Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 29, 2017

ကားလမ်းရေကျော်၍ ကုန်စိမ်းကား တစ်စီး တိမ်းမှောက်



မြင်းမူ မေ ၂၉

မြင်းမူမြို့နယ် အလ္လကပ္ပ ကျေးရွာနှင့် မြောင်လမ်းခွဲကြား မုံရွာ-မြင်းမူ-မန္တလေး ကားလမ်း ပေါ်တွင် ယမန်နေ့ည ၁၂ နာရီ ဝန်းကျင်မှစ၍ မိုးရွာသွန်းမှုကြောင့် ရေကျော်မှုဖြစ်ပွားခဲ့သည်။

ရေကျော်သည့်နေရာတွင် မန္တလေးဘက်မှ ကုန်စိမ်းများတင် ဆောင်လာသောကား လမ်းယာ ဘက်သို့ဘေးတစောင်းတိမ်းမှောက် သွားသဖြင့် ကားပေါ်တင်ဆောင် လာသော ကြက်ဥ၊ အာလူး၊ အခြား သီးနှံများဆုံးရှုံးသွားပြီးလူထိခိုက်မှု မရှိကြောင်း သိရသည်။
''ယမန်နေ့က မြင်းမူမြို့နယ် မှာရှိတဲ့ရွာတွေမှာ မိုးရွာသွန်းမှု များခဲ့လို့ အနိမ့်ပိုင်းဖြစ်တဲ့ အခုနေ ရာမှာ ကားလမ်းရေကျော်ခဲ့တာပါ။ မိုးတွင်းဆိုရင် ဒီလိုပဲရေကျော်လေ့ ရှိပါတယ်။ ဒီနေရာမှာ တံတားလုပ် နေပြီ။ ပြီးသွားရင်တော့ ရေကျော်မှု တွေ မရှိနိုင်တော့ဘူးပေါ့ဗျာ။ ကုန် စိမ်းကားတစ်စီး ဘေးတစောင်း လဲသွားတာ ရေစီးကသန်တယ်။ သဲထုကလည်း မနည်းတော့ လူး ပြီးလဲကျတယ်လို့ ထင်ပါတယ်။ လဲကျတဲ့ကား သဲကိုက်သွားလို့ ဘက်ဟိုးနှစ်စီးနဲ့ လုပ်ခဲ့ရတယ်'' ဟု မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ကိုကိုနိုင်(မြင်းမူ)
The Union Daily
https://www.facebook.com/uniondaily.net

No comments:

Post a Comment