CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 18, 2017
မြေအောက်မြို့တော်ကိစ္စရန်ကုန်မြို့တော်ဝန်၏ ဖြေရှင်းချက်
မြေအောက်မြို့တော်ကိစ္စရန်ကုန်မြို့တော်ဝန်၏ ဖြေရှင်းချက်
========================================
''ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေ''
Paul B. Brown တည်းဖြတ်ပြီး သူကိုယ်တိုင်လည်း ပါဝင်ရေးသား
ထားတဲ့ စာအုပ်တစ်အုပ်တွေ့လို့ ဖတ်ဖို့ ၀ယ်လိုက်ပါတယ်။
“Own Your Future” ဟု အမည်ပေးထားပါတယ်။
ဒီစာအုပ်မှာ အတွေးလေးတွေက မသိမသာပြောင်းလာသည်။
အထူးသဖြင့် စီမံခန့်ခွဲမှုဆိုင်ရာအခြေခံအတွေးလေးတွေ မသိမသာပြောင်းလာသည်။ ဥပမာ - အရင်ကဆိုရင် -- ဖြစ်ချင်တာ
တွေနဲ့ ဖြစ်သင့်တာမှာ ဖြစ်သင့်တာကိုပဲ ဦးစားပေးရမည်ဟု ဖတ်ဘူးသည်။
အခုတော့ ဒီလိုမဟုတ်တော့ ဖြစ်သင့်တာတွေထဲမှာကိုယ်ဖြစ်ချင်တာ
လေးတွေကို အလျင်းသင့်သလို ထည့်ထားးနိုင်သည်နှင့်အမျှ၊ ဖြစ်ချင်တာရော၊ဖြစ်သင့်တာပါ -- ကျွဲကူးရေပါသည့် သဘောမျိုး တွေးလာကြသည်။
ထို့အတူပဲ အရင်က စီမံခန့်ခွဲမှုတွင် တိုးတက်မှုအတွက်၊ တတ်နိုင်လျှင် ဖါးခုန်ခုန်နိုင်ရမည်။ခြေလှမ်းကျဲကျဲဖြင့်မြန်မြန်
လှမ်းနိုင်ရမည်ဟုဆိုပါသည်။
အခု ဆယ်စုနှစ်တစ်ခု နည်းပါးလောက်တွင် Three Ss စကား
ခေတ်စားလာသည်။ Small, Smart, Steps ဟူသောစကား
ဖြစ်သည်။ စိပ်စိပ်နှင့် စမတ်ကျကျ လှမ်းနိုင်ရမည်ဟူသော အယူ
အဆဖြစ်သည်။
ဟိုနေ့က My Home, My Town ဖွင့်ပွဲကို တက်ဖြစ်သည်။၃၉လမ်း
နောက်ဖေးလမ်းကြားတွင်ဖွင့်သော ဖွင့်ပွဲဖြစ်သည်။ ကြိုးစားမှု
တစ်ခုဖြစ်သည်။ အတုယူသင့်သောလုပ်ရပ်တစ်ခုလည်းဖြစ်သည်။
ဒီပွဲမှာ ကျနော်ပေးချင်သော မက်ဆေ့တစ်ခုပေးခဲ့သည်။မြေအောက်
မြို့တော် နှင့် လျှပ်စစ်ကိစ္စဖြစ်သည်။ လျှပ်စစ်ကိစ္စကို ကျနော့်
လက်ထဲထည့်ပေးပါဟူသောစကားဖြစ်သည်။
ဆိုလိုသည်ကတော့ ကျနော်လျှစ်စစ်လိုချင်သည်။ လျှပ်စစ်သာ
လုံလောက်စွာရမည်ဆိုရင် -- ရေကြီးရေလျှံမှုကိုကာကွယ်နိုင်သည်။
ခေတ်ကလည်း လျှပ်စစ်ခေတ်ဆိုတော့ လျှပ်စစ်ကိုအခြေခံပြီး
တိုးတက်သည်လည်းရှိသည်။ လျှပ်စစ်မလုံလောက်မှုကြောင့်
ဆုတ်ယုတ်သည်လည်းရှိသည်။ ထို့ကြောင့် ကျနော်တို့ကို လျှပ်စစ်
လုံလုံလောက်လောက်လေးပေးဖို့မေတ္တာရပ်ခံခြင်းဖြစ်သည်။
လျှပ်စစ်ကို ကိုယ့်ဟာကိုယ်ထုတ်ယူရရင်၊ ကိုယ့်မကျွမ်းသော
အလုပ်ဖြစ်သောကြောင့်မဖြစ်နိုင်၊ လျှပ်စစ်ကိုလုံလုံလောက်လောက်
ပေးဖို့ တောင်းဆိုခြင်းဖြစ်သည်။
နောက်တစ်ခုက မြေအောက်မြို့တော်ဖြစ်သည်။ Underground Cities များကိစ္စဖြစ်သည်။ ကာတွန်းများကလည်း လာပြန်ပြီ လေပူပေါင်းတစ်လုံးဟုလည်း တွေ့လိုက်ရသည်။ စိတ်မဆိုးသည့်
အပြင် ပြုံးမိသည်။ သူပြောတာလည်း ဟုတ်တုတ်တုတ်ရယ်။
မိုးတစ်လုံးလေတစ်လုံးတွေ များနေတဲ့ကာလမှာ ဒီအပြောမျိုးတွေ ခံရတာ မဆန်းတော့ ဒီကာတွန်းကြည့်ရင်းနဲ့ မဆီမဆိုင် ကန်တော်
ကြီး မိုးပျံပူပေါင်းဝါ၀ါကြီးကို တန်းကနဲမြင်မိသည်။
(ဒီမိုးပျံပူပေါင်းတောင် လွယ်လွယ်နဲ့ဖြစ်မလာခဲ့)
ယခုတည်ရှိနေသည် ဂုံးကျော်တံတားများသည် ကားကြပ်သည့်
ပြသာနာကို နည်းနည်းသာဖြေရှင်းနိုင်သည်။ အဓိကအကြောင်း
ကတော့ ကားကြပ်သည့်နေရာကို ရွေ့လိုက်သည့်သဘောသာဖြစ်
သည်။ ဒီနေရာမကြပ်ပေမဲ့ ဟိုနေရာတွင် ကားကြပ်နေမည်သာ
ဖြစ်သည်။
နှစ်ထပ်လမ်းမရှိသောနိုင်ငံသည် မြန်မာနိုင်ငံနှင့် အခြားဖွံ့ဖြိုးဆဲ
နိုင်ငံအနည်းစုလောက်သာကျန်တော့သည်။ ကားလမ်းများ၊ ရထားလမ်းများသည် မိုးပျံ နှစ်ထပ်သုံးထပ်ပင်ဖြစ်နေသည်။
ဂုံးကျော်မဟုတ်တော့ လိုအပ်ရင် အစမှအဆုံး နှစ်ထပ်လုပ်လိုက်
သည်။
Main Places or Interchanges နေရာလောက်တွင်သာ အဆင်း
အတက် များထားပေးသည်။ လိုအပ်ရင် လိုအပ်သလောက် အထပ်
မြင့်တက်ပြီး၊ မောင်းကြတော့သည်။ ထိုသို့အထပ်မြင့် တက်သည့်
အတွက် အခကြေးငွေတော့ ပေးရပါသည်။
ပေးရမှုပမာဏနှင့် ရှိလာမည့် အကျိုးအမြတ်လည်းတန်အောင်လုပ်
ပေးသည်။ ကားကြပ်လို့ တစ်ဖြေးဖြေးစားနေသည့်၊လောင်နေ
သည့် လောင်စာဆီလည်း ချွေတာရာ ရောက်သည်။ အဓိကကတေ့ အချိန်သက်သာသည် လူ့ဘ၀၏တန်ဖိုးအရှိဆုံးသည်အချိန်ဖြစ်
သည်။ ထိုအချိန်များကို မည်သို့သုံးလိုက်ခြင်းဖြင့် လူတန်ဖိုးက ဆုံးဖြတ်သည်။
နောက် မြေအောက်မြို့တော်လည်း ထိုနည်းနှင်နှင်သာဖြစ်သည်။
စိတ်ကူးယဉ်ခြင်း မဟုတ်ပါ။နိုင်ငံခြားရောက်ဘူးသူအတော်များ
ပါသည်။နိုင်ငံကြီးလေ၊ တိုးတက်လေ၊ လူတွေ ပလက်ဖေါင်းမှာ လမ်းလျှောက်တာနည်းလေဟုထင်ရပါသည်။ ကျနော် အထင်
တက်တက်စင်အောင်လွဲပါသည်။ လူတွေ မြေအောက်ကမ္ဘာ
လေးများတွင် လမ်းလျှောက်ဈေးဝယ်နေကြခြင်းဖြစ်သည်။
မြေအောက်ဆင်းကြည့်မှ ကားပါကင်တွေ၊ ဈေးတန်းတွေ၊ လူတွေ ဥဒဟိုသွားနေကြသည်။ အနွေးတည်မလို၊ ထီးမလို ဒီမြေအောက်မှာ ကားလေးရပ်ပြီး၊ ဈေးလျှောက်ဝယ်နေသည်။မြေအောက်
ဆိုပမဲ့လည်း သိပ် အနက်ကြီးမဟုတ် ခပ်တိမ်တိမ်သာဖြစ်သည်။ ခိုင်ခံ့မှုတော့ ရှိပါသည်။
သို့သော်လည်း ဒီလိုဖြစ်ဖို့အတွက်တော့ လျှပ်စစ်လုံလောက်မှု
ရှိရမည်ဖြစ်သည်။ တည်ငြိမ်သောလျှပ်စစ်လိုမည်ဖြစ်သည်။
လျှပ်စစ်ကို အရင်ရအောင်လုပ်ရမည်။ ပြီးတော့ လိုချင်သောပုံစံ
ရအောင်ထူထောင်နိုင်ရမည်ဖြစ်သည်။ လေပူပေါင်းစကားများ
မဟုတ်ပါ။ အကျိုးအကြောင်းရှိပါသည်။အဆက်အစပ်လည်းရှိပါ
သည်။ ရှေ့နောက်ဆက်စပ်မှုလည်း ရှိပါသည်။ လူပိန်းကြိုက်အောင် ပြောခြင်းလည်းမဟုတ်ပါ။
ကျနော်အကြောက်ဆုံးက အဆက်အစပ်များကြားထဲက
အစတစ်စကိုယူပြီး စိတ်ကြိုက် ရုပ်လုံးဖေါ်ခံရမှာကို အကြောက်ဆုံး
ဖြစ်ပါသည်။
(ဦးမောင်မောင်စိုး)
မြေအောက်မြို့တော်ကိစ္စရန်ကုန်မြို့တော်ဝန်၏ ဖြေရှင်းချက်
Reviewed by MP4 YoU
on
June 18, 2017
Rating: 5
Reviewed by MP4 YoU
on
June 18, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment