Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 14, 2017

သွားဖူးသမျှနေရာထဲမှာ ကမ္ဘာ့ ဖြတ်သန်းခ ဈေးအကြီးဆုံးတံတား


သွားဖူးသမျှနေရာထဲမှာ ကမ္ဘာ့ ဖြတ်သန်းခ ဈေးအကြီးဆုံးတံတား။
လက်ရန်းတွေ ရွှေကွတ်ထားလား မှတ်ရ။
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ရွှေကျင်ချောင်းကို ဖြတ်ထိုးထားတဲ့ သစ်သားတံတားလေး။
တောင်ဘက်၊ တံခွန်တိုင်၊ ဝင်းခနိန်........ စတဲ့ ရွာတွေဖက်ကို သွားတဲ့လမ်းမှာပါ။
တစ်နေ့က ရွှေကျင်မြို့ကနေ ကိစ္စတစ်ခုနဲ့ ကားမောင်းသွားဘူးတယ်။ တံတားထိပ်ရောက်တော့ မောင်းတံနားက လူတစ်ယောက်က လက်ငါးချောင်းထောင်ပြတယ်။ ခပ်တည်တည်ပဲ အိတ်ထဲက ငါးရာတန်တစ်ရွက်ထုတ်ပေးလိုက်တယ်။
" ခင်ဗျားက လာနောက်နေတာလား?"
"ဗျာ နောက်ရပါဘူးဗျာ ဘာဖြစ်လို့တုန်း"
" ငါးထောင်ဗျ ငါးထောင်"
"ဗျာ............"
"ဒါတောင် ဈေးကျသွားတာ ကားလေးမို့လို့ ငါးထောင် ကားကြီးဆို တစ်သောင်းခွဲ"

ဘုရား ဘုရား ။ တစ်ရက်တည်းနဲ့ အရင်းကျေကောက်နေသလား မှတ်ရတယ်။
ကိုယ့်ကိုလည်း ဘယ်ကဂြိုလ်သားလဲဟ ဆိုတဲ့အကြည့်မျိုးတောင် ကြည့်လိုက်သေး 😂
"ငါးထောင်ဆိုရင် တစ်နေ့လုံး ဘယ်နှခေါက်ဖြတ်ဖြတ် ရလား ညနေတစ်ခေါက်လာစရာ ရှိသေးတယ်"
"မရဘူး အသွားအပြန် ငါးထောင်ပဲ နောက်တစ်ခေါက်ဖြတ်ရင် နောက်ထပ်ငါးထောင်"
"ဂိန်"
တော်ဘီ ဆိုင်ကယ်နဲ့ပဲလာတော့မယ်။

မိတ်ဆွေ
ခင်ဗျား မိန်းမရလို့ ယောက္ခမက တောင်ဘက်ရွာမှာ အိမ်နဲ့ခြံ ဝယ်ပေးမယ်။ ကားတစ်စီးလည်းဝယ်ပေးမယ်လို့ ပြောလာရင် ငြင်းလိုက်ပါ မိတ်ဆွေ 😂
Tay Zar Linn
https://www.facebook.com/photo.php?fbid=726596824194485&set=a.153960394791467.1073741828.100005325215997&type=3&theater

No comments:

Post a Comment