Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 20, 2017

လေယဉ်မှူးကြီး ဦးသိန်းဇော် မျှဝေသောစကားးးးး BLACK BOX ကိုဘယ်လိုအဖြေရှာ


လေယဉ်မှူးကြီး ဦးသိန်းဇော် မျှဝေသောစကားးးးး

BLACK BOX ကိုဘယ်လိုအဖြေရှာ
************************
ဒီရက်တွေမှာ မိုးများနေတာရယ်၊Flight တွေဆက်နေတာတွေရယ်ကြောင့် မြကျွန်းသာအင်းလျားကန်
ဘောင်ဆီသို့လမ်းလျောက်ရန်မရောက်ဖြစ်ပါ။
မနေ့က နံနက် flightကလည်းမရှိ၊ရာသီဥတုကလည်း ကောင်းနေတာနှင့်ကန်ဘောင်ဆီသို့ရောက်ခဲ့ပါသည်။
ကန်ဘောင်ရောက်တော့အကိုကြီးဦးလှဝင်း(အငြိမ်းစားညွှန်ကြားရေးမှူးရုပ်/သံထုတ်လွှင့်)
ဦးခင်မောင်အေး(အငြိမ်းစားမြန်မာ့လေကြောင်းစက်မှုဌာန)၊ဦးသင်ခါကျော်(အငြိမ်းစားအခွန်အရာရှိ)
တို့နှင့်တွေ့ရသည်။
ထိုအကိုကြီးသုံးဦးသည်အသက် ၇၀ ကျော်တန်းတွေဖြစ်ပါသည်။
ထိုသုံးဦးသည်သူတို့သမိုင်းကြောင်းကောင်းခဲ့သဖြင့်ခင်မင်သူပေါပါသည်။
ကျွန်တော့်ကိုတွေ့သည်နှင့်ပျက်ကျခဲ့သည့် Y 8 လေယာဉ်အကြောင်း၊ BLACK BOX အကြောင်းတွေ
မေးကြပါသည်။
BLACK BOX နှင့်ပတ်သက်၍ ကျွန်တော်မှFace book တွင်ပြည့်ပြည့်စုံစုံရေးထားပါကြောင်း၊
(၁၃/၆/၂၀၁၇)နေ့ထွက် TOMORROW တွင်လည်းရေးသားပေးထားပါကြောင်း ရှင်းပြလိုက်ပါသည်။
အပြင်မှာလူမျိုးစုံကထင်တာတွေကိုထင်တစ်လုံးဖြင့်ပြောဆိုရေးသားနေသလို BLACK BOX ရတော့
ကောမသိစေချင်သည့်အဖြေမှန်တွေကိုထိန်ချန်ထားလို့ရမည်လား၊မသိစေချင်တာတွေကိုဖုံးကွယ်ထား
လို့ရမည်လားဟုမေးလာပါသည်။
ကျွန်တော်သည် Aircraft Accident Investigationတစ်ခုတွင်ပါဝင်ခဲ့ဖူးပြီး၊BLACK BOX Investigation
ပါ အစမှအဆုံးအထိ ပါဝင်လုပ်ဆောင်ခဲ့ဖူးသူဖြစ်သဖြင့်ကျွန်တော်သိသမျှ အားမျှဝေလိုက်ပါသည်ခင်ဗျား ။
Aircraft InvestigationTeamသည်လေယာဉ်ပျက်မှBLACK BOX အားလက်ခံရရှိပြီဆိုပါက
သေချာထုတ်ပိုး၍ချိတ်ပိတ်သိမ်းဆည်းရပါသည်။
ပြီးလျင် ထို BLACK BOX ကို Investigation ပြုလုပ်ပေးနိုင်မည့် နိုင်ငံ၊အဖွဲ့အစည်း၊ကုမ္ပဏီ ကိုရှာဖွေရပါ
သည်။လေယာဉ်ထုတ်လုပ်သည့်အဖွဲ့အစည်းတိုင်းBLACK BOX ကို Investigation မလုပ်နိုင်ပါ။
ထိုအဖွဲ့အစည်းနှင့်ဆက်သွယ်မိပြီဆိုလျင်ဖြစ်ခဲ့သောAircraft type ကိုဖော်ပြပြီး Investigation
လုပ်ပေး
နိုင်၊မနိုင် ဆက်သွယ်အကြောင်းကြားရပါသည်။
ထိုအဖွဲ့အစည်းက ဆောင်ရွက်ပေးနိုင်ကြောင်းပြန်ကြားလာလျင်ထိုနိုင်ငံ၊ထိုအဖွဲ့အစည်းဆီသို့
BLACK BOX ကိုပို့ရန်ပြင်ဆင်ရပါသည်။
ကျွန်တော်တို့အတွေ့အကြုံနှင့်တင်ပြပါမည်။
Department of Cival Aviation ရှိAccident investigation Department မှ
တာဝန်ရှိသူကိုယ်တိုင်ဆက်သွယ်မှုဖြင့် စင်္ကာပူနိုင်ငံရှိအဖွဲ့အစည်းနှင့်ဆက်သွယ်ရာဆောင်ရွက်ပေးနိုင်
ကြောင်းပြန်ကြားပြီးတကယ်ဆောင်ရွက်ရန်ပြင်ဆင်သောအခါ၎င်းတို့မှမနိုင်သဖြင့်ပို၍နည်းပညာများ၊
ပညာရှင်များပြည့်စုံသည့်Australia နိုင်ငံCanberraမြို့ရှိATSB (Australia Transport Safety Bureau)
နှင့်ဆက်သွယ်ဆောင်ရွက်ရန်အကြံပြုပါသည်။
ထိုသူအကြံပြုသည့်အတိုင်း ATSB သို့ဆက်သွယ်ရာ၎င်းတို့မှတာဝန်ယူဆောင်ရွက်ပေး
မည်ဖြစ်ကြောင်းပြန်ကြားလာသဖြင့် Australia နိုင်ငံ Canberra မြို့သို့
သွားရန်ပြင်ဆင်ရပါသည်။
ထိုBLACK BOX Packing ကို မိမိတို့နှင့်မကွာHand carry အဖြစ်သယ်ရမည်ဖြစ်ရာတခြားသူ
တစ်ယောက်အနေဖြင့် ဘာမှန်းညာမှန်းမသိသည့်ထိုပစ္စည်းကြီးကိုတရားဝင်
သယ်ယူခွင့်ရအောင်ပြုလုပ်ရပါသည်။
ကျွန်တော်တို့၏ခရီးစဉ်သည်မြန်မာနိုင်ငံမှတဆင့်ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်၊ထိုမှတဆင့်ဩစတေလျ
နိုင်ငံဆစ်ဒနီမြို့သို့ TG ဖြင့်၎င်း၊ဆစ်ဒနီမှတဆင့် ကင်ဘာရာမြို့သို့ Domestic Air line ဖြင့်၎င်း၊
အဆင့်ဆင့်လေယာဉ်စီးရမည့်ခရီးစဉ်ဖြစ်ပါသည်။
ထို့ကြောင့်မြန်မာနိုင်ငံDCA(Department of CivalAviation )မှ ထိုင်းနိုင်ငံDCA၊ဩစတေလျနိုင်ငံDCA
တို့သို့BLACK BOX သယ်ယူခွင့်ရရှိနိုင်ရန်သယ်ယူမည့်သူ၏နာမည်၊Flight number
များဖြင့်ပြည့်စုံအောင်တင်ပြခွင့်ပြုချက်တောင်းရပါသည်။
သက်ဆိုင်ရာနိုင်ငံများ၏ခွင့်ပြုချက်စာရွက်၊စာတမ်းများနှင့်အတူကျွန်တော်တို့Investigation Team
သည်စနစ်တကျချိတ်ပိတ်ထုတ်ပိုးထားသောBLACK BOX အားမိမိ၏မျက်စိရှေ့တွင်အပျောက်မခံပဲ
Hand carryအဖြစ်သယ်ဆောင်သွားခဲ့ပါသည်။
ဖြတ်ကျော်ခဲ့ရသောနိုင်ငံလေဆိပ်များတွင်သက်ဆိုင်ရာSecurity officer များ၏စစ်ဆေးမှုကိုခံယူခဲ့ရပြီး
Australia နိုင်ငံCanberra မြို့လေဆိပ်သို့ချောမောစွာရောက်ရှိခဲ့ပါသည်။
Canberra လေဆိပ်သို့ ATSB မှအရာရှိကိုယ်တိုင်လာရောက်ကြိုဆိုခဲ့ပြီး ATSB ဌာနချုပ်ရှိရာသို့ခေါ်
ဆောင်သွားပါသည်။
ထိုနေ့က တနင်္ဂနွေနေ့ဖြစ်နေသဖြင့် ATSB ဌာနချုပ်တွင်မိမိတို့ထံမှ BLACK BOX အားစနစ်တကျ
လွှဲပြောင်းလက်ခံရယူပြီးမိမိတို့ရှေ့တွင်ပင် မီးခံသေတ္တာထဲထည့်၍သိမ်းဆည်းပါသည်။
နောက်နေ့တွင် ATSB ၏အကြီးအကဲကိုယ်တိုင်မိမိတို့အဖွဲ့အားကြိုဆိုလ္ဘက်ရည်ပွဲပြု
လုပ်ပေးပြီးInvestigation ကိုစတင်ပါသည်။
ATSB မှပညာရှင်များက BLACK BOX ကိုစတင်ဖွင့်ဖောက်စစ်ဆေးသည်မှ CVR(Cockpit
Voice Recorder)မှအသံများ၊FDR(Flight DataRecorder)မှ results များရသည်အထိမိမိတို့နှင့်
အတူတူပင်ဖြစ်ပါသည်။
မိမိတို့၏မျက်ကွယ်တွင်ဘာတစ်ခုမျှမလုပ်ပါ။CVR မှအသံများအားSpecial Audio Room တွင်
ပထမဆုံးစတင်နားထောင်ရမည့်နေ့တွင်ATSBမှခေါင်းဆောင်က မိမိတို့၏ခေါင်းဆောင်အား
"ယခုCVR အသံများကိုစတင်နားထောင်ရာတွင်ဤအသံခန်းအတွင်းလူကြီးမင်းတို့မှခွင့်ပြုမည့်
ATSB မှသူကိုသာအခန်းအတွင်းသို့ပေးဝင်မည်ဖြစ်ကြောင်း၊လူ ကြီးမင်းတို့ စိတ်တိုင်းကျ
နားထောင်နိုင်ကြောင်း" အထူးအခွင့်အရေးပေးပါသည်။
ကျွန်တော်တို့ဖက်မှလည်း Operator Engineer တစ်ဦးသာဤအခန်းအတွင်းရှိနေစေရန်တောင်းဆို
သည်ကို၎င်းတို့မှလက်ခံခဲ့ပြီးထို Special Audioအခန်းနှင့်ပတ်သက်၍ Emergency system များ
ရှင်းပြပြီးအားလုံးအပြင်သို့ထွက်ပေးကြပါသည်။
ကျွန်တော့်ဘဝအတွက်ပထမဆုံးအတွေ့အကြုံဖြစ်ပြီး accident ဖြစ်ထားသောလေယာဉ်မှ အသံများ
ကိုကြားရတော့မည်ဖြစ်သဖြင့်ရင်ခုန်နေမိပါသည်၊စိတ်အလွန်လှုပ်ရှားနေပါသည်။
CVR မှ Recorded နည်းပညာဆိုင်ရာပစ္စည်းများမီးအပူရှိန်အတော်ပြင်းပြင်းကိုခံခဲ့ရသော်လည်း
၎င်းတို့မှ အမေရိကန်နိုင်ငံ Honey well ကုမ္ပဏီကြီး၏လမ်းညွှန်မှုဖြင့်အောင်မြင်စွာဆောင်ရွက်နိုင်
ခဲ့သောကြောင့် CVR မှလေယာဉ်မှူးအချင်းချင်းပြောနေသောအသံများ၊လေယာဉ်မှူးနှင့်လေကြောင်းထိန်းအရာရှိပြောနေသောအသံများ၊လေယာဉ်မှူးနှင့်လေယာဉ်မောင်မယ်တို့ပြောဆိုနေသောအသံများ
အားဂျက်လေယာဉ်၏အသံနှင့်အတူတစ်ခွန်းမကျန်အားလုံးရရှိခဲ့ပါသည်။
CVRမှထွက်ပေါ်လာသောအသံများကိုမိမိတို့မှအကြိမ်ကြိမ်ပြန်လည်နားထောင်ခြင်း၊
လက်ရေးဖြင့်မှတ်တမ်းတင်ခြင်းတို့အားမိမိတို့စိတ်တိုင်းကျပြုလုပ်ခွင့်ရရှိခဲ့ပါသည်။
မိမိတို့စိတ်တိုင်းကျနားထောင်ပြီးမှ ATSB မှတာဝန်ရှိသူများကိုထိုအခန်းအတွင်းသို့ဝင်စေပြီးအတူ
နားထောင်ပါသည်။
ATSB ဖက်မှသော်၎င်း၊မိမိတို့ Investigation Teamဖက်မှသော်၎င်း၊ဘာမျှမရိုးမဖြောင့်ပြုလုပ်၍မရပါ။
ဖုံးကွယ်ထား၍မရပါ၊အလွန်ပင်ပွင့်လင်းမြင်သာမှုရှိပါသည်။
FDR result ကြည့်ရာတွင်လည်းထိုနည်းအတိုင်းပင်အလွန်ပင်ပွင့်လင်းမြင်သာမှုရှိပါသည်။
FDR မှresult များသည်ဇယားကွက်များ၊ဂရပ်များနှင့်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
လေယာဉ်အင်ဂျင်စတင်စက်နှိုးသည်မှ နောက်ဆုံးအချိန်အထိ Engine parameters , Pilot's Engine
Handling and Contrl , Flight Path ,Flight Trackဘီးချမချ၊Flap position များကိုအသေးစိတ်အထပ်
ထပ်ဖော်ပြပေးထားပါသည်။
ထို Recorded data များကိုမည်သူကမျှမရိုးမဖြောင့်ပြုလုပ်၍မရပါ။
လူမှုကွန်ယက် face book တွင်တစ်ချို့သောပုဂ္ဂိုလ်များထင်တလုံးဖြင့်ထင်ရာစိုင်းရေးသားထားကြသလို" BLACK BOX ကြီးရလည်း၊ အမှန်တွေကိုဖုံးကွယ်ထားလျင် Accident ၏အဖြေမှန်ကိုမသိနိုင်ပါဘူး " ဟူသောရေးသားချက်များသည်ဘာမျှအခြေအမြစ်မရှိပါကြောင်းခိုင်ခိုင်မာမာ
ရှင်းလိုက်ပါရစေ။
ATSB ပညာရှင်များနှင့် မိမိတို့အဖွဲ့ CVR ,FDR Result များကို စိတ်တိုင်းကျ investigation
ပြုလုပ်ပြီးသောအခါ တွေ့ခဲ့ရသမျှအားDiscussionပြုလုပ်ပြီး BLACK BOX Investigation၏မဏာမ
အစီရင်ခံစာအားမိမိတို့အားထုတ်ပေးပါသည်။
ဤအဆင့်အထိရက်သတ္တပတ်တစ်ပတ်မျှကြာမြင့်ပါသည်။
အသေးစိတ်အစီရင်ခံစာအား၎င်းတို့မှဆက်လက်၍ပေးပို့ပေးမည်ဖြစ်ကြောင်းအသိပေးပါသည်။
BLACK BOX Investigation debriefing ကို၎င်းတို့၏အကြီးအကဲကိုယ်တိုင်တက်ရောက်ခဲ့ပါသည်။
ATSB မှ တာဝန်ရှိသူများသည် Investigation အားအခမဲ့ပြုလုပ်ပေးသည့်အပြင်၊Investigation အောင်
မြင်မှုအထိမ်းအမှတ်အဖြစ်မိမိတို့ အဖွဲ့အားCanberra China town တွင် Dinner ပင်ပေးခဲ့ပါ
သေးသည်။
မိမိတို့ဖက်မှလည်းထိုပညာရှင်တို့အား Dinnerစီစဉ်တည်ခင်းခဲ့ပြီးရင်းနှီးမှုကိုပို၍ပီပြင်စေခဲ့ပါသည်။
ထို Investigation တွင် ဩစတေလျပညာရှင်များ၊စင်္ကာပူမှပညာရှင်၊နယ်သာလန်မှပညာရှင်များသူ့
စားရိတ် သူကျခံ၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့အဖွဲ့လည်း BLACK BOX Investigation ပဏာမအစီရင်ခံစာကိုယူဆောင်၍
အမိနိုင်ငံသို့ပြန်ခဲ့ပါသည်။
မကြာသောကာလတစ်ခုတွင် ATSB မှအသေးစိတ်အစီရင်ခံစာနှင့်အတူ၊ထို accident flght
၏ Animation flight ပါဖန်တီး၍ပေးပို့ခဲ့ပါသည်။
BLACK BOX Investigation သည်တာဝန်ယူလုပ်ဆောင်ပေးသောပြည်ပအဖွဲ့အစည်းကသော်၎င်း၊
သက်ဆိုင်ရာ Aircraft Accident Investigation Team ကသော်၎င်း၊မရိုးမဖြောင့်ပြုလုပ်၍မရပါကြောင်း
ကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့ဖူးသည့်BLACK BOX Investigation အတွေ့အကြုံကိုတင်ပြလိုက်ရပါ
သည်။
ပင်လယ်ပြင်အတွင်းပျက်ကျခဲ့သော Y 8 လေယာဉ်ရှာဖွေကယ်ဆယ်ရေးတွင် မိုးထဲလေထဲ
ပင်လယ်ပြင်၌စွန့်စွန့်စားစားဆောင်ရွက်နေကြသော ကြည်း ၊ရေ၊ လေ တပ်မတော်သားများ၊အရပ်ဖက်အဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများ၊ဒေသခံပြည်သူများအားဂုဏ်ပြု အပ်ပါသည်။
အားလုံးဘေးဘယာကင်းဝေးကြပါစေ ။

Copy from Myint Swe

No comments:

Post a Comment