Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 22, 2017

မြန်မာနိုင်ငံသားကုန်သည်၂ဦးကို တရုတ်က ဖမ်းဆီးတယ်လို့ပြော


(တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်ကုန်သွယ်ရေးစခန်း ကိုတွေ့ရစဉ်) ဓါတ်ပုံ - လွယ်ဂျယ်ကုန်သွယ်ရေးစခန်း ဖေ့စ်ဘုတ်
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း လွယ်ဂျယ်မြို့က ဆန်လုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကုန်သည်နှစ်ဦးကို အခွန်တိမ်းရှောင်တဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်ပတ်သက်တယ်ဆိုပြီး အခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့မှာ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အဲဒီကုန်သည်နှစ်ဦးဟာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က မိဘတွေအိမ်ကအပြန်မှာ ထိန်းသိမ်း ခံခဲ့ ရတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးသူရနောင် က RFA ကို ဒီကနေ့ ပြောပါတယ်။

လောလောဆယ်မှာ အဲဒီကိစ္စကို ပြည်နယ်အစိုးရအဖွဲ့ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဋ္ဌာနချုပ်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။

လွယ်ဂျယ်မြို့မှာနေထိုင်ပြီး ဆန်လုပ်ငန်းလုပ်ကိုင်နေတဲ့ အဲဒီမြန်မာ နိုင်ငံသားကုန်သည်နှစ်ဦးဟာ အစိုးရကိုအခွန်ဆောင်ပြီး တရားဝင်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်မှာ အခွန်တိမ်းရှောင်တဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို အရေးယူနိုင်ဖို့ အဲဒီ ကုန်သည်နှစ်ဦးကို သက်သေအဖြစ် စစ်ဆေးနေတာလို့ သိရပါတယ်။

အရင်နှစ်တွေကလည်း တရုတ်အစိုးရ က အခွန်ရှောင်တိမ်းတဲ့ တရုတ်နိုင်ငံသားကုန်သည်တွေကို ဖမ်းဆီးခဲ့တာ တွေရှိပေမဲ့ ဒီနှစ်မှာတော့ ဘဏ်အကောင့်တွေကိုပါ ပိတ်တဲ့အထိ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစလို့ တရုတ်အစိုးရက ရွှေလီမြို့က ဘဏ်အကောင့် သုံးရာကျော်ကို စစ်ဆေးဖို့ယာယီပိတ်ခဲ့ရာမှာ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကာင့် တစ်ရာကျော်ဟာ လည်း အပိတ်ခံရတဲ့အထဲ ပါဝင်နေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment