Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 14, 2017

သံတွဲမြို့ကင်းမော်ကျေးရွာတွင် ၈ တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ


အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ၊ နမူနာဓါတ်ပုံသာဖြစ်ပါသည်။
ဇွန်လ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်၊ သံတွဲ (DMG) ။   ။  ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်ရှိ ကင်းမော်ကျေးရွာနေ ၈ တန်းကျောင်သူ အသက် ၁၄ နှစ် ၂ လ အရွယ်ကို ကင်းမော်ကျေးရွာ (အလယ်တောင်)မှ ဦးကိုကြီး (ခ) ဦးထွန်းမင်းနိုင်၏ သားဖြစ်သူ မောင်မင်းခန့်ဇော် (ခ) ချစ်ထွန်း အသက် (၁၉) နှစ်က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သံတွဲမြို့ မရဲစခန်းတွင် ကာယကံရှင်ဘက်မှ လာရောက်တိုင်တန်းသဖြင့် အမှုဖွင့်စစ်စေးဆောင်ရွက်နေကြောင်း သံတွဲမြို့မရဲစခန်းမှ သိရသည်။

ရဲစစ်ဆေးချက်အရ ဖြစ်စဉ်မှာ အဓမ္မပြုကျင့်ပစ်မှုကျူးလွန်သူဟု တိုင်းတန်းခံထားရသည့် မောင်မင်းခန့်ဇော် (ခ) ချစ်ထွန်းနှင့် အဓမ္မပြုကျင့်ခံခဲ့ရသူ ၈ တန်းကျောင်းသူတို့ သမီးရည်းစားဖြစ်နေသည်မှာ ၂ နှစ်ကျော်ခန့် ကြာနေပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် မေ ၃၁ ရက် ည ၁၁ နာရီ ခန့်က ၈ တန်းကျောင်းသူ၏ နေအိမ်ခြံဝန်းတွင် မောင်းမင်းခန့် ဇော်(ခ) ချစ်ထွန်းနှင့် ၈ တန်းကျောင်းသူ ချိန်းတွေ့ကြရာတွင် မောင်မင်းခန့်ဇော်က ၄င်းကို ကာမဆက်ဆံချင်သည်ဟု တောင်းဆိုခဲ့ရာ မ .... မှ ငြင်းဆိုခဲ့သော်လည်း မောင်မင်းခန့်ဇော်က အတင်အဓမ္မပြုကျင့် ဆက်ဆံခဲ့ကြောင်း ၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် ၈ တန်းကျောင်းသူမှ ၄င်းကို လက်ထပ်ယူရန် ပြောဆိုသည့်အခါ မောင်မင်းခန့်ဇော်က နောင် ၃ နှစ်ကြာမှ ယူမည်ပြောသဖြင့် ၈ တန်းကျောင်းသူ၏ အစ်မဖြစ်သူက ၄င်း၏ညီမနှင့် မောင်မင်းခန့်ဇော်ကို လက်ထပ်ထိမ်းမြှားပေးရန် မောင်မင်းခန့်ဇော်၏ မိဘအုက်ထိန်းသူတို့နှင့် ညိုနှိုင်းခဲ့သော်လည်း အဆင်ပြေမှုမရရှိခဲ့သဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၁၃ ရက်တွင် ၈ တန်းကျောင်းသူမှ သံတွဲမြို့ မရဲစခန်းတွင် တရားလိုပြုလုပ်လာရောက်တိုင်တန်းသဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သံတွဲမြို့မရဲစခန်းမှ တာဝန်ရှိသူများထံက စုံစမ်းသိရှိရသည်။

၈တန်းကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်သူ မောင်မင်းခန့်ဇော်(ခ)ချစ်ထွန်းကို သံတွဲမြို့မရဲစခန်းမှ အမှုလာဖွင့် (ပ)၅၁၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေး ယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

မျိုးမြင့်ဇော်
Development Media Group
http://www.dmediag.com

No comments:

Post a Comment