Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 18, 2017

သိန်းပေါင်း ၅၉ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



အင်းတော် ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ်တွင် သိန်းပေါင်း ၅၉ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သိန်းဆွေညွန့်နှင့် အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးတို့ ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ဇွန် ၁၇ ရက် ညနေ ၄ နာရီက မူးယစ်ဆေးဝါး သတင်းအရ မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးရာ မန္တလေးမှ မြစ်ကြီးနားသို့ ယာဉ်မောင်း ဆန်းကျော်ခိုင် ရပ်ကွက်(၃) ကွတ်ခိုင် မြို့နေသူမောင်းနှင်ပြီး ရမ်သူမိ၊ ရပ်ကွက်(၃)ကွပ်ခိုင်မြို့ နေသူတို့ လိုက်ပါလာသော TOYOTA MARK- 2 ယာဉ်အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ် ဖင်ထိုင်ခုံအောက် ကြမ်းခင်းနှင့် နောက်အဖုံးအောက် ကြမ်းခင်းအတွင်း၌ ဝှက်၍သယ်လာ Flower စာတန်းပါ ရောင်စုံ ဆပ်ပြာခွက်အတွင်း ထည့်ထားသော လိမ္မော်ရောင်ဘိန်းဖြူ တစ်ခွက်လျှင် ၁ဝ ဂရမ်ခန့်ပါ ၁၈၃ ခွက် စုစုပေါင်း အလေးချိန် ၁၈၃ဝ ဂရမ်ခန့် (ကာလ တန်ဖိုးငွေကျပ် ၁၈၃ဝဝဝဝဝဝ)နှင့် အပြာရောင်ပလတ်စတစ်အိတ်ငယ် များအတွင်း ထည့်ထားသော ၈၈/၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၁၉၅ ပြားစီပါ အထုပ် ၄၂ဝ စုစုပေါင်းဆေးပြား ၈၁၉ဝဝ (ကာလတန်ဖိုးငွေကျပ် ၄ဝ၉၅ဝဝဝဝဝ) စုစုပေါင်း ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားတန်ဖိုးငွေကျပ် ၅၉၂၅ဝဝဝဝဝ တို့အား သိမ်းဆည်းရမိကြောင်း သိရ သည်။

မောင်ချစ်လင်း(အင်းတော်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

No comments:

Post a Comment