Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

ကျောက်မဲနယ်က စကားဝါပင် တရုတ်နိုင်ငံသို့ထွက်ခွါရန်ပြင်ဆင်

 ကျောက်မဲနယ်က စကားဝါပင်
တရုတ်နိုင်ငံသို့ထွက်ခွါရန်ပြင်ဆင်

မြင်ရတာ စိတ်မချမ်းသာလိုက်တာ
နှစ်ပေါင်း ၈၀ ၉၀ သက်တမ်းကို ငွေခြောက်သိန်းအတွက်နဲ့ အမြစ်ဖြတ်ရက်ကြတယ်နော်။

ကျောက်မဲမြို့မန်အော်ကျေးရွာတွင် နတ်စင်ဟောင်းနှင့်နတ်စင်သစ်နှစ်ခုရှိရာရွာအဝင်နတ်စင်ဟောင်းအနီးတွင်သဘာဝပေါက်ပင် စကားဝါပင်ကြီးမှာ ခုတ်လှဲခြင်းခံလိုက်ရပါပြီ။ခုတ်လှဲခြင်းခံရသောစကားဝါပင်ကြီးမှာ ထိုဒေသဝန်းကျင်အနီးတွင် အကြီးဆုံးအပင်ကြီးဖြစ်ပါသည်။လုံးပတ် ၁၅ပေကျော်ပြီး အရှည်၅၇ပေခန့်ရှိပါသည်။
ထိုအပင်ကိုကျ ပ်ခြောက်သိန်းဖြင့်ရောင်းခဲ့ပြီး ဝယ်သူမှာပန်ဟတ်ရွာမှ တရုပ်လူမျိုးဟုသိရပါသည်။
လက်ရှိနတ်စင်အနီးတွင်လဲ လုံးပတ်၁၇ပေခွဲ တပင်နှင့် လုံးပတ်၁၂ပေ၁၃ပေခန့်နှစ်ပင်(စကားဝါပင်)ကျ န်နေပါသေးသည်။
ပန်ကျို င်းတံတားအနီး လီရှောရွာဝန်းကျ င်ရှိသစ်များကိုလဲ ပန်ဟတ်ရွာမှသစ်မုဆိုးများခုတ်လှဲ ရောင်းပစ်သောကြောင့်တောမရှိတော့ပါ။

တာဝန်ရှိသူ များအရေးယူထိန်းသိမ်းပေးပါရန် နိုးဆော်ပါသည်။
Tin Maung Thein

++++++++++++++++++++
စိုက်တဲ့လူလဲစိုက် ခုတ်တဲ့လူလဲခုတ် အရေးယူမယ့်လူလဲ အရေးယူသင့်
ဒီလိုအပင်မျိုးဖြစ်လာဖို့ နှစ်ပေါင်းဘယ်လောက်ကြာအောင် စောင့်ခဲ့ရလဲဆိုတာ နားလည်တဲ့လူတွေ သိမှာပါ .

Nay Myo(Lashio News)



No comments:

Post a Comment