Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 17, 2017

ထိုင်း မြောက်ပိုင်းဒေသ ပျားရည်အတုထုတ်နေသည့် အလုပ်ရုံအား စစ်တပ်က ဖမ်းဆီး



၁၇-၆-၂၀၁၇

ထိုင်းနိုင်ငံ မြောက်ပိုင်း လန်းပန်းပြည်နယ် လမ်းပူ ခရိုင်အတွင်း ပျားရည်အတုလုပ်နေတဲ့စက်ရုံကို ဒေသခံတွေတိုင်ကြားသတင်းပေးခဲ့လို့ ဒီကနေ့ မှာ စစ်တပ်က၀င်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

သကြားနဲ့ ပျားရည်အနည်းငယ်ရောထည့်ပြီး ရေနွေးနဲ့ ကြို ချက်ထားတဲ့ ပျားရည်အတုကို ပုလင်းထဲထည့်ပြီးတဲ့အခါ ပျားရည်အစစ်ရဲ့ အနံ့ ကို ပုလင်းဝမှာ ဖြန်းထားပေးထားတာဖြစ်ကြောင်း အဆိုပါ ပျားရည်အတုလုပ်နေသူ အမျိုးသမီး ၀ိလိုင်က ၀န်ခံခဲ့ပါတယ်။


ပျားရည်အတုတွေကို ချင်ဒေါင်နဲ့  ချင်းမိုင်ခရိုင် နဲ့ (ထိုင်းမြန်မာနယ်စပ် ဈေးများမှာလည်း ရောင်းနေ)အတွင်းကို အဓိကဖြန့် နေတာဖြစ်ပြီး တပုလင်းကို ဘတ်(၆၀)မြန်မာကျပ် နှစ်ထောင်ကျော်နဲ့ ရောင်းနေတာပါ၊ဈေးနဲ့  ဆိုင်ပေါ်ရောက်သွားရင် ဘတ်ငွေ ၁၅၀ ကနေ ၂၀၀ အထိပေးဝယ်ရပါတယ်။

တောတောင်ထူထပ်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းဟာပျားရည်မှာ ထိုင်းမှာနာမည်ကြီးပါတယ်၊ ခုလိုအတုထုတ်ရောင်းနေတဲ့နေရာတွေကို သိရှိတယ်ဆိုရင် သတင်းပေးတိုင်ကြားကြပါလို့  ဗိုလ်မှူး Chalermpol ကျလန်ပိုက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

Social Action for Children and Women - SAW

No comments:

Post a Comment