CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 8, 2017
သားဖွားမီးယပ်ပါရဂူတစ်ဦးဖွင့်ဟဝန်ခံချက်
"သားဖွားမီးယပ်ပါရဂူတစ်ဦးဖွင့်ဟဝန်ခံချက်"
ကျနော့ရဲ့လူနာကိုယ်ဝန်ဆောင်တစ်ယောက် AN care မှာ USG ရိုက်လိုက်တော့ Cystic mass arising from the fetal head and neck လို့တွေ့တယ်
ဒီဆေးရုံမှာ ကျနော် သူ့အတွက်ပိုကောင်းလာအောင်ဘာများလုပ်ပေးနိုင်မလဲလို့စဉ်းစားကြည့်တော့ ဘာမှမလုပ်ပေးနိုင်ဘူး
ဒါနဲ့ လူနာကို အကျိုးအကြောင်းရှင်ပြ တယ် ရန်ကုန်မှာတော့ ဆရာတို့ဆေးရုံထက် ပိုကောင်းတဲ့ကုသမှုရနိုင်တယ်
သမီး ကိုရန်ကုန်လွှဲပေးမယ်ပြောတော့
သူ မသွားချင်ရှာဘူး
ယောက်ျားကလည်းရှေ့တန်းမှာ သူတယောက်တည်းဖြစ်ပါ့မလားတဲ့
လောလောဆယ်တော့ ဘာရောဂါလဲဆိုတာပဲအရင်ရှာဖွေရမှာ
မွေးတာမဟုတ်သေးတဲ့အတွက် လူနာစောင့်မပါလည်းကိစ္စမရှိဘူး နောက်မှယောက်ျားကို ခွင့်ယူပီးလိုက်ဖို့ခေါ်လိုက်လို့ပြောတော့ သူ့ဘာသာသွားဖို့ စာရိတ်စကလည်းမတတ်နိုင်တော့ စစ်လေယာဉ်နဲ့ပဲတင်ပေးလိုက်ရတယ်
ကျနော်စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်
တကယ်ကို ခံစားရပါတယ်
ငါဘာလို့သူ့ကိုလွှဲမိတာလဲလို့ နောင်တရ ရပါတယ်
သူမသွားချင်ရှာဘူး
သူ့ကလေးအတွက်ပိုကောင်းလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တခုကြောင့်သာ သူအရဲစွန့်ပီးလိုက်သွားရရှာတာပါ
နောက်ထပ်ကလေးယူရင်ကော ရနိုင်ပါဦးမလားတဲ့
ရနိုင်ပါတယ် ဒါမျိုးနောက်တကြိမ်ဖြစ်ချင်မှဖြစ်မှာပါလို့ပြောလိုက်တယ်
သူဘယ်လိုလုပ်ပီးကလေးထပ်ရပါတော့မလဲဗျာ
နောက်တယောက်
အရင်တပတ်ကလာပြတယ် ကလေးတယောက်ရဖို့
နေပြည်တော်ထိတက်ပီး laparoscope လုပ်ပီး ကလေးရအောင်ကြိုးစားထားရတယ်
ခုလာပြတော့ကိုယ်ဝန်က မွေးခါနီးနေပီ
သူက အမေနဲ့နီးတဲ့နေရာမှာပြန်မွေးချင်တယ်တဲ့
ကျနော်က ဒီမှာမွေးလည်းရတာ ဘာဖြစ်လို့ပြန်နေမှာလဲ
ဆိုတော့ ဒီမှာ သူ့ကို မွေးပီးရင်စောင့်ရှောက်မဲ့သူမရှိလို့တဲ့
ယောက်ျားရှိတာပဲလေ သူစောင့်ရှောက်မှာပေါ့လို့ဆိုတော့
မဖြစ်ဘူးတဲ့သူကမွေးမြူရေးတာဝန်ခံဆိုတော့ မိန်းမကို အချိန်သိပ်မပေးနိုင်လို့ အမေဆီပဲပြန်မွေးမယ်ဆိုပီး အရင်တပတ်ကပဲပြန်သွားတယ်
မနက်ဖန်သောကြာနေ့ သူ့ကို ခွဲမွေးဖို့ OT list မှာထည့်ထားတယ် တဲ့ (ရန်ကုန်သမကမှာ)
သူ့ယောက်ျားက ဒီနေ့ စစ်လေယာဉ်နဲ့ သူ့မိန်းမ
မီးဖွားတဲ့ဆီကို အသွား လမ်းခုလတ်မှာ ကံဆိုးမိုးမှောင်ကျခဲ့ရှာတယ်
မနက်ဖန် မီးဖွားမည့်ကျနော့်လူနာနံဘေး အားပေးမဲ့သူယောက်ျားမရှိရင် သူဘယ်လိုခံစားရရှာမလဲ
နောက်တယောက်ကတော့
ကျနော့်လူနာရဲ့အမေ
သမီးဖြစ်သူက Myoma နဲ့ endometriotic cyst
ဖြစ်နေလို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျနော်ကဒီဆေးရုံမှာခွဲပေးထားခဲ့တယ်
သမီးဆေးရုံတက်တော့ အမေဖြစ်သူက ရန်ကုန်ကနေ ဘုတ်ပြင်းလာခဲ့တယ်
သမီးကိုခွဲစိတ်ပေးတဲ့သူတွေစားဖို့ ရန်ကုန်ကနေမုန့်တွေဝယ်ခဲ့ပေးတယ်
မပြန်ခင်က မြို့ထဲမှာတွေ့တော့ထပ်ပီးနှုတ်ဆက်ဖြစ်သေးတယ်
ခုတော့သမီးလည်းဆေးရုံကဆင်းလို့ သူလည်းစိတ်ချလက်ချဖြစ် ပီး စစ်လေယာဉ်နဲ့အိမ်အပြန်
တကယ်ပဲစိတ်ချလို့ သမီးဖြစ်သူကိုထားခဲ့တာလာအန်တီ
အားလုံးအတွက်စိတ်မကောင်းဖြစ်ရပေမဲ့ ကိုယ်နဲ့ ပတ်သက် နေတဲ့လူတွေပါတော့ တကယ်ကို ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြေကွဲရပါတယ်
သွားလေသူအပေါင်း ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးမှလွဲကြပါစေ
ကောင်းရာသုကတိသို့ရောက်ကြပါစေ
မည်သူ တစ်ဦးတစ်ယောက်မှ ဒီလိုအဖြစ်ဆိုးထပ်ပီး မကြုံကြပါစေနှင့်
Y-8 ပျက်ကျ ၍ သောကရောက်ရခြင်း
(အကိုသိန်းဇော်ဦးwallမှကူးယူဖော်ပြပါသည်)
အားလုံးဘေးကင်းပါစေ
သားဖွားမီးယပ်ပါရဂူတစ်ဦးဖွင့်ဟဝန်ခံချက်
Reviewed by MP4 YoU
on
June 08, 2017
Rating: 5
Reviewed by MP4 YoU
on
June 08, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment