်များ သဖွယ် လေ့ကျင့် သင်ကြားပေး ခဲ့ပါသည်။

အဆိုပါဝန်ထမ်းများအား လုံခြုံရေးများသဖွယ် တပ်စု၊တပ်စိတ်များဖြင့် ကျော်နေ၀င်းက ဖွဲ့စည်း ထားပြီး နိုင်ငံတော်အကြီးအကဲများ သွားလျှင် လုပ်ပေးရသကဲ့သို့ တူညီဝတ်စုံများ ၀တ်ဆင် စေခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ လှုပ်ရှားမှု ပုံစံအတိုင်း သွားလာစေခြင်း ၊နိုင်ငံတော်တံဆိပ် ရင်တိုးများကို သုံးစွဲစေခြင်း၊ ယဉ်တန်းဖြင့် သွားလာခြင်း ထိုအဖွဲ့များကို ဆက်သွယ်ရေး စက်များ ထုတ်ပေးထားခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသာ ကိုင်ဆောင်သော ရာဘာတုတ်များ အား ကိုင်ဆောင်စေခြင်း ၊ လုံခြုံရေး ၀တ်စုံများ ၀တ်ဆင်စေခြင်း၊ ထိုလုံခြုံရေး ဝတ်စုံများတွင် အေးနေ၀င်းမှ တီထွင်သော လက်မောင်းတံဆိပ်များ ၊ လုံခြုံရေးတံဆိပ်များ ၊ ဘယ်ရီကတ် ဦးထုတ် များနှင့် ဦးထုတ်တံဆိပ်များ၊ ခါးပါတ်အဖြူများ၊ ယာဉ်ထိန်းရဲများသာ ကိုင်ခွင့်ရှိသော လျှပ်စစ် မီးချောင်းများ ၊ရာဘာတုတ်များ ကိုင်တွယ်စေပြီး အသုံးပြုသည်ကို တွေ့ရှိရပါသည်။

-----------------------
(၂)

ဦးနေ၀င်းအိမ်တွင် လုံခြုံရေးအရ တာဝန်ချထားသော ခမရ (၃၀၄) မှ ဗိုလ်မှုး သက်မျိုးအောင် ဦးစီး တပ်ခွဲအားလည်း ကျော်နေ၀င်း ၊အေးနေ၀င်း ၊ ဇွဲနေ၀င်း ညီအစ်ကို များမှ စည်းရုံး ထား ကြောင်း တွေ့ရပါသည်။ ကျော်နေ၀င်း၊ အေးနေ၀င်း၊ ဇွဲနေ၀င်းတို့ ညီအစ်ကို များသည် ထိုတပ်ခွဲ၏ တပ်ခွဲမှုးများမှ စစ်ဆေးရမည့် ၀တ်စားဆင်ယင်မှု စစ်ဆေးခြင်းကို တပ်ထုံးစံအား ကျော်လွှားကာ ၀င်ရောက် စစ်ဆေး ကြပါသည်၊

ကျော်နေ၀င်း ၊ အေးနေ၀င်း ၊ ဇွဲနေ၀င်းတို့ ညီအကိုများသည် တပ်ထုံးစံအား ကျော်လွှားပြီး ၀င်ရောက် စစ်ဆေးခြင်းသည် တပ်ကို သြဇာလွှမ်းမိုးမှု ရှိစေရန် တပ်ဖြိုခွဲရေးအတွက် ကြိုတင် ကြံရွယ်ချက် ရှိနေသည်ဟု အဓိပ္ပါယ် သက်ရောက်စေပါသည်၊

ထို့အပြင် တနင်္လာံနေ့ ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်းနှင့် နေစဉ့် အိပ်ဆောင် စစ်ဆေးမှုများကို အမှတ်ပေးစနစ်များ ပြုလုပ်ထားပြီး ပထမ၊ ဒုတိယ ၊တတိယနှင့်အခါအားလျှော်စွာ နှစ်သိမ့်ဆုများ ပေးအပ်ခဲ့ပါသည်။ ပထမ ဆုအဖြစ် (၇၀၀၀) ကျပ်၊ ဒုတိယ ဆုအဖြစ် (၅၀၀၀) ကျပ်၊ တတိယ ဆုအဖြစ် (၃၀၀၀) ကျပ်နှင့် နှစ်သိမ့်ဆု နှစ်ဆုအား (၁၀၀၀) ကျပ်စီ သတ်မှတ်ပေးပြီး အေးနေ၀င်း၊ ကျော်နေ၀င်းနှင့် ၊ ဇွဲနေ၀င်း တို့မှ ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြှင့် ပေးသည်ဟု ဖေါ်ထုတ် သိရှိရပါသည်၊

ထို့အပြင် လစဉ် လ၏ ပထမပါတ် ဗုဒ္ဓဟူးနေ့တိုင်းတွင် အနီးကပ် တပ်ခွဲမှ စစ်သည်များအား တပ်ခွဲရုံးတွင် နေ့လည်စာ စားပွဲ ပုံမှန်ပြုလုပ်ပေးပြီး ပထမဆုကို အေးနေ၀င်း မှလည်းကောင်း၊ ဒုတိယဆုကို ကျော်နေ၀င်း မှလည်းကောင်း၊ တတိယဆုကို ဇွဲနေ၀င်း မှလည်းကောင်း အခမ်းအနား ပုံစံပြုလုပ်ပေးပြီး ချီးမြှင့်ခဲ့သည် ဟု ဖေါ်ထုတ်သိရှိရပါသည်၊

ကျော်နေ၀င်းတို့ ညီအစ်ကို အနေဖြင့် ဗိုလ်မှုး သက်မျိုးအာင် တပ်ခွဲအား အပိုင်စည်းရုံး ထားသည့် အပြင် ၄င်းတပ်ခွဲအား အားကစားပွဲများ ကျင်းပပေးပြီး အားကစားဝတ်စုံများ ၀ယ်ယူ ပေး လေ့ရှိပါသည်။ တပ်ရင်းရှိ တပ်ခွဲအလိုက် ဘောလုံးပြိုင်ပွဲ ပြုလုပ်ရာတွင်လည်း ဗိုလ်မှုး သက်မျိုးအောင်၏ တပ်ခွဲ (၁) အား မနိုင်နိုင်အောင် ဖန်တီးပေးသည့် အနေအထားများ ရှိပါ သည်။

အခြားတပ်ခွဲမှ ခြေသာ၍နိုင်ခဲ့လျှင် ထိုတပ်ခွဲအပေါ် မကျေနပ်သည့် အမူအရာများ၊ စကားလုံးများ ပြောဆိုလေ့ရှိသဖြင့် အခြားတပ်ခွဲမှ စစ်သည်များသည် အလိုက်တသိဖြင့် ဗိုလ်မှုး သက်မျိုးအောင်၏ တပ်ခွဲအား အရှုံးပေးလေ့ ရှိကြပါသည်။ထိုသို့ ဘောလုံးပြိုင်ပွဲများ ပြုလုပ် ပေးပြီး ဗိုလ်မှုး သက်မျိုးအောင်၏ တပ်ခွဲအား ပထမဆု ရအောင် ဆောင်ရွက် ဖန်တီးပေးခဲ့ပါသည်။

ထို့နောက် ၄င်းတပ်ခွဲတွင် ပါဝင်သော စစ်သည်များအား ဆီဒိုးနား ကဲ့သို့သော ဟိုတယ်ကြီး မျိုးတွင် ကျော်နေ၀င်းမှ အကုန်ကျခံ၍ ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ် ပေးခဲ့ရာတွင် အေးနေ၀င်း၊ ကျော်နေ၀င်း၊ ဇွဲနေ၀င်း တို့သည် ၄င်းတို့ ဖွဲ့စည်းထားသော Goldern Crown ကုမ္မဏီ မှ လုံခြုံရေး တပ်ဖွဲ့များအား အနီးကပ် လုံခြုံရေး တပ်ဖွဲ့များ အသွင် ဖန်တီးပြီး အခမ်းအနားအား နိုင်ငံတော် တံဆိပ်များတပ်ကာ တက်ရောက် ခဲ့ကြပါသည်။

တပ်ရင်း ဘောလုံးအသင်းနှင့် အနိုင်ရ ဘောလုံးအသင်းကို တစ်ဦးလျှင် လက်ပတ်နာရီ တစ်လုံး၊ Walkman တစ်လုံးနှင့် ငွေသားကျပ် (၁၅၀၀၀) စီပါ စာအိတ် တစ်အိတ်စီအား ဆု အဖြစ် ပေးကြောင်း သိရှိရပါသည်။ ငပလီကဲ့သို့ အပန်းဖြေ စခန်းကိုလည်း ဗိုလ်မှူး သက်မျိုးအောင် တပ်ခွဲမှ အရာရှိနှင့် စစ်သည်အချို့အား ခေါ်ပြီး အပျော်ခရီးထွက်ခဲ့ ကြပါသည်၊

ထိုခရီးစဉ်တွင် ဆက်သွယ်ရေးစက်များအသုံးပြုခြင်း၊ တရာမ၀င် ဂြိုလ်တုဖုန်းများ အသုံးပြုခြင်း တို့ကိုလဲ တွေ့ရှိရပါသည်။ တပ်မတော် တပ်ရင်း တစ်ရင်း၏ အစိတ်အပိုင်းဖြစ်သည့် တပ်ခွဲ တစ်ခွဲ အတွက် အထူးအခွင့်အရေး အများအပြား ပေးပြီး စည်းရုံးထားကြောင်း တွေ့ရှိရ ပါသည်။ တပ်ခွဲ အဆင့်လောက် ဘောလုံးပွဲနိုင်သည့် ကိစ္စအား ဆီဒိုးနား ကဲ့သို့ ဟော်တယ်ကြီးတွင် ညစာစားပွဲများ ပြုလုပ်ပေးပြီး တန်ဘိုးကြီး လက်ဆောင်များ ပေးသည့် ကိစ္စမှာ ငွေကုန် ကြေးကျခံပြီး ကိုယ်ပိုင် တပ်သဖွယ် ဖြစ်အောင် စည်းရုံးထားသည်မှာ ထင်ရှားပါသည်။

ဗိုလ်မှုးသက်မျိုးအောင်အား ကျော်နေ၀င်းတို့ ညီအစ်ကိုဝယ်ပေးသော Puma Golf Set မှာ တန်ဘိုးအားဖြင့် (၂၄) သိန်းခန့် တန်ကြောင်းလည်း သိရှိရပါသည်။

-----------------------------------------

(၃)

အေးနေ၀င်း ကျော်နေ၀င်းတို့ ညီအစ်ကိုများသည် ဗိုလ်မှူး သက်မျိုးအောင်အား စည်းရုံးရာတွင် တော်လှန်ရေးနေ့ မတိုင်မီ လူကြီးများ အချိန်းအပြောင်း လုပ်မည့်အကြောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ချစ်သန်း အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တင်မြှောက် မည်ဖြစ်ကြောင်း၊ အပြာင်းအလဲများ လုပ်ရန်အတွက် ရန်ကုန်တွင် ရောက်ရှိနေ သော ဗိုလ်မှူးချုပ် သန်းဌေး၏ တပ်မ(၇၇) ဖြင့် ဆောင်ရွက်မည် ဆိုသည့်အကြောင်း ပြောပါသည်။

၂၀၀၂ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်း ဗိုလ်မှူး သက်မျိုးအောင်အား ကျော်နေ၀င်းက မတ်လ (၂၇) ရက်နေ့ မတိုင်မီ လူကြီးများ အချိန်းအပြောင်း လုပ်မည့်ကိစ္စအား တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တင့်ဆွေသန်းကို ပြောဆိုစည်းရုံးလျှင် ကောင်းမည်ဟု ပြောခဲ့ပါသည်။ ဖေဖေါ်ဝါရီ (၂၇) ရက် နေ့ခန့်တွင် အေးနေ၀င်းနှင့် ဇွဲနေ၀င်းသည် အေဒီလမ်းတွင်ရှိသော နေအိမ်အတွင်ဗိုလ်မှုး သက်မျိုးအောင် အားခေါ်ယူသွားပြီး လူကြီးများ အိမ်အတွင်းသို့ဝင်လျှင် ( ၀င်ရောက် စီးနင်းလျှင်) တပ်မ (၇၇) မှတပ်ရင်း (၃) ရင်းနှင့် လုံလောက်ခြင်း ရှိ/မရှိနှင့် အသုံးပြုရမည့် တပ်အင်အားကို မေးမြန်းစုံစမ်း ခဲ့ပါသည်။ ဗိုလ်မှုးသက်မျိုးအောင်မှ တပ်မ (၇၇) မှတပ်မမှူးမှ စီစဉ်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

အေးနေ၀င်းနှင့် ဇွဲနေ၀င်းတို့မှ လေတပ်ဦးစီးချုပ်နှင့် ရဲချုပ်တို့မှ ထိုအချိန်တွ င် ဘာလုပ်ကြမလဲ ဟု မေးမြန် သောအခါ ဇွဲနေ၀င်းမှ ဗိုလ်မှူး သက်မျိုးအောင် အနေဖြင့် ဦးနေ၀င်း၏ လုံခြုံရေး အဖြစ် အိမ်မှာပဲ နေဖို့  လိုတဲ့အကြောင်း ပြောကြား ခဲ့ပါသည်။ အေးနေ၀င်း မှ ထိုနေ့ကျလျှင် တိုင်းမှူးကို ရဟတ်ယာဉ် ဖြင့်ခေါ်လာပြီး တပ်မတော်နေ့မှာ မိန့်ခွန်း ပြောခိုင်းရမည် ဟု ပြော ကြား ခဲ့ပါသည်။

အေးနေ၀င်းမှ အမှတ် (၁၉) မေခလမ်း၊ အပ်ါနေအိမ်တွင် အားကစား လုပ်ရန် ပြင်ထားသောအခန်း (၂) ခန်းအားကြည့်၍ တကယ်အလုပ် လုပ်သည့်နေ့တွင် ဗိုလ်ချုပ်မှူးကြီး တို့ရောက်ပါက ထိုအခန်း (၂) ခန်းတွင် ဗိုလ်ချူပ်ကြီး မောင်အေးနှင့် အတွင်းရေးမှူး (၁) တို့ကို ထားမည် ဖြစ် ကြောင်း ဗိုလ်ချူပ်မှူးကြီးအား သကြားကျွန်းရှိ ယခင် ဦးနေ၀င်း နေခဲ့သည့် အိမ်တွင် ထားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

--------------------------

ဇာတ်ပေါင်းသော်.. ဦးနေ၀င်းမြေးများက စည်းရုံးထားသော စစ်အရာရှိများ၊

ကာချုပ် (လေ) ဗိုလ်ချုပ် မြင့်ဆွေ၊
တြိဂံဒေသ တိုင်းမှူး- ဗိုလ်မှူးချုပ် ချစ်သန်း (DSA-15)
ရတခ တိုင်းမှူး ဗိုလ်ချုပ် အေးကြွေ (OTS-43)
ရဲချုပ် - စိုးဝင်း
တပ်မ (၇၇) တပ်မမှူး - ဗိုလ်မှုးချုပ် သန်းဌေး (စွမ်းအင် သို့ပြောင်း)
ခမရ (၃၀၄) တပ်ရင်းမှူး - ဒုဗိုလ်မှူးကြီး တင့်ဆွေသန်း (အလုပ်သင်-၇)
ခမရ (၃၀၄) မှ တပ်ခွဲမှူး - ဗိုလ်မှူး သက်မျိုးအောင် (အလုပ်သင် -၁၇)

-----------------------------------------

အောင်စွမ်း ရဲ့’အာဏာရှင်ခေတ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ဆရာတပည့်နှစ်ဦး’ စာအုပ် ကို မှီငြမ်းပါတယ်။

Data အချက်အလက်များပေးတဲ့ ကို Moe Zay Nyein ကို ကျေးဇူးတင်ပါတယ်။

( Pa Yit)
 

No comments:

Post a Comment