Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 17, 2017

၈ နှစ်ကြာတွဲခဲ့တဲ့ ချစ်သူ ကောင်းကောင်း နဲ့ ပြတ်စဲသွားတဲ့ အိုင်းရင်းဇင်မာမြင့်

၈ နှစ်ကြာတွဲခဲ့တဲ့ ချစ်သူ ကောင်းကောင်း နဲ့ ပြတ်စဲသွားတဲ့ အိုင်းရင်းဇင်မာမြင့် 


အိုင်းရင်းဇင်မာမြင့်ရဲ့စွပ်စွဲချက်တွေကို ပြန်ဖြေရှင်းလိုက်တဲ့ ကောင်းကောင်း

တစ်ဖက်တည်းရဲ့အမြင်ကိုပဲ မကြည့်ပါနဲ့လို့ ပြောထားပါတယ်။

ဘယ်အရာကိုမဆို ကိုယ့်ရဲ့ရှုထောင့်ကိုပဲ ကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ ကျွန်တော့်ရဲ့ရှုထောင့်ကိုလည်း ကြည့်စေချင်ပါတယ်လို့ အဆိုတော် ကောင်းကောင်းက ပြောရင်း အိုင်းရင်းရဲ့စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဗီဒီယိုဖိုင်တစ်ခုနဲ့ ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

"အားလုံးက ကျွန်တော်မှားတယ်လို့ ပြောကြတယ်။ အဲဒီ မှားတဲ့ဘက်က ခဏလောက်လေး ဝင်ခံစားကြည့်ပေးပါလို့ ကျွန်တော် ပြောချင်တယ်" လို့ ကောင်းကောင်းက ယင်းဗီဒီယိုထဲမှာ ပြောထားပါတယ်။
ကောင်းကောင်းနဲ့ အိုင်းရင်းတို့ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက Melody World ကနေ အတူတူတက်လာသူတွေဖြစ်ပြီး အဲဒီကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ အိုင်းရင်းက သူ့ရဲ့လွတ်လပ်ခွင့်အားလုံးကို ပိတ်ပင်ခဲ့တယ်လို့ ကောင်းကောင်း ပြောခဲ့ပါတယ်။

"အဲဒီအချိန်မှာကတည်းက ရှိုးတွေ အများကြီး ဆိုခွင့်ရတယ်။ ကျွန်တော် ရှိုးဆိုခွင့်မရလိုက်ဘူး။ မိန်းကလေးတွေနဲ့ တွဲပြီးတော့ ရှိုးဆိုလို့မရဘူး။ ပြီးတော့ သီချင်းရေးတယ်ဆိုတာလည်း မိန်းကလေးတွေကို သီချင်းရေးပေးမယ်ဆိုရင်လည်း ကန့်ကွက်ခံရပါတယ်။  ကျွန်တော့်ရဲ့အနုပညာက ဘာလဲ။ ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းပြန်ထုတ်တယ်။ ကျွန်တော်ကို ကျွန်တော် အားမရဘူးဗျ။ ဒါက အမှန်တရားပဲ။ နှစ်တွေကြာလာတယ်။ သီးခံခြင်းဆိုတာလည်း အတိုင်းအတာရှိမယ်လို့ ကျွန်တော်ထင်တယ်။  ဒီလက်ကို မီးခြစ်လေးနဲ့ပဲ ရှို့ကြည့်ပါ။ ပူပြီးထအော်ပါမယ်။ အခုက ကျွန်တော့်ရဲ့ဘဝတစ်ခုလုံး မီးရှို့ခံနေရတာပါ။ ကျွန်တော် ထွက်မပြေးဘဲ ဆက်အရှို့ခံမယ်ဆို ဘာဖြစ်သွားမလဲ။ ကျွန်တော် အနုပညာအလုပ်လုပ်လာတာ ၈ နှစ် ၁၀ နှစ်ရှိပြီ ရေရေရာရာ ဘာတစ်ခုမှ ဖြစ်မလာဘူး" လို့ ကောင်းကောင်းကဆိုပါတယ်။
ဘာသာရေးပွဲနဲ့ ပြည်ပက ဖိတ်ခေါ်ခံရတဲ့ ပွဲတွေအားလုံးကိုလည်း မသွားဖို့ ပိတ်ပင်ခံခဲ့ရတဲ့အပြင် လှည်းကူးမြို့က ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ မိဘဆီတောင် သွားလို့မရခဲ့ပါဘူးလို့ ပြောပါတယ်။

"အရေးအကြီးဆုံးမိဘတွေဆီတောင် ပြန်ရင်တောင် အပြောခံရတယ်။ မိဘတွေအိမ်မှာ ထမင်းတောင်ပြန်စားခွင့်မရတဲ့ ကျွန်တော့်ဘဝပါ။ ရှေ့ဆက်မယ့် ကျွန်တော့်ရဲ့ဘဝအတွက် ဒီလူတစ်ယောက်ကို ကျွန်တော်ရွေးချယ်မယ်ဆိုလို့ရှိရင် လူမျိုးရေးလည်း ပစ်ပယ်ရမယ်။ ဘာသာရေးတော့မပြောတော့ပါဘူး။ အထူးသဖြင့် ကျွန်တော့်ရဲ့မိသားစုတစ်ခုလုံးကိုတောင် ပစ်ပယ်ရမယ့်ဘဝပါ။ ကျွန်တော့်အဖေအမေ  အသက်ကြီးလာတာရှိမယ်။ ကျန်းမာရေးလိုအပ်ချက်တွေရှိလာမယ်။ သားတစ်ယောက်အနေနဲ့ ဝတ္တရားသိသင့်တယ်။ နှစ်ကျပ်ရရင် တစ်ကျပ် အမေ့ကို ပေးချင်တယ်" လို့ ကောင်းကောင်းက ဆိုပါတယ်။
ပရိသတ်ရဲ့ရှုထောင့်ကကြည့်ရင် သူမှားချင်မှားမယ်။ သူ့ရဲ့ရှုထောင့်ကလည်း ကြည့်ပေးပါလို့ ကောင်းကောင်းက တောင်းဆိုထားပါတယ်။

အခု လှည်းကူးမှာနေတဲ့ ကောင်းကောင်းဟာ လွတ်လွတ်လပ်လပ်နေရလို့ ပျော်ရွှင်နေပါတယ်လို့ဆိုရင်း အခုလည်း တရားဝင်တွဲနေသူရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ အချိန်တန်ရင် Public ချပြမှာပါလို့လည်း ဆိုပါတယ်။ ယင်းမိန်းကလေးက သူ့အတွက် ကောင်းတဲ့လူတစ်ယောက်တင်မကဘူး မိဘအတွက်ပါ ကောင်းတဲ့ သူပါ။ အပေါစားဆန်တဲ့သူ မဟုတ်ဘူး။ သူ့အတွက် တန်ဖိုးရှိသူပါ။ သူ့ကို အရမ်းချစ်တယ်။

ဘဝလက်တွဲဖော်အဖြစ် လက်တွဲမယ်လို့ ဆုံးဖြတ်ထားတယ်လို့လည်း အခိုင်အမာပြောခဲ့ပါတယ်။
"ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ်ဝန်ကိစ္စပြောလာတာရှိပါတယ်။ အဲဒါမဟုတ်ပါဘူး။ ကာယကံရှင်အသိဆုံးပါ" လို့ဆိုရင်း ဗီဒီယိုဖိုင်ထဲမှာ သူပေးထားတဲ့ လိပ်စာအတိုင်း သူ့ဆီ လာရောက်မေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။
မနက်ဖြန်တွေမှာ အနုပညာတွေကို အေးအေးချမ်းချမ်းပဲ ဆက်လုပ်သွားတော့မယ်လို့လည်း ကောင်းကောင်းပြောခဲ့ပါတယ်။


Duwun

No comments:

Post a Comment