Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 21, 2017

မုံရွာတွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်


မုံရွာ ဇွန်(၂၁)

ဇွန်လ ၂၁ရက်နေ့  ညနေ ၅ နာရီ ကျော်အချိန်က မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် တိုင်းဒေသကြီးအစိုးရရုံးအနီး ကမ်းနားလမ်းနှင့် ယူကလစ်လမ်းဒေါင့်တွင် ဆီသယ်ယာဉ်တစ်စီး အရှိုန် မထိမ်းနိုင်ပဲ တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါယာဉ်အား မောင်းနှင်လာသူ ယာဉ်မောင်း မင်းဇော်ထွန်းနှင့် ယာဉ်နောက်လိုက် ပြည့်ဖြိုးသန့်တို့ နှစ်ဦးကတော့ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့လဲ သတင်းရရှိပါတယ်။


၎င်းဆီသယ်ယာဉ်ဟာ တင်ဝင်းထွန်း ကုမ္ပဏိမှ ဆီသယ်ယာဉ် ဖြစ်ကြောင်းနဲ့ ယာဉ်မဆင်မချင် မောင်းနှင်သူ ယာဉ်မောင်းအား မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမယ်လို့လဲ ရဲတပ်ဖွဲ့မှ သိရပါတယ်။

သတင်း - ဓါတ်ပုံ ။ ။ မောင်လေးငယ်ငယ်

No comments:

Post a Comment