Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 22, 2017

ဘူးသီးတောင်မြို့နယ် တင်ဆက်ကျေးရွာ၌ မသင်္ကာသူ ၅ ဦးဖမ်းဆီးရမိ



ဇွန် ၂၂၊၂၀၁၇

ဘူးသီးတောင်မြို့နယ် တင်ဆက်ကျေးရွာ၌ အကြမ်းဖက်သမားများ ဝင်ရောက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၁ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ကျေးရွာ၏အနောက်ဘက် တောင်ကုန်း များပေါ်၌ လှည့်ကင်းဆောင်ရွက်စဉ် လုပ်သေနတ်ဟု ယူဆရသည့် စတီးပိုက် ကိုင်ဆောင် ထားသူတစ်ဦး၊ တုတ်၊ဓားကိုင်ဆောင်ထားသူ ၁၅ ဦးခန့် တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ အနောက်ဘက် မေယုတောင်ကြောပေါ်သို့ ထွက်ပြေးသွားခဲ့သည်။

၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တင်ဆက်ကျေးရွာအတွင်း ရှာဖွေရာ အကြမ်းဖက်သင်တန်းတက် ရောက်ပြီးသူနှင့် အမာခံဟုယူဆရသော မသင်္ကာသူ အဘူဆွေယော့ ၂၈ နှစ် ပါ ၅ ဦး အား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/

No comments:

Post a Comment