Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 17, 2017

အမ်ိဳးသမီး နဲ့ တစ္ခုလပ္ဘ၀


“အမ  သမီး တစ္ခုလပ္ဘဝနဲ႔ အဆင္ေျပပါ့မလား”
“အမ သမီး တစ္ခုလပ္ မျဖစ္ခ်င္ဘူး”
“အမ သမီး သူမရွိလို႔ မျဖစ္ဘူး ကေလးေတြကိုလည္း အေဖ မရွိဘဲ အားငယ္မွာ စိုးတယ္”
“အမ သမီး ဘာမွ လုပ္စားတတ္တာ မဟုတ္ဘူး”

ကိုယ္ ငယ္ငယ္တုန္းက နယ္ၿမိဳ႔ေလးမွာ ႀကီးျပင္းခဲ့ရတယ္ ေရွးရိုးက်တဲ့ မိသားစုမွာ ေပါက္ဖြားခဲ့ရတယ္။ “မိန္းကေလးဆိုတာ ဘယ္လိုေနရတယ္ ဘယ္လိုထိုင္ရတယ္။ ဘယ္သူ႔သမီးက ဘယ္လိုလူမ်ိဳးနဲ႔ရတာ ငါ့သမီးက်ရင္ေတာ့ ဘယ္လိုေလး ျဖစ္ရင္ေကာင္းမွာ မိန္းကေလးတစ္ေယာက္အတြက္ အိမ္ေထာင္ေရးက ဘဝပဲ သူ႔တစ္ဘဝလံုးပဲ အပ်ိဳရည္ပ်က္တယ္ဆိုတာ ဘယ္လို အပ်ိဳရည္ပ်က္ၿပီးသား မိန္းကေလးတစ္ေယာက္ကို ေယာက်္ားေတြက ဘယ္လိုသေဘာထားတယ္ တစ္ခုလပ္ ဆိုတာ မုဆိုးမ ဆိုတာ .. ဆိုတာ .. ဆိုတာ .. ဆိုတာေတြ အမ်ားႀကီး ၾကားခဲ့ရ နားယဥ္ခဲ့ရ ေခါင္းထဲ ရိုက္သြင္းခံခဲ့ရတယ္။

အဲ့ဒါေတြကို မွားတယ္လို႔ မဆိုလိုပါဘူး။ မွန္တာရွိသလို မွားတာလဲရွိပါတယ္။ မွားတယ္ဆိုတဲ့ေနရာမွာ လူႀကီးေတြကို အျပစ္တင္လို႔မရပါဘူး။ တစ္ခ်ိဳ႔အရာေတြဟာ ကိုယ့္ရဲ႕ ေနရာေဒသ ေရွးရိုးစြဲ အယူဝါဒ ဓေလ့ထံုးစံ ကန္႔သတ္ခ်က္ ယံုၾကည္ခ်က္ ရိုးရာ စတာေတြနဲ႔ လက္ခံႏိုင္ဖို႔ ခက္ခဲတာေတြလဲ ျဖစ္ႏိုင္တယ္။ လက္ခံနိုင္ဖို႔ ခက္ခဲေသာ္ျငားလဲ ေခတ္အေျခအေနအရ မျဖစ္မေန လက္ခံရမွာေတြ ရွိသလို တကယ္ကိုပဲ ပိုမို ေကာင္းမြန္လာေစဖို႔ ေျပာင္းလဲဖုိ႔လဲ လိုအပ္ပါတယ္။

ႏွစ္ေပါင္းမ်ားစြာ အတူေနၾကည့္၊ ကေလးေတြ ဘာေတြရမွ အဆင္ေျပၿပီထင္လို႔ လက္ထပ္ၾကတဲ့ အေလ့အထရွိတဲ့ လူ႔အခြင့္အေရး အျပည့္အဝရတဲ့၊ အမ်ိဳးသမီးေတြကို ကာကြယ္ေပးတဲ့ အေနာက္ႏိုင္ငံေတြမွာေတာင္မွ အဆင္မေျပတဲ့အခါ ကြဲကြာျခင္းကို မျဖစ္မေန လုပ္ေဆာင္ၾကရပါတယ္။

သို႔ေသာ္ သူတို႔ဆီမွာ အိမ္ ေထာင္ကြဲတာသည္ ကဲ့ရဲ႕ရႈတ္ခ်စရာ မဟုတ္ဘူး။ အမ်ိဳးသမီးေတြကို ပိုၿပီးေတာင္ ေနရာေပး ဆက္ဆံၾကတယ္။ Single Mother ေတြဆို ပိုၿပီး အခြင့္အေရးေပးၾကတယ္။ ေစာင့္ေရွာက္ၾကတယ္။ လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ ေရြးခ်ယ္ ဆံုးျဖတ္ခြင့္ကို ေလးစား လိုက္နာၾကတယ္။ ကိုယ္ေတြ ႏိုင္ငံမွာေတာ့ အိမ္ေထာင္ကြဲဆိုတာ ကဲ့ရဲ႕ စရာ ေမးေငါ့ ျပစ္တင္ အတင္းဆိုစရာျဖစ္ေနတယ္။ ဘာလဲဆိုေတာ့ အေပၚမွာ ေျပာခဲ့သလိုပဲ “မိန္းကေလး ဆိုတာနဲ႔ စတဲ့ ကန္႔သတ္ခ်က္ေတြ သတ္မွတ္ခ်က္ေတြေၾကာင့္ပဲ အိမ္ေထာင္တစ္ခု ကြဲကြာၾကရျခင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳး ရွိႏိုင္ပါတယ္။

အမ်ားဆံုးကေတာ့ ေယာက်္ားေဖာက္ျပန္လို႔ေပါ့ေလ၊ ေနာက္ၿပီးေတာ့ မိသားစုေၾကာင့္ ပိုက္ဆံ မရွာႏိုင္လို႔၊  အရက္ေသာက္လို႔၊ ေဆးသံုးလို႔ စသျဖင့္ေပါ့၊ အေၾကာင္းအရာေတြ အမ်ားႀကီးပါပဲ။ ဆိုေတာ့ အေၾကာင္းေၾကာင္းေၾကာင့္ အိမ္ေထာင္တစ္ခု ၿပိဳကြဲသြားတယ္ ဆိုပါေတာ့ ကိုယ့္လူမ်ိဳးေတြရဲ႕ အျမင္ဟာ တစ္ခုလပ္ေယာက်ာ္းနဲ႔ တစ္ခုလပ္မိန္းမအေပၚ လံုးဝကြဲျပားျခားနားေနပါတယ္။ တစ္ခုလပ္ျခင္း အတူတူပဲေလ၊ ေယာက်္ားတစ္ခုလပ္ၾကေတာ့ လူပ်ိဳလို ေနလိုက္သြားလိုက္ စားလိုက္ မိန္းကေလး တစ္ခုလပ္ၾကေတာ့ အပ်ိဳထက္ ပိုၿပီး ကန္႔သတ္ခ်က္ေတြ မ်ားလာတယ္။ နည္းနည္းမ်ား ျပင္မိဆင္မိရင္ “ဟင္း တစ္ခုလပ္က အပ်ိဳရံႈးေအာင္ ျပင္ေနတယ္။ ေနာက္လင္ လိုခ်င္ေနလား နန္႔လိုက္တာ” (ကန္ေတာ့ပါေနာ္) စသျဖင့္ ကဲ့ရဲ႕ ေမးေငါ့ၾက အတင္းေျပာၾကတယ္။ အဲ့ဒါ မိန္းမအခ်င္းခ်င္းေတြပဲ၊ ေယာက်္ားေတြက အဲ့လိုေတာ့ အတင္း မေျပာၾကပါဘူး။ အတြင္းစိတ္ကေနပဲ (ကန္ေတာ့ပါရဲ႕) “ဒီမိန္းမ ေယာက်္ားနဲ႔ ေဝးေနတာၾကာေတာ့ ဘလာ ဘလာ ဘလာ”

မိန္းကေလးတစ္ေယာက္ဟာ အိမ္ေထာင္ျပဳမယ္ဆိုကတည္းက တစ္ခ်ိန္မွာေတာ့ ငါဟာ တစ္ခုလပ္ျဖစ္ရမယ္ေဟ့၊ A plan ေတာ့ ေယာက်္ားယူၿပီးၿပီ B plan အေနနဲ႔ေတာ့ ကြဲတဲ့ကြာတဲ့အခါ ဘာလုပ္မယ္ ညာလုပ္မယ္ေဟ့ လို႔ရယ္ေတာ့ ဘယ္ႏိုင္ငံ ဘယ္လူမ်ိဳးမွာမွ ဘယ္လိုအမ်ိဳးသမီးကမွ ရည္ရြယ္ထားတာ မရွိခဲ့ၾကပါဘူး။ ဘယ္သူမွ တစ္ခ်ိန္မွာ (ေသကြဲ ကလြဲလို႔) ကြဲကြာၾကဖို႔ ေပါင္းစည္းခဲ့ၾကတာ မဟုတ္ပါဘူး။ ဒီလိုပဲ ဘယ္အမ်ိဳးေကာင္းသမီးကမွ တည္ေဆာက္ၿပီးသား အိမ္ေထာင္တစ္ခုကို ေရာ့ အင့္ ဆိုၿပီး လြယ္လြယ္ေလး မပစ္လိုက္ခ်င္ၾကပါဘူး။ အျပင္လူ မသိိႏိုင္ေလာက္ေအာင္ အတြင္းထဲမွာ သူ အစြမ္းရွိသမွ် ႀကိဳးစားခဲ့ပါလိမ့္မယ္။

သူ႔ရင္ထဲမွာ ပူေနတဲ့အပူဟာ ဘယ္အပူမွ ႏိႈင္းလို႔မရေအာင္ ပူေလာင္ေနပါလိမ့္မယ္။ ဒါကို အျပင္လူေတြအေနနဲ႔ မကူညီနိုင္သည့္တိုင္ေအာင္ ကဲ့ရဲ႕ျပစ္တင္တာ ရံႈ႔ခ်တာ မလုပ္သင့္ပါဘူး။ သူ႔ရဲ႕ ေရြးခ်ယ္မႈကို ေလးစားရပါမယ္။ သူ႔ကို ေဖးမေပးရပါမယ္။ ကြဲကြာမႈ တစ္ခုမွာ သူ႔အျပစ္ေၾကာင့္ ျဖစ္ႏိုင္သလို သူ႔အျပစ္ တစ္စံုတရာ မပါရွိဘဲ ျဖစ္သြားတာလဲ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ခုလပ္ဆိုတာ မိန္းမ အခ်င္းခ်င္းရဲ႕ ကဲ့ရဲ႕စရာ ေလွာင္ေျပာင္စရာ အတင္းေျပာစရာ ေယာက်္ားေတြရဲ႕ ေသြးတိုးစမ္းစရာ မဟုတ္ဘူး ဆိုတာ သိေစခ်င္တယ္။

အေၾကာင္းမလွလို႔ တစ္ခုလပ္ဘဝကို ေရြးခ်ယ္လိုက္ရတဲ့ ေရာက္ခဲ့ရတဲ့ အမ်ိဳးေကာင္းသမီးေလးေတြအေနနဲ႔လည္း ငါ့မွာ တစ္ခုလပ္ ျဖစ္ရေလျခင္းလို႔ ဝမ္းမနည္းပါနဲ႔။ အားမငယ္ပါနဲ႔။ မေၾကာက္ပါနဲ႔။ တစ္ခုလပ္လဲ လူပဲ အပ်ိဳလူပ်ိဳလဲ လူပဲ။ လူဟာ အခြင့္အေရး အားလံုး အတူတူ ရၿပီးသားေတြပါ။ အဲ့ဒီလို သူကေတာ့ အပ်ိိဳမို႔ သူကေတာ့ တစ္ခုလပ္မို႔ ဆိုၿပီး ခြဲျခားခ်င္သူေတြကိုလဲ စိတ္မဆိုးပါနဲ႔။ သူတို႔ရဲ႕ မျပည့္ဝမႈ စိတ္ဓာတ္ေသးသိမ္မႈကို သိလိုက္ရတဲ့အတြက္ ကိုယ့္အတြက္ အက်ိဳးအျမတ္ ရလိုက္တာပါ။ ကိုယ္ကိုယ္တိုင္လဲ သူမ်ားကို မခြဲျခားမိေအာင္ ႀကိဳးစားပါ။ ကိုယ့္ကံေကာင္းေနေသးလို႔ ကိုယ့္အိမ္ေထာင္ၿမဲေနေသးတာပါ။ သူမ်ား ကံမေကာင္းတာ၊ သူမ်ားအိမ္ေထာင္ပ်က္စီးသြားတာကို ပါးစပ္အရသာခံၿပီးေနတာ လူ႔အႏၶေတြရဲ႔ လုပ္ရပ္ပါ။ အပ်ိဳဘဝဟာ တန္ဖိုးထားသင့္တဲ့ဘဝပါ။ ဒါေပမဲ့ တစ္ခုလပ္ျဖစ္လို႔လဲ သူ႔ရဲ့ စိတ္ဓာတ္နဲ႔ အရည္အခ်င္း ကိုယ္ရည္ကိုယ္ေသြးေတြ က်သြားတာ မဟုတ္ပါဘူး။

ညီမေလး ရဲရဲရပ္တည္ပါ။ ေတာ္ရံုအမ်ိဳးသမီးတစ္ေယာက္ ရပ္တည္ဖို႔ မရဲတဲ့ တစ္ခုလပ္ Single Mother ဘဝကို ရဲရဲရင္ဆိုင္ပါ။ တစ္ခုလပ္ျဖစ္ေနလို႔ဆိုၿပီး အျပစ္တင္တဲ့ ေယာက်္ားတစ္ေယာက္ဟာ ညီမေလးေလာက္ သတၱိမရွိလို႔ပါ။ တစ္ခုလပ္ျဖစ္တာဟာ လူတကာေစာ္ကားဖို႔ မဟုတ္တဲ့အတြက္ ဘာကိုပဲျဖစ္ျဖစ္ ကိုယ့္ဘဝကို ကိုယ္တိုင္ ရိုးရိုးသားသားသား ရဲရဲရင့္ရင့္ ရင္ဆိုင္ပါ။ အရြဲ႔တိုက္ဖို႔ မလိုပါဘူး။ ကိုယ့္လမ္း ကိုယ္ေလွ်ာက္ဖို႔ပဲ လိုပါတယ္။

ေက်းဇူးျပဳၿပီး တစ္ခုလပ္ဆိုတာ ထူးဆန္းေသာ ၿဂိဳလ္သားမဟုတ္ဘူးဆိုတာ သိေပးပါ .. အိမ္ေထာင္တစ္ခုကို ေရရွည္ထိန္းသိမ္းႏိုင္တာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အရည္အခ်င္းတစ္ခု မွန္ပါတယ္။ သို႔ေသာ္ ေရြးခ်ယ္ခြင့္ မရွိေတာ့လို႔ ကိုယ့္ဆႏၵမပါဘဲ တစ္ခုလပ္ျဖစ္ရတဲ့ မိန္းကေလးေတြဟာ နိမ့္က်တဲ့ လူတန္းစားတစ္ရပ္ မဟုတ္တဲ့အတြက္ ခြဲျခားဆက္ဆံတာမ်ိဳး မလုပ္ၾကပါနဲ႔၊ မေစာ္ကားပါနဲ႔၊ သူ႔ဘဝ ျပန္လည္ရပ္တည္ ရွင္သန္ႏိုင္ေအာင္ ကူညီေပးပါ။ မကူညီႏိုင္ရင္ေတာင္ ထိုးမခ်ပါနဲ႔၊ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ခ်ိန္မွာ ကိုယ္တိုင္လဲ တစ္ခုလပ္ ျဖစ္သြားႏိုင္လို႔ပါ။

Kyaw Thida Aung
yangonlife မွ ကူးယူေဖာ္ျပသည္။
Credit: www.myanmarkidworld.com

#Unicode Version
“အမ  သမီး တစ်ခုလပ်ဘဝနဲ့ အဆင်ပြေပါ့မလား”
“အမ သမီး တစ်ခုလပ် မဖြစ်ချင်ဘူး”
“အမ သမီး သူမရှိလို့ မဖြစ်ဘူး ကလေးတွေကိုလည်း အဖေ မရှိဘဲ အားငယ်မှာ စိုးတယ်”
“အမ သမီး ဘာမှ လုပ်စားတတ်တာ မဟုတ်ဘူး”

ကိုယ် ငယ်ငယ်တုန်းက နယ်မြို့လေးမှာ ကြီးပြင်းခဲ့ရတယ် ရှေးရိုးကျတဲ့ မိသားစုမှာ ပေါက်ဖွားခဲ့ရတယ်။ “မိန်းကလေးဆိုတာ ဘယ်လိုနေရတယ် ဘယ်လိုထိုင်ရတယ်။ ဘယ်သူ့သမီးက ဘယ်လိုလူမျိုးနဲ့ရတာ ငါ့သမီးကျရင်တော့ ဘယ်လိုလေး ဖြစ်ရင်ကောင်းမှာ မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ရေးက ဘဝပဲ သူ့တစ်ဘဝလုံးပဲ အပျိုရည်ပျက်တယ်ဆိုတာ ဘယ်လို အပျိုရည်ပျက်ပြီးသား မိန်းကလေးတစ်ယောက်ကို ယောကျ်ားတွေက ဘယ်လိုသဘောထားတယ် တစ်ခုလပ် ဆိုတာ မုဆိုးမ ဆိုတာ .. ဆိုတာ .. ဆိုတာ .. ဆိုတာတွေ အများကြီး ကြားခဲ့ရ နားယဉ်ခဲ့ရ ခေါင်းထဲ ရိုက်သွင်းခံခဲ့ရတယ်။

အဲ့ဒါတွေကို မှားတယ်လို့ မဆိုလိုပါဘူး။ မှန်တာရှိသလို မှားတာလဲရှိပါတယ်။ မှားတယ်ဆိုတဲ့နေရာမှာ လူကြီးတွေကို အပြစ်တင်လို့မရပါဘူး။ တစ်ချို့အရာတွေဟာ ကိုယ့်ရဲ့ နေရာဒေသ ရှေးရိုးစွဲ အယူဝါဒ ဓလေ့ထုံးစံ ကန့်သတ်ချက် ယုံကြည်ချက် ရိုးရာ စတာတွေနဲ့ လက်ခံနိုင်ဖို့ ခက်ခဲတာတွေလဲ ဖြစ်နိုင်တယ်။ လက်ခံနိုင်ဖို့ ခက်ခဲသော်ငြားလဲ ခေတ်အခြေအနေအရ မဖြစ်မနေ လက်ခံရမှာတွေ ရှိသလို တကယ်ကိုပဲ ပိုမို ကောင်းမွန်လာစေဖို့ ပြောင်းလဲဖို့လဲ လိုအပ်ပါတယ်။

နှစ်ပေါင်းများစွာ အတူနေကြည့်၊ ကလေးတွေ ဘာတွေရမှ အဆင်ပြေပြီထင်လို့ လက်ထပ်ကြတဲ့ အလေ့အထရှိတဲ့ လူ့အခွင့်အရေး အပြည့်အဝရတဲ့၊ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ အနောက်နိုင်ငံတွေမှာတောင်မှ အဆင်မပြေတဲ့အခါ ကွဲကွာခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရပါတယ်။

သို့သော် သူတို့ဆီမှာ အိမ်ထောင်ကွဲတာသည် ကဲ့ရဲ့ရှုတ်ချစရာ မဟုတ်ဘူး။ အမျိုးသမီးတွေကို ပိုပြီးတောင် နေရာပေး ဆက်ဆံကြတယ်။ Single Mother တွေဆို ပိုပြီး အခွင့်အရေးပေးကြတယ်။ စောင့်ရှောက်ကြတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ခွင့်ကို လေးစား လိုက်နာကြတယ်။ ကိုယ်တွေ နိုင်ငံမှာတော့ အိမ်ထောင်ကွဲဆိုတာ ကဲ့ရဲ့ စရာ မေးငေါ့ ပြစ်တင် အတင်းဆိုစရာဖြစ်နေတယ်။ ဘာလဲဆိုတော့ အပေါ်မှာ ပြောခဲ့သလိုပဲ “မိန်းကလေး ဆိုတာနဲ့ စတဲ့ ကန့်သတ်ချက်တွေ သတ်မှတ်ချက်တွေကြောင့်ပဲ အိမ်ထောင်တစ်ခု ကွဲကွာကြရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။

အများဆုံးကတော့ ယောကျ်ားဖောက်ပြန်လို့ပေါ့လေ၊ နောက်ပြီးတော့ မိသားစုကြောင့် ပိုက်ဆံ မရှာနိုင်လို့၊  အရက်သောက်လို့၊ ဆေးသုံးလို့ စသဖြင့်ပေါ့၊ အကြောင်းအရာတွေ အများကြီးပါပဲ။ ဆိုတော့ အကြောင်းကြောင်းကြောင့် အိမ်ထောင်တစ်ခု ပြိုကွဲသွားတယ် ဆိုပါတော့ ကိုယ့်လူမျိုးတွေရဲ့ အမြင်ဟာ တစ်ခုလပ်ယောကျာ်းနဲ့ တစ်ခုလပ်မိန်းမအပေါ် လုံးဝကွဲပြားခြားနားနေပါတယ်။ တစ်ခုလပ်ခြင်း အတူတူပဲလေ၊ ယောကျ်ားတစ်ခုလပ်ကြတော့ လူပျိုလို နေလိုက်သွားလိုက် စားလိုက် မိန်းကလေး တစ်ခုလပ်ကြတော့ အပျိုထက် ပိုပြီး ကန့်သတ်ချက်တွေ များလာတယ်။ နည်းနည်းများ ပြင်မိဆင်မိရင် “ဟင်း တစ်ခုလပ်က အပျိုရှုံးအောင် ပြင်နေတယ်။ နောက်လင် လိုချင်နေလား နန့်လိုက်တာ” (ကန်တော့ပါနော်) စသဖြင့် ကဲ့ရဲ့ မေးငေါ့ကြ အတင်းပြောကြတယ်။ အဲ့ဒါ မိန်းမအချင်းချင်းတွေပဲ၊ ယောကျ်ားတွေက အဲ့လိုတော့ အတင်း မပြောကြပါဘူး။ အတွင်းစိတ်ကနေပဲ (ကန်တော့ပါရဲ့) “ဒီမိန်းမ ယောကျ်ားနဲ့ ဝေးနေတာကြာတော့ ဘလာ ဘလာ ဘလာ”

မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ပြုမယ်ဆိုကတည်းက တစ်ချိန်မှာတော့ ငါဟာ တစ်ခုလပ်ဖြစ်ရမယ်ဟေ့၊ A plan တော့ ယောကျ်ားယူပြီးပြီ B plan အနေနဲ့တော့ ကွဲတဲ့ကွာတဲ့အခါ ဘာလုပ်မယ် ညာလုပ်မယ်ဟေ့ လို့ရယ်တော့ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာမှ ဘယ်လိုအမျိုးသမီးကမှ ရည်ရွယ်ထားတာ မရှိခဲ့ကြပါဘူး။ ဘယ်သူမှ တစ်ချိန်မှာ (သေကွဲ ကလွဲလို့) ကွဲကွာကြဖို့ ပေါင်းစည်းခဲ့ကြတာ မဟုတ်ပါဘူး။ ဒီလိုပဲ ဘယ်အမျိုးကောင်းသမီးကမှ တည်ဆောက်ပြီးသား အိမ်ထောင်တစ်ခုကို ရော့ အင့် ဆိုပြီး လွယ်လွယ်လေး မပစ်လိုက်ချင်ကြပါဘူး။ အပြင်လူ မသိနိုင်လောက်အောင် အတွင်းထဲမှာ သူ အစွမ်းရှိသမျှ ကြိုးစားခဲ့ပါလိမ့်မယ်။

သူ့ရင်ထဲမှာ ပူနေတဲ့အပူဟာ ဘယ်အပူမှ နှိုင်းလို့မရအောင် ပူလောင်နေပါလိမ့်မယ်။ ဒါကို အပြင်လူတွေအနေနဲ့ မကူညီနိုင်သည့်တိုင်အောင် ကဲ့ရဲ့ပြစ်တင်တာ ရှုံ့ချတာ မလုပ်သင့်ပါဘူး။ သူ့ရဲ့ ရွေးချယ်မှုကို လေးစားရပါမယ်။ သူ့ကို ဖေးမပေးရပါမယ်။ ကွဲကွာမှု တစ်ခုမှာ သူ့အပြစ်ကြောင့် ဖြစ်နိုင်သလို သူ့အပြစ် တစ်စုံတရာ မပါရှိဘဲ ဖြစ်သွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ခုလပ်ဆိုတာ မိန်းမ အချင်းချင်းရဲ့ ကဲ့ရဲ့စရာ လှောင်ပြောင်စရာ အတင်းပြောစရာ ယောကျ်ားတွေရဲ့ သွေးတိုးစမ်းစရာ မဟုတ်ဘူး ဆိုတာ သိစေချင်တယ်။

အကြောင်းမလှလို့ တစ်ခုလပ်ဘဝကို ရွေးချယ်လိုက်ရတဲ့ ရောက်ခဲ့ရတဲ့ အမျိုးကောင်းသမီးလေးတွေအနေနဲ့လည်း ငါ့မှာ တစ်ခုလပ် ဖြစ်ရလေခြင်းလို့ ဝမ်းမနည်းပါနဲ့။ အားမငယ်ပါနဲ့။ မကြောက်ပါနဲ့။ တစ်ခုလပ်လဲ လူပဲ အပျိုလူပျိုလဲ လူပဲ။ လူဟာ အခွင့်အရေး အားလုံး အတူတူ ရပြီးသားတွေပါ။ အဲ့ဒီလို သူကတော့ အပျိုမို့ သူကတော့ တစ်ခုလပ်မို့ ဆိုပြီး ခွဲခြားချင်သူတွေကိုလဲ စိတ်မဆိုးပါနဲ့။ သူတို့ရဲ့ မပြည့်ဝမှု စိတ်ဓာတ်သေးသိမ်မှုကို သိလိုက်ရတဲ့အတွက် ကိုယ့်အတွက် အကျိုးအမြတ် ရလိုက်တာပါ။ ကိုယ်ကိုယ်တိုင်လဲ သူများကို မခွဲခြားမိအောင် ကြိုးစားပါ။ ကိုယ့်ကံကောင်းနေသေးလို့ ကိုယ့်အိမ်ထောင်မြဲနေသေးတာပါ။ သူများ ကံမကောင်းတာ၊ သူများအိမ်ထောင်ပျက်စီးသွားတာကို ပါးစပ်အရသာခံပြီးနေတာ လူ့အန္ဓတွေရဲ့ လုပ်ရပ်ပါ။ အပျိုဘဝဟာ တန်ဖိုးထားသင့်တဲ့ဘဝပါ။ ဒါပေမဲ့ တစ်ခုလပ်ဖြစ်လို့လဲ သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း ကိုယ်ရည်ကိုယ်သွေးတွေ ကျသွားတာ မဟုတ်ပါဘူး။

ညီမလေး ရဲရဲရပ်တည်ပါ။ တော်ရုံအမျိုးသမီးတစ်ယောက် ရပ်တည်ဖို့ မရဲတဲ့ တစ်ခုလပ် Single Mother ဘဝကို ရဲရဲရင်ဆိုင်ပါ။ တစ်ခုလပ်ဖြစ်နေလို့ဆိုပြီး အပြစ်တင်တဲ့ ယောကျ်ားတစ်ယောက်ဟာ ညီမလေးလောက် သတ္တိမရှိလို့ပါ။ တစ်ခုလပ်ဖြစ်တာဟာ လူတကာစော်ကားဖို့ မဟုတ်တဲ့အတွက် ဘာကိုပဲဖြစ်ဖြစ် ကိုယ့်ဘဝကို ကိုယ်တိုင် ရိုးရိုးသားသားသား ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။ အရွဲ့တိုက်ဖို့ မလိုပါဘူး။ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ပဲ လိုပါတယ်။

ကျေးဇူးပြုပြီး တစ်ခုလပ်ဆိုတာ ထူးဆန်းသော ဂြိုလ်သားမဟုတ်ဘူးဆိုတာ သိပေးပါ .. အိမ်ထောင်တစ်ခုကို ရေရှည်ထိန်းသိမ်းနိုင်တာ အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းတစ်ခု မှန်ပါတယ်။ သို့သော် ရွေးချယ်ခွင့် မရှိတော့လို့ ကိုယ့်ဆန္ဒမပါဘဲ တစ်ခုလပ်ဖြစ်ရတဲ့ မိန်းကလေးတွေဟာ နိမ့်ကျတဲ့ လူတန်းစားတစ်ရပ် မဟုတ်တဲ့အတွက် ခွဲခြားဆက်ဆံတာမျိုး မလုပ်ကြပါနဲ့၊ မစော်ကားပါနဲ့၊ သူ့ဘဝ ပြန်လည်ရပ်တည် ရှင်သန်နိုင်အောင် ကူညီပေးပါ။ မကူညီနိုင်ရင်တောင် ထိုးမချပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်မှာ ကိုယ်တိုင်လဲ တစ်ခုလပ် ဖြစ်သွားနိုင်လို့ပါ။

Kyaw Thida Aung
yangonlife မှ ကူးယူဖော်ပြသည်။
Credit: www.myanmarkidworld.com