Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 29, 2017

Postmortem changes လူသေရင် ဘယ်လိုဖြစ်လာသလဲ


ကမ္ဘာရွာကြီးထဲမှာ တပြိုင်နက်အချိန်က မတူကြ။ ကျွန်တော်ဆီမှာ မနက်ခင်း။ အဆ်ပ်သင့်ခြင်းစာကို ပဌမ၊ လူသေစာကို ဒုတိယရေးရတယ်။ ကမ္ဘာရွာကြီးထဲမှာ နေကြတာဆိုတော့ အဲလိုပဲ။ အင်္ဂလိပ်စာလုံးလေးတွေက မပါမဖြစ်လို့။ ဆောရီး။

၁။ လူသေ အလောင်းတခုဟာ ဘယ်နှစ်နာရီကြာရင် တောင့်လာတယ်။ ဘယ်နှစ်နာရီအကြာမှာ ပြန်ပျော့ လာတယ်ဆိုတဲ့ အကြောင်း ဆရာရေးထားတာလေး ဖတ်ဖူးပါတယ်။ အခု အခါအခွင့်သင့်တုန်း ပြန် share ပါအုန်းဆရာ။

၂။ ဆရာ ဒါလေး ဝေဖန်ပေးပါဦး။ မလိုအပ်ဘဲနဲ့ မဆုံးရှုံးစေချင်ပါ။ https://m.facebook.com/story.php...

၃။ ဒေါက်တာရှင့် သေပြီးသွားသော လူသည် အကြောများ လက်ချောင်းများမှာ ပုံမှန်လူကဲ့သို့ ပျော့ပြောင်းနိုင်ပါသလား။ ရေခဲတိုက်ထဲတွင် ၄၈ နာရီခန့်ထားပြီးနောက် ပျော့ပြောင်းပြီး ပုံမှန် လူအသားအတိုင်း ကွေးနိုင်၊ ဆန့်နိုင် ပျော့ပြောင်းနိုင်ပါသလား။ အရင့်အရင် မြင်ဘူးသော အသုဘများတွင် ပျော့ပြောင်းနေသည်ကို မတွေ့ဘူးပဲ ယခုမှ မြင်ဘူးသဖြင့် သိလို၍ မေးခြင်း ဖြစ်ပါသည်။ လူကဲသို့ အသားမှာ အိစက်နေပြီး နားရွက်များ လက်ချောင်းများမှာ ကွေးနိုင် ဆန့်နိုင်နေသည်ကို တွေ့ရပါသည်။ ရောဂါမှာ ကင်ဆာဖြင့်သေဆုံးခြင်း ဖြစ်ပါသည်။

Forensic medicine မှုခင်းဆိုင်ရာ ဆေးပညာမှာ လူသေပြီးဖြစ်လာတဲ့ အပြောင်းအလဲတွေနဲ့ သေဆုံးချိန် ခန့်မှန်းချက် ဆိုတာ ပါတယ်။ လူတွေဟာ နှလုံးခုန် ရပ်သွားတော့တာနဲ့ (၁) Livor mortis သွေးတွေက အောက်ခြေနေရာဆီကို အနည်ထိုင်လာတယ်။ (၂) Rigor mortis ကိုယ်ခန္ခာတခုလုံး တောင့်တင်းလာမယ်။ (၃) Algor mortis တကိုယ်လုံး အေးစက်လာမယ်။

Livor mortis စီးသွားမနေရတော့တဲ့ သွေးတွေက ကမ္ဘာ့ဆွဲအားအရ အနည်ထိုင်တာဖြစ်လာတယ်။ အရေပြားတွေကိုလဲ ကြွက်သားတွေရဲ့ ထိန်းအား လုံးဝမရှိတော့တာမို့ ကမ္ဘာ့ဆွဲအားကိုခံရပြီး ပုံပြောင်းလာမယ်။ သိသာတဲ့ အရိုးနေရာတွေ ပိုမြင်သာမယ်။ ကိုယ်ခန္ခာကြီး အေးစက်လာတာကို သေဆုံးပြီး နာရီဝက်နဲ့ ၄ နာရီကြားမှာ တွေ့ရမယ်။ ၈-၁၂ နာရီမှာ ပြည့်စုံတယ်။

သေသူကို ပက်လက်ထားရင် သွေးတွေက တင်ပါး၊ ခါးစတဲ့ အောက်ပိုင်းနေရာတွေမှာ စုကျလာတယ်။ အနေအထား ပြောင်းသလို လိုက်ပြီး သွေးစုဝေးတာ ပြောင်းမယ်။ အသားအရေက ပန်းရောင်၊ အသားရောင်ကနေ ညိုမဲမဲဖြစ်ဖြစ် လာမယ်။ ခရမ်းပြာရောင်ဖြစ်တယ်။ ကြာတာနဲ့အမျှ အောက်စီဂျင် မရတော့တဲ့ သွေးတွေဟာ သွေးကြော ငယ်လေးတွေမှာ မရှိတော့ဘဲ သွေးပြန်ကြော အကြီးတွေမှာသာ ရှိလာမယ်။ အမဲကွက်တွေ ဟိုနေရာ၊ ဒီနေရာတွေမှာ ပေါ်လာမယ်။ သေဆုံးပြီး ၇ ရက်အကြာမှာ လူသေအရောင် လုံးဝပြောင်းသွားပြီး အပူဖူးတွေ ပေါ်လာတယ်။ အရေပြားက ပြော့တွဲပြီး ကွာလာမယ်။

တချို့အခြေအနေတွေမှာ အရောင်မတူတာ ဖြစ်နိုင်တယ်။ Cyanide စိုင်းယနိုက်အဆိပ်သင့်တာနဲ့ ကာဗွန်မိုနော့ဆိုက် အဆိပ်သင့်တာ ဖြစ်ရင် ပန်းနီအရာင်၊ ဆေးဝါးကြောင့်ဖြစ်တဲ့ Methemoglobinemia ဆိုရင် အညိုရောင် ဖြစ်မယ်။ အလွန် သွေးအားနည်းသူ သေဆုံးရင် ဒါမှမဟုတ် အသားရောင် မဲနက်သူတွေမှာ ဒီလို အရောင် ပြောင်းတာ မသိသာဘူး။

Rigor Mortis သေရင် ကြွက်သားတွေဟာ လုံးဝတင်းအား မရှိတော့ဘဲ တင်းတောင့်လာမယ်။ မျက်ခွံ၊ လည်ပင်း၊ မေးရိုး တွေကနေ စဖြစ်တယ်။ တခြားကြွက်သားတွေလဲ အဲလို ဖြစ်လာမယ်။ အထဲက ကြွက်သားတွေပါ အဲလို ဖြစ်လာမယ်။ သာမန်အခြေအနေမှာ လူသေဟာ ၂-၄ နာရီကြာရင် သိသာတယ်။ ၁၂-၁၈ နာရီမှာ ပြည့်စုံသွားပြီ။
Secondary laxity အဲလို တောင့်တင်းနေခြင်းကနေ ၂၄-၃၆ နာရီမှာ ပြန်ပျော့လာမယ်။ ၄၈ နာရီဆိုရင် လုံးဝမရှိတော့ဘူး။ အချိန် မတူစေတဲ့ အကြောင်းတရားတွေ ရှိတယ်။ ကလေးတွေ သေဆုံးရင် သိပ်မသိသာဘူး။ ကြွက်သားထုထည် နည်းသူတွေမှာလဲ သိပ်မသိသာဘူး။ ရာသီဥတု သိပ်ပူနေရင်၊ မသေခင် အလှုတ်အရှား များခဲ့ရင်၊ အတက်ရောဂါ ရှိရင်၊ အယ်လ်ကာလွိုက်အဆိပ်သင့်တာ ဖြစ်ခဲ့ရင် အဖြစ်မြန်မယ်။ ရာသီဥတု သိပ်အေးနေရင်၊ သွေးယိုထားရင်၊ အသက်ရှူ မဝရာကနေ သေဆုံးရင်၊ အာဆင်းနစ်အဆိပ်သင့်လို့ သေဆုံးရင် အဖြစ်နှေးမယ်။ Lactic acid နဲ့ Glycogen အနည်း-အများနဲ့ ကြွက်သား အမျိုးအစားအပေါ် မူတည်တယ်။

• ကိုယ်အပူချိန် နွေးနေသေးတယ် + တင်းတောင့်တာလဲမဖြစ်သေးဘူး = သေတာ ၃ နာရီအတွင်းဖြစ်မယ်။
• ကိုယ်အပူချိန် နွေးနေသေးတယ် + တင်းတောင့်နေပြီ = သေတာ ၃-၈ နာရီအတွင်းဖြစ်မယ်။
• ကိုယ်အပူချိန် အေးနေပြီ + တင်းတောင့်နေပြီ = သေတာ ၈-၃၆ နာရီအတွင်းဖြစ်မယ်။
• ကိုယ်အပူချိန် အေးနေပြီ + တင်းတောင့်မနေတော့ဘူး = သေတာ ၃၆ နာရီ ကျော်သွားပြီ။

Putrefaction ပုတ်ပွခြင်းကို Decomposition လို့လဲ ခေါ်တယ်။ လူတွေ သေတာနဲ့ အမြင်အရသာမက အနုကြည့် သိရတဲ့ အပြောင်းအလဲတွေ ဖြစ်တယ်။ ဇီဝဓါတုအဆင့်မှာလဲ ဖြစ်တယ်။ Necrosis ဆဲလ်တွေ သေတော့ အထဲက Cytoplasm ဆိုကိုပလာဇမ်နဲ့ Mitochondria မိုကိုကွန်းရီးယားဆိုတာတွေ ရောင်လာတယ်။ အင်ဇိုင်းမ်တွေ ပျက်စီးလာတယ်။ အပျော့စား တစ်ရှူးတွေကုန်တဲ့အထိ ဖြစ်မယ်။ အူမကြီးထဲမှာ ပုံမှန် နေကြတဲ့ ဗက်တီးရီးယားတွေ ရှိတယ်။ လူသေလို့ ပုတ်ပွစေတာမှာ ဒီအကောင်တွေကလဲ ပိုပြီးဖြစ်စေတယ်။ အရောင်ကလဲ စိမ်းရာကနေ ခရမ်းရောင်၊ အမဲရောင် ဖြစ်လာတယ်။ လျှာ ထွက်လာမယ်။ မျက်လုံး စူထွက်လာစေမယ်။ ဗဂျိုင်းနား၊ စအိုကနေထဲ စူထွက်လာနိုင်တယ်။ Putrescine နဲ့ Cadaverine ခေါ်တဲ့ ဓါတ်ငွေ့ ၂ မျိုး ထွက်တယ်။ အပူချိန် ၃၂ အက်ဖ်အောက်မှာ မထားရင်ဖြစ်မယ်။ ဓါတ်ငွေ့တွေကြောင့် အနံ့ဆိုးတဲ့ အရည်တွေလဲ နှာခေါင်း၊ ပါးစပ်၊ အပေါက် ရှိသမျှကနေ ထွက်လာမယ်။ အပုပ်နံ့ဟာ ဆာလ်ဖါပါနေတဲ့ ဓါတ်ငွေ့တွေကြောင့် နဲ့ သွေးနီဥတွေ ပျက်စီးရာကနေ ဖြစ်တယ်။

• သာမန်အခြေအနေမှာ သေပြီး ၂၄-၃၆ နာရီအတွင်းမယ် အရင်ဆုံး ဗိုက်အောက်ပိုင်း ညာဘက် နေရာမှာ ခပ်စိမ်းစိမ်းအရောင် ပြောင်းလာတယ်။ ဗိုက်တပြင်လုံး၊ ရင်ပတ်၊ ပေါင်တွေ ဆက်ဖြစ်မယ်။
• ၃၆-၄၈ နာရီ အတွင်းမှာ မျက်နှာနဲ့ ကိုယ် ဖေါရောင်လာမယ်။ တကိုယ်လုံးဖြစ်ဘို့ ၆ဝ-၇၂ နာရီ အချိန်ကြာတယ်။
• သေဆုံးသူဟာ ရောဂါပိုးဝင်တာ ဆိုးခဲ့ရင် ပုတ်ပွဖြစ်စဉ်က ၉-၁၂ နာရီအတွင်းမှာ ဖြစ်မယ်။
• ၇-၁၄ ရက် အတွင်းမှာ ဗိုက်၊ ကပ်ပယ်အိတ်၊ ရင်သား၊ လျှာတွေ ဖေါင်းပွလာမယ်။ မျက်လုံး စူထွက်လာမယ်။
• အပူချိန်များရင် မြန်မယ်။ အဝတ်နဲ့ပတ်ထားရင် နှေးမယ်။ လေထဲမှာထားရင် မြန်မယ်။ မြေထဲမြှုတ်ရင် နှေးမယ်။
• စိုထိုင်းဆ များရင်၊ အပူချိန်ကျရင် နှေးမယ်။ လူသေကို အဝတ်အထည်နဲ့ ပတ်ထားရင် နှေးမယ်။ လူသေကို ဘယ်ကြမ်းပြင်မှာ ထားသလဲအပေါ်လဲ မူတည်တယ်။ လူသေထားတဲ့အခန်း လေဝင်-လေထွက် အပေါ်လဲ မူတည်တယ်။
• Algor mortis အေးစက်လာမှုကို အပူချိန်တိုင်း သာမိုမီတာတမျိုးနဲ့ တိုင်းရတယ်။ ဥပမာ နားရွက်၊ စအိုတိုင်း သာမိုမီတာ။
• အလောင်း အေးစက်လာတာဟာ အပေါ်ယံကနေ အတွင်းထဲကိုသွားတယ်။ ၁-၂ နာရီမှာ မသိသာသေးဘူး။ ဒိနောက်တော့ ၁ နာရီကြာတိုင်း ၁့၅ ဒီဂရီကျတယ်။ နာရီ ၂ဝ-၃ဝ အကြာမှာ ထားတဲ့ အခန်းအပူချိန်နဲ့ တူလာမယ်။
• မသေခင် ကိုယ်ပူခဲ့သူတွေ၊ ကိုယ်လက်လှုတ်ရှား များသူတွေ၊ (ကိုကိန်း) သုံးသူတွေမှာ အေးတာ နှေးမယ်။
• ၃-၄ ပါတ် အတွင်းမှာ ဆံပင်၊ လက်သည်း-ခြေသည်း၊ သွားတွေ ချောင်လာမယ်။
• အထဲက ဖေါရောင်နေတဲ့ အင်္ဂါတွေ ပေါက်ထွက်လာမယ်။ အရည်လိုဖြစ်သွားမယ်။
• အင်္ဂါတခုနဲ့တခု မတူဘူး။ သားအိမ် နဲ့ ဆီးကျိတ်တွေက အတော် ခံနိုင်ကြတယ်။ ဒါကြောင့် သေးဆုံးပြီး တနှစ်လောက်အထိ လူသေကို ကျား-မ ခွဲခြားဘို့ ဖြစ်နိုင်စေတယ်။
• ဥပဒေသတခုက လေထဲ ၁ ပါတ် = ရေထဲ ၂ ပါတ် = မြေထဲ ၈ ပါတ်။

ထူးခြားချက်တွေ
တချို့လူသေတွေ Rigor mortis တောင့်တင်းတာ မသိသာတာလဲ ရှိပါတယ်။ ဒါကို Supernatural powers သဘာဝလွန် ပါဝါလို့ ပြောလေ့ရှိတယ်။ Limber corpses လို့လည်းခေါ်တယ်။ Heat stiffening ဆိုတာ မီးလောင်ပြီး သေဆုံးရရင် ကြွက်သားတွေ ချက်ပြုတ်ခံရသလိုနေတယ်။ Cold stiffening ဆိုတာ အပူချိန် ၄ဝ ဒီဂရီအောက်ကျနေရင် အဆီနဲ့ ကြွက်သားတွေ အေးခဲပြီး ဖြစ်တယ်။ Adipocere ဆိုတာ ကိုယ်ထဲက အဆီတွေ ဓါတ်ပြောင်းလဲလို့ဖြစ်တယ်။ စိုထိုင်းတဲ့ ပါတ်ဝန်းကျင်မှာ ဖြစ်တယ်။ လနဲ့ကြာတယ်။ အဆီတွေက ပိုမာပြီး ဖယောင်းလို ဖြစ်လာတယ်။

Mummification မမ်မီဖြစ်စဉ်ဆိုတာ လေဝင်-လေထွက်ကောင်းနေမယ်၊ ပတ်ဝန်းကျင်က ခြောက်သွေ့ပြီး နွေးနေမယ်ဆိုရင် သေဆုံးပြီး ၁ ပါတ်အကြာမှာ မမ်မီဖြစ်စဉ် အစောဆုံးဖြစ်နိုင်တယ်။ ဒီအတိုင်းထားရင် ၃-၆ ပါတ်မှာ ပြည့်စုံသွားမယ်။ ပေါ်နေတဲ့ လက်ချောင်းတွေ၊ ခြေချောင်းတွေမှာ သိသာတယ်။ ရှေးဟောင်းအီဂျစ်မှာ တမင်တကာ Embalming the body လုပ်ပေးရတာမျိုးသဘော အလိုလို ဖြစ်လာတာမျိုးကို ပြောတာဖြစ်တယ်။ မြန်မာပြည်မှာ အဲလိုဖြစ်လို့ ပျံလွန်ပြီးတော့ တန်ခိုးပိုကြီးစေတယ်။

Cadaveric Spasm ဆိုတာ ရှားတယ်။ လက်ထဲဆုပ်ထားတဲ့ ဓါးကို ဖြေယူလို့မရဖြစ်တာမျိုး။ Rigor mortis နဲ့မတူဘူး။ The last act of life ခေါ်တယ်။ မသေခင် ကြမ်းတမ်းမှုရှိခဲ့လို့ ဖြစ်ရတာလို့ ယူဆတယ်။ စိတ်ရော ရုပ်ပါကြောင့်ဖြစ်စေနိုင်တယ်။ ဥပမာ ရေနစ်သူလက်ထဲ ရေမှော်ပင် ဆုပ်ထားမယ်။ ဒီနာမည်နဲ့ ဖီလာဒဲလ်ဖီးယားမှာ ဂီတဝိုင်းတခုလဲ ရှိတယ်။

Natural mummification သဘာဝနည်းနဲ့ မမ်မီဖြစ်ခြင်းဆိုတာရှိပါတယ်။ မြေဆီ၊ ရာသီဥတု သင့်တော်ရင်ဖြစ်တယ်။ cold, arid areas, ice, and peat bogs အေးမယ်၊ ခြောက်သွေ့မယ်၊ ရေခဲမယ်၊ ရွံ့မြေလိုနေရာမှာဖြစ်နိုင်တယ်။ Peat bogs ရွံ့မြေဆိုတာ လှိုင်ခေါင်းလို အနိမ့်ပိုင်းစိုထိုင်ထိုင်းနေရာမျိုးဖြစ်တယ်။ ဘီစီ ၈၄ဝ ကတည်းက သဘာဝနည်းနဲ့ အလောင်းတွေ ထားသိုရာအဖြစ်သုံးခဲ့တယ်။ ဂရင်းလန်းဒေသ Qilakitsoq မှာ Inuit အမျိုးသမီးနဲ့ ကလေးအေလောင်းတွေ နှစ်ပေါင်း ၅ဝဝ သက်တမ်းရှိပြီလို့သိရတယ်။ ခြောက်သွေ့တဲ့ နီဗဒါသဲကန္တာရထဲမှာ ၁၉၄ဝ က Spirit Cave man ဆိုတာ တွေတွေ့ခဲ့တယ်။ သက်တမ်း ၉ဝဝဝ လို့စမ်းသပ်သိရတယ်။ တစိတ်တပိုင်း မမ်မီဖြစ်စဉ်ဖြစ်နေတယ်။ Atacama Desert အက်တာကာမာ သဲကန္တရထဲမှာလဲ Acha man မမ်မီတခုတွေ့သေးတယ်။

Dr. တင့်ဆွေ
၂၅-၄-၂ဝ၁၂
၎-၁၂-၂ဝ၁၆
၂၉-၅-၂ဝ၁၇

No comments:

Post a Comment