CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 18, 2017
လားရိုးမြို့ အထက(၉)တွင် ကျောင်းသား(၅၀၀)နီးပါးခန့် အပြစ်ပေးအရိုက်ခံခဲ့ရ
လားရိုးမြို့ အထက(၉)တွင် ကျောင်းသား(၅၀၀)နီးပါးခန့် အပြစ်ပေးအရိုက်ခံခဲ့ရ
ဖြစ်ပွားပုံမှာ…. ဇွန်လ ၁၅ရက်နေ့က လားရိုးမြို့ အထက(၉)တွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းချိုချိုမင်းမှ ကျောင်းသား (ယောက်ျား လေး) (၅၀၀)ဦးခန့်အား အပြစ်ပေးသည့်အနေဖြင့် ဒုတိယ တန်းမှစ၍ ဆယ်တန်း အထိ တစ်ယောက်တစ်ချက် ပြစ် ဒဏ်ပေး ရိုက်ခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆရာမကြီးအားတွေ့ဆုံမေးမြန်း ခဲ့ရာ ဆရာမကြီးမှ ….. လွန်ခဲ့သည့်တစ်ပတ် နံနံပိုင်းတွင် ဆရာမကြီးမှကျောင်း စာသင်နေမှုအားလှည့်လည်စစ်ဆေးပြီး ကျောင်းသား အိမ်သာသို့ ရောက်ရှိခဲ့ပါသည်…
အငယ်တန်း ကလေးများအတွက်ထားရှိသော နေရာတွင် ရှိသည့် ရေကန်ငယ်လေးများအတွင်းမှ အုတ်ကျိုးနှင့်ဗြုံး များအား ဖယ်ရှား သန့်ရှင်းပြီးရေပြန်ဖြည့်ကာထားပေးခဲ့ ပါသည်…
နောက်ရက် ၎င်းနေရာအားပြန်လည်စစ်ဆေးရာကန်ငယ် လေးများအတွင်းမှ ရေများသည် အမြုတ်များဖြင့် ပြည့်နေ သောကြောင့်ရိုးရိုးသားသား ထင်မှတ်ကာ ၎င်းကန်ငယ် လေး အတွင်းမှ ရေများအား ပုံးဖြင့်ကိုယ်တိုင်ခပ်၍ သန့် ရှင်းကာ လက်အားပြန်ဆေးပြီး ရေပြန်ဖြည့်ပေးခဲ့သည်…
နောက် ၂ ရက်အကြာ ၎င်းနေရာအားထပ်မံသွားရောက် ကြည့်ရှုရာ ဝါထိန်ပြီး အမြုတ်များထကာသုံးမရအောင်
ဖြစ်မှ သေးပေါက် ထည့်ခဲ့ကြကြောင်း ရိပ်စားမိခဲ့သည်.
ထိုအခါ ကျောင်းသားများအားလုံးခေါ်ယူမေမြန်းရာ ကျောင်းသားငယ်(၂/၃/၄)တန်းမှကလေးမျာမှမည်သူ
ပေါက်သည် မည်ဝါပေါက်သည်ကိုပြောခဲ့ကြသော်လည်း အတန်းကြီး ကျောင်းသားများ ပါဝင်သော်လည်းမပြောရဲကြောင်း ကျောင်းသားကြီးများမှလည်း ဝန်ခံခြင်းမရှိ သောကြောင့် ဒုတိယတန်းမှစ၍ဆယ်တန်း အထိကျောင်းသား များအား တစ်ယောက်တစ်ချက် နှုန်းဖြင့် ရိုက်ခဲ့ရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါသည်…..
ဆက်လက်ပြီး ဆရာမကြီးမှ… ကျောင်းသားများ အား အခုလို ရိုက်နှက်ပါကအပြင်တွင် ပြန့်ကာ အလုပ်အား ထိခိုက်နိုင်သည်ကိုသိရှိပါသော်လည်း ဆရာမကြီးအနေဖြင့် ကျောင်းသားများ၏ အကျင့်နှင့်စာရိတ္တ အားယခုအချိန်မှ မပြင်လျှင် နောင်ပြင်ရန် မလွယ်သည့်အပြင် အမှားအား ဝန်မခံရဲသောဝစိတ်အတွက် များစွာ ဝမ်းနည်းမိကြောင်းရှင်းပြခဲ့ပါသည်။
(Lashio News)
လားရိုးမြို့ အထက(၉)တွင် ကျောင်းသား(၅၀၀)နီးပါးခန့် အပြစ်ပေးအရိုက်ခံခဲ့ရ
Reviewed by MP4 YoU
on
June 18, 2017
Rating: 5
Reviewed by MP4 YoU
on
June 18, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment