CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 7, 2017
ယောက္ခမ ၊ ချွေးမ
ကျွန်မအမျိုးသား နဲ့ ချစ်သူဘ၀ သူ့အမေနဲ့မိတ်ဆက်ပေးတဲ့အချိန်ကနေ လက်ထပ်ဖို့စီစဉ်တဲ့အထိ ကျွန်မ ယောက္ခမအကြောင်းကို ဘာမှမသိသေးပါဘူး။
ကျွန်မလက်ထပ်ပြီးကိုယ်ဝန်ရလာတော့ သူ့သမီးတစ်ယောက်လိုပဲ စားချင်တာများကို ချက်ပြုတ်ပို့ပေး တတ်ပါတယ်။
သူ့သားကြိုက်တာအပြင်၊ ကျွန်မအကြိုက်လေးတွေပါ မှတ်သားပြီး မှတ်မှတ်ရရလေး မအားတဲ့ကြားက ချက်ကျွေးတတ်ပါသေးတယ်။
ကျွန်မအမျိုးသားက ကျွန်မတို့အိမ်ကိုလိုက်နေတဲ့အတွက် တစ်ခါတစ်ရံမှတွေ့ရတဲ့သားရဲ့ မွေးနေ့ ၊ ကျွန်မရဲ့မွေးနေ့ အတွက် လက်ဆောင်ပေးဖို့ မပျက်ကွက်ခဲ့ပါဘူး။
သားလေးမွေးပြီးဆေးရုံကဆင်းတော့ အိမ်အထိလိုက်ပြီးသူ့မြေးဝေယျာဝစ္စအပြင်ကျွန်မကိုလည်းအမေ
တစ်ယောက်က သမီးတစ်ယောက်ကိုစောင့်ရှောက်သလို စောင့်ရှောက်ပါတယ်။ ဒါတွေက ဘာကြောင့် လည်းဆိုတာကို အဲဒီအချိန်က ကျွန်မသေချာမသိခဲ့ပါဘူး။
ကျွန်မသားလေးနဲ့အတူတူနေရင်း နေရင်း ကျွန်မနားလည်လာခဲ့တယ်။ သားကိုချစ်ရင် ချွေးမကိုချစ်ရမယ်ဆို တာပေါ့။ ကျွန်မသားကိုသိပ်ချစ်ပါတယ်။ သားကြီးလာရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အများကြီး စိတ်ကူးယဉ် တဲ့အခါမှာ သားရဲ့အိမ်ထောင်ရေးက မပါမဖြစ်ပေါ့။
ကျွန်မစဉ်းစားမိတယ်။ သားက အခုလို သူချစ်တဲ့ သူ့အိမ်ထောင်နောက် လိုက်နေတဲ့အခါ ကျွန်မက အပေါက်ဆိုးနေရင် သားကျွန်မဆီလာလည်ပါ့မလား..
သားကျွန်မကို ချစ်ပါတော့မလား.. အမေနဲ့ ချွေးမ လွန်ဆွဲနေရင် သားစိတ်ချမ်းသာပါ့မလား…..
သား စိတ်ဆင်းရဲလို့ မဖြစ်ဘူး..လူမဖြစ်သေးတဲ့ တစ်နှစ်အရွယ်သားငယ်ကိုကြည့်ပြီး ကျွန်မယောက္ခမကို အရမ်းလေးစားချစ်ခင်မိတယ်။
သားကိုချစ်တဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိတယ်။ ယောက္ခမကကျွန်မတို့သူ့အိမ်အလည်သွားရင် စားစရာတွေအားလုံး ကိုယ်တိုင်ပြင်ဆင်ကျွေးမွေး၊ မုန့်ဖိုးတွေပေး၊ ကိုယ်မလာဖြစ်ရင်တောင် သူကိုယ်တိုင်ကျွန်မတို့အိမ်အလည်လာ လာတွေကို ပိုနားလည်လာမိတယ်။
နောက်ပြီးတရားမျှတမှု…………
သားတွေ၊ သမီးတွေ မွေးထားတဲ့ မိခင်တွေအနေနဲ့ ဘယ်သားကိုပိုချစ်လို့ ဘယ်သမီးကိုပိုချစ်လို့ အကြီးကိုပိုချစ်လို့ အငယ်ဆုံးမို့ပိုချစ်လို့ ဆိုတဲ့ ပြသနာတွေက ယောက္ခမနဲ့ ချွေးမ၊ ယောက္ခမနဲ့ သားမက်တွေကြားထဲက အကြီးမားဆုံးပြသနာပါ။
မြေးတွေရလာရင်လည်း ဘယ်သူ့ကိုပိုချစ်လို့ ဘယ်သူကမွေးတဲ့မြေးမို့ပိုချစ်လို့ ဘာပေးတယ် ညာပေးတယ်ဆိုတဲ့ ကိစ္စတွေလည်း ကြားဖူးနားဝရှိထားတဲ့ကျွန်မလေ ကျွန်မယောက္ခမကြီးရဲ့ သားနဲ့သမီးကြားက သူ့ရဲ့ စီမံခန့်ခွဲမှုကိုပြောပြပါမယ်။
ကျွန်မအမျိုးသားက ကျွန်မအိမ်ကိုလိုက်နေပါတယ်။ ကျွန်မကအဖွားနဲ့အတူနေချင်တာမို့သူ့ကို တောင်းဆိုထားတာမို့ပါ။ သူ့အစ်မကသူ့ထက် တစ်နှစ်လောက်ပဲစောပြီးအိမ်ထောင်ကျတာပါ။
ကျွန်မသားနဲ့ ကျွန်မယောင်းမမွေးထားတဲ့ ကျွန်မတို့တူမလေးနဲ့ ၈ လပဲကွာပါတယ်။ ကျွန်မတို့အမေ (ယောက္ခမ)က ဘာပဲဝယ်ဝယ် ၂ ယောက်စာဝယ်ပါတယ်။ မြေးမလေးမွေးနေ့ကို ရွှေတစ်မတ်သား
လုပ်ပေးရင် မြေးကလေး (ကျွန်မသား)မွေးနေ့ဆိုလည်းတ တစ်မတ်
သားပါပဲ။
မြေးမလေးကို ဆိုင်ကယ်ဝယ်ပေးထားရင် မြေးကလေးကိုလည်း ဆိုင်ကယ်ဝယ်ပေးပါတယ်။ အပိုအလိုမရှိစီစဉ်ပေးတဲ့ အမေ့(ယောက္ခမ)မျက်နှာကလည်း အမြဲပြုံးနေတတ်ပြီး ဘာသာရေး၊
လူမှုရေးနဲ့ အမြဲပျော်အောင်နေတတ်ပါတယ်။
ကျွန်မယောက္ခမ ပညာတတ်မဟုတ်ပါဘူး။ ဈေးရောင်းပါတယ်။ ဖုန်းလည်းမကိုင်တတ်ပါဘူး။ လူချမ်းသာကြီးလည်းမဟုတ်ပါဘူး။
ကျွန်မ ယောက္ခမရ အရမ်းကံကောင်းတာပါ။
သားမွေးတဲ့ မိခင်တိုင်းဒီလိုစိတ်မျိုးရှိရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ နောက်ပြီး ကိုယ်တိုင်ရော..ဒီလိုစိတ်မျိုးသဘောကျရင် ဒီလိုစိတ်မျိုးမွေးနိုင်ပါ့မလား..။
ကြိုးစားရမှာပေါ့နော်..ကျွန်မသားကိုချစ်တယ်လေ.ချွေးမက ကျွန်မဆီလာလည်ချင်မှ သားက ကျွန်မဆီလာလည်မှာပေါ့။ မြေးလေးတွေ
က ကျွန်မကိုချစ်မှ ကျွန်မဆီလာလည်ချင်မှာပေါ့။ ကျွန်မက မမျှတရင် သူတို့လေးတွေ ညိုညင်မှာပေါ့။ သူတို့လေးတွေ အားကိုးရာမဲ့ချိန် အမေဆိုပြီး ပြေးသတိရတဲ့သူ ဖြစ်ချင်တယ်။
ကျွန်မလည်း တချိန်ကျရင် ယောက္ခမဖြစ်မှာမလွဲမသေပဲလေ။
kk
ယောက္ခမ ၊ ချွေးမ
Reviewed by MP4 YoU
on
June 07, 2017
Rating: 5
Reviewed by MP4 YoU
on
June 07, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment