Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 25, 2017

ကာချုပ်ကတော် ဒေါ်ကြူကြူလှ ရေးသော စာ

မေ ကတော့ဒီတစ်ခါ တစ်ခါမှ မရေးခဲ့၊မတင်ခဲ့ဘူးတဲ့ အကြောင်းအရာ တစ်ခု နဲ့
ပတ်သက်ပြီးရေးချင်ပါတယ်။ဒါ ကတော့-မနေ့က မဟန ကနေ မဘသ ကို
ဖျက်သိမ်းမိန့်ထုတ်တယ်ဆိုပြီးဘာသာ၊သာသနာ ကြည်ညိုမြတ်နိုးသူ
တော်တော်များများ ဝမ်းနည်းစိတ်မကောင်းဖြစ်ကြတယ်။ မကျေမနပ်ဖြစ်ကြတယ်။
သို့လော သို့လော အတွေးများနဲ့နာလိုခံခက်ဖြစ်ကြတယ်။
FB စာမျက်နှာမှာလဲတွေ့မြင်ဖတ်ရှုရပါတယ်။

မေ့ ဆီကို တိုက်ရိုက် စိုးရိမ်စိတ်နဲ့လာအသိပေးကြသူများ၊ထင်မြင်ချက်ပေးကြသူများလဲ ရှိကြ
ပါတယ်။
ဒီကိစ္စဟာ သာသနာရေးကိစ္စဖြစ်တဲ့အတွက် မေကတော့ ဘာမှ မပြောလိုပါဘူး။
မဝေဖန်လိုပါဘူး။ထင်မြင်ချက်၊ကောက်ချက်တွေလဲ မချလိုပါဘူး။
ဒါပေမယ့်-မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အပြင် တရားထူးတရားမြတ်
ကိုကျင့်ကြံအားထုတ်ပြီး ဘဝကူးချိန်မှာတောင်တရားနှလုံးသွင်းရှုမှတ် ချုပ်ငြိမ်းသွားသော မိဘ
တွေရဲ့ အမွေကိုခံယူထားပြီး၊ ထေရဝါဒဗုဒ္ဓအယူ
စစ်စစ်ကိုသာ လက်ခံယုံကြည်ကိုးကွယ်နေသူတယောက်အနေ နဲ့တော့ ချစ်သော မိတ်ဆွေ
သူငယ်ချင်းအပေါင်းအသင်းများကို ပြောကြားလိုတာ တစ်ခုရှိပါတယ်။

မဟန က ထုတ်တဲ့ မဘသ ကိုတားမြစ်ချက်စာ ကတော့ အကြောင်းရှိလို့ဖြစ်လာ
တဲ့အကျိုးတစ် ရပ်လို့မြင်မိပါတယ်။အကြောင်းရင်းဘာလဲဆိုတာတော့ ကိုယ်တွေမသိကြတာပါ။ဒီလို
အမိန့်ကို ထုတ်တဲ့အတွက်လဲ မဟန ကို အမြင်မမှားကြဘို့၊သံသယ မထားကြဘို့၊မပြစ်မှားကြဘို့ကိုသာမေ က ချစ်ခင်တဲ့စေတနာနဲ့ ပြောကြားလိုတာပါ။

မဟန အဖွဲ့ကြီးမှာပါဝင်နေတဲ့ ဆရာတော်ကြီးများသည်နှယ်နှယ်ရရ ပုဂ္ဂိုလ်ကြီးများ မဟုတ်ပါ။ပညာဂုဏ်၊သီလဂုဏ်၊သမာဓိဂုဏ်၊သိက္ခာဂုဏ်ကြီးမား
တော်မူလှသော ဆရာတော်၊သံဃာတော်ကြီးများသာဖြစ်ပါတယ်။ဒါကြောင့် အကြောင်းရှိလို့ဖြစ်လာ
တဲ့အကျိုးရပ်လို့လက်ခံကြစေချင်ပါတယ်။ပြီးတော့မဟန အဖွဲ့အနေနဲ့ ဆန်ရင်းနာနာဖွတ်တဲ့သဘော၊ဆိုဆုံးမလွယ်သူကိုသာ ဆုံးမတဲ့သဘော၊အကျယ်မဖြစ်အောင် တားမြစ်ရပ်တန့် လိုက်တဲ့သေ
ဘာလို့သာ သိမြင်လက်ခံကြစေလိုပါတယ်။လောကမှာအမြတ်ဆုံးရတနာသုံးပါးမှာ ပါဝင်တဲ့ သံဃာရတနာကို ပြစ်မှားမိရင် ဘယ်လိုငရဲမှာဘယ်လိုခံရမယ်ဆိုတာ သိနားလည်အောင်ဆုံးမခံခဲ့၊နာခံလက်ခံခဲ့သူမို့ ချစ်သူများကိုစေတနာရှေ့ထား ပြောကြားလိုက်ရခြင်းဖြစ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သာသနာ အဓွန့်ရှည်တည်မြဲပါစေကြောင်း၊သာသနာ ယုံကြည်ကိုးကွယ်မြတ်နိုးသူများက ကာကွယ်စောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်ရှင်။

မူရင်း DawKyuKyuHla

No comments:

Post a Comment