Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 17, 2017

ဘန်ကောက်မြို့ တွင် ဆေးခြောက် လက်ကားရောင်းနေသူများအား ဆေးခြောက် ကီလို ၄၀၀ နှင့်အတူဖမ်းဆီးမိ



၁၇-၆-၂၀၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဆေးခြောက် ကို အွန်လိုင်းကနေရောင်းနေတဲ့ လင်းမယား နှစ်ဦးကို ဘန်ကောက်မြို့ အွန်နွတ် က သူတို့ နေထိုင်နေတဲ့ ကွန်ဒို တိုက်ခန်းမှာ ဆေးခြောက် ကီလိုချိန် (၄၀၀)နဲ့ အတူဖမ်းမိခဲ့ကြောင်း သိရပါတယ်။

ဘန်ကောက် ၁၉၁ ရဲတပ်ဖွဲ့ က ဖမ်းလိုက်တဲ့ တရားခံ စုံတွဲ ထိုင်းနိုင်ငံသား အူဒုံချိုင်း Udomchai Trichakနဲ့  Jittaya Yarangwong. ကျတရာ တို့ နှစ်ဦးဟာ ဆေးခြောက်တွေကိုအွန်လိုင်းကနေ ရောင်းနေကြသူတွေဖြစ်ပြီး ကုန်ကြမ်းဆေးခြောက်တွေကတော့ ထိုင်းလာအိုနယ်စပ်ကနေ စာပို့ စနစ်ကိုသုံးပြီး ပါဆယ်နဲ့  သူတို့ နေထိုင်နေတဲ့ ဘန်ကောက်မြို့ ကိုပို့ ပေးနေတာဖြစ်ပါတယ်။

ဘန်ကောက်မှာ စာတိုက်ကနေဖြန့် နေတဲ့နေရာကို စောင့်ကြည့်ပြီး လူ(၇)ဦးကို စတင်ဖမ်းဆီး စစ်ဆေးပြီးတဲနောက်မှာ အဆိုပါ ဆေးခြောက်ဒိုင်ကို ခြေရာခံသွားခဲ့တာပါ။

သက်သေခံဆေးခြောက်တွေအပြင် သုံးနှစ်အတွင်း ဆေးခြောက်ရောင်းလို့ ရထားတဲ့ ငွေသား-ရွှေထည်နဲ့ အဖိုးတန်ကား နှစ်စီး စုစုပေါင်း ဘတ်သန်းပေါင်း (၄၀) မြန်မာငွေတန်ဘိုး ကျပ်သန်း၁၆၀၀ကို နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။

(ထိုင်းနိုင်ငံမှာ မူးယစ်ဆေးနှင့်ပါတ်သက်ပါက တရားခံပိုင်ဆိုင်မှု အကုန်သိမ်းရမှာဖြစ်ပြီး ဖမ်းမိငွေသားပမာဏအလိုက် အရာရှိတွေကို ဆုကြေး အဖြစ် ပြန်ပေးကြောင်း သိရပါတယ်)

Social Action for Children and Women - SAW

No comments:

Post a Comment