Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 22, 2017

စုပ်ခွက်ငါး Hypostomus (armored catfishes)


ဆိုင်ရှေ့မှာလူတွေအုံနေလို့ ဘာဖြစ်တာလည်းမေးကြည့်တော့
ငါးလာရောင်းတာတဲ့ငါးရောင်းတာပဲ ဘာထူးဆန်းလို့လဲဆိုတော့
ထူးဆန်းတဲ့ငါးလာရောင်းလို့ပေါ့တဲ့။
တကောင် ၅၀၀၀ ဆိုပဲ။စုပ်ခွက်ငါးလို့ခေါ်တယ်။
ကန်ထဲမှာရှိတဲ့အမှိုက်သရိုက်တွေပဲစားတယ်တဲ့။အကျိုးပြုသယောင်ယောင်ပြောရောင်းနေလို့
ကိုယ်လည်းဒီငါးအကြောင်းစပ်စုလိုက်ပြီးFB ထဲက Ko Nyi Nyi Aung Doelone
ရေးသားထားတာလေးတွေလူတွေသတိထားရအောင်ပြန်လည်မျှဝေလိုက်ပါတယ်။

Hypostomus က armored catfishesလို့လည်းလူသိကြပါတယ် ( သံချပ်ဝတ်ငါးခူ လို့ပြန်ရမလားပဲ)

ငါးခူမျိုးရင်းထဲကမှ အခွံမာပြီး ပါးစပ်ကအောက်မှာစုပ်ခွက်လိုဖြစ်နေလို့ သိသိသာသာပုံစံကွဲနေတဲ့ ငါးခူမျိုးပါ ။
အလှမွေးငါးဆိုင်တွေကနေတစ်ဆင့်အကန့်အသတ်မရှိ မြန်မာပြည်ရဲ့ မြစ်ချောင်းတွေထဲကိုပြန့်နေတဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်(အလှမွေးကန်လောကမှာတော့ စုပ်ခွက်ငါး မိလ္လာငါး စည်ပင်ငါး သန့်ရှင်းရေးငါး
Sucker Fish မျိုးစုံခေါ်နေတာပါ။)

(တောင်အမေရိကဌာနေမျိုးစိတ်ဖြစ်ပြီး မြန်မာပြည်အတွက်တော့ alien species ပါ သိတဲ့အတိုင်း alien species တွေကအကျိုးထက်အပြစ်များတတ်ပါတယ်။ အစတုန်းကတော့ ငါးမွေးတဲ့သူတွေက မှန်ရေကန် သန့်ရှင်းအောင်မွေးတဲ့ စုပ်ခွက် ငါးလေးပဲဆိုပြီးဝယ်မွေးရာကနေ တစ်တောင်လောက်ရှိလာတော့ လန့်လာတာတစ်ကြောင်း ဒီကောင်တွေက သက်စိုးရှည်ပြီးမာတာကတစ်ကြောင်း ၊ နုတဲ့ငါးတွေသူ့အချွန်တွေနဲ့ထိပြီး နာတတ်တာတွေကြောင့်မို့ နောက်ဆုံးတစ်ထွာလောက်ကောင်တွေကစလို့ တစ်တောင်လောက်ရှိတဲ့ စုပ်ခွက်ငါးအရွယ်စုံကို ဘုရားကန်တွေ၊ ချောင်းတွေထဲလွှတ်ရာကနေမျိုးပွါးပြန့်နှံ့နေတာပါ)

ဒီကောင်တွေ fish farm escapes/ releases/// aquarium releases ကနေဖြစ်တဲ့ risks တွေအနေနဲ့ကတော့ ရှိရင်းစွဲမျိုးစိတ်တွေကို တိုက်ရိုက်သွားတိုက်ခိုက်တာမျိုးမရှိသလောက်ရှားပေမဲ့ အကြီးမြန်တဲ့သူတို့ကြောင့် algae-feeding native fishes တွေ ရေညှိရေမှော်စားတဲ့ ငါးမျိုးရင်းတွေအစာရှားလာပါတယ်)

ပြီးတော့ဒီကောင်တွေကို eradicateလုပ်ဖို့ ( ပပျောက်အောင်လုပ်ဖို့) ကမဖြစ်နိုင်ပါဘူး၊ ဟာဝါရီကျွန်းမှာ အလားတူအဖြစ်မျိုးဖြစ်ခဲ့ဖူးလို့ ရှော့တိုက်ပြီး သံချပ်ဝတ်ငါးခူတွေကိုလက်စတုံးခဲ့ပေမဲ့လုံးဝမအောင်မြင်ခဲ့ပါဘူး

၊ ဒီကောင်တွေကိုဖမ်းမိရင်လည်း ဟင်းစားကောင်းကောင်းမဖြစ်တဲ့အပြင် သူ့အစူးတွေကအဆိပ်ရှိပါသေးတယ် ( တရုပ်ပြည်ကဝင်တယ်ဆိုတာ အလှမွေးဈေးကွက်ကနေဝင်တာကိုပြောတာနေမှာပါ၊ တစ်ကယ်က သူက တောင်အမေရိကမျိုးရင်းဖြစ်ပြီး ထိုင်းကနေတစ်ဆင့်လည်းဝင်တာတွေရှိပါတယ်) အရောင်အရင့်အဖျော့အကွက်ပေါ်မူတည်ပြီး မျိုးကွဲ၁၅၀ကျော်ရှိပါသေးတယ်၊ ဒါပေမဲ့သူ့ရေယက်အစွန်ကဆူးတွေကတော့အဆိပ်ပြင်းပါတယ်။
ThwinTint Sun
https://www.facebook.com/photo.php?fbid=679355908938731&set=a.101451393395855.1073741825.100005929831707&type=3&theater

No comments:

Post a Comment